ရာသီကုန်ချိန်ထိ မန်ယူအသင်း ဆက် တိုက်ပွဲဝင်သွားမယ့် ရည်မှန်းချက် ၂ခုအား ဖာနန်ဒက်စ် ကြွေးကြော်

အက်စတွန်ဗီလာ နဲ့ ပွဲမှာ မန်ယူအတွက် အနိုင်ဂိုး သွင်းပေးခဲ့တဲ့ ကွင်းလယ် ကစားသမား ဘရူနို ဖာနန်ဒက်စ် က ချန်ပီယံလိဂ် ဝင်ခွင့် အပြင် အက်ဖ်အေဖလား ကို သိမ်းပိုက်ဖို့ အသင်းက ရည်မှန်းထားကြောင်း ပြောဆိုလိုက်ပတါယ်။

မန်ချက်စတာ ယူနိုက်တက်ဟာ အမှတ်ပေးလိဂ်မှာ စပါး၊ ဗီလာ၊ လီဗာပူးတို့ အနောက်က ဖိအားပေးတာတွေကို ကျော်လွှားဖို့ ကြိုးစားနေရပေမယ့် နောက်ထပ် ၂ ပွဲလောက် အနိုင်ရတာနဲ့တင် ချန်ပီယံလိဂ်ဝင်ခွင့် သေချာတော့မှာပါ။ အဲ့တာပြီးရင် မန်ချက်စတာ ဒါဘီပြိုင်ဘက် မန်စီးတီးနဲ့ အက်ဖ်အေဖလား အပြိုင်လုပ်ဖို့ ရည်မှန်းနေပါတယ်။

(Read More နှိပ်ပြီး သတင်းကို အဆုံးထိ ဆက်လက် ဖတ်ရှုနိုင်ပါတယ်။)

ဖာနန်ဒက်စ်က ” ကျနော်တို့က ပွဲကိုနိုင်ဖို့ အမြဲတမ်း အစွမ်းကုန် ကြိုးစားပါတယ်။ အမြဲတမ်းတော့ မဖြစ်နိုင်ပေမယ့် ပွဲကို အနိုင်ရဖို့ အသင်းက အမြဲတမ်း ကြိုးစားအားထုတ်ပါတယ်။

ဒီအသင်းအတွက် ပွဲတွေကို အနိုင်ရဖို့က အမြဲတမ်း အရေးကြီးပါတယ်။ ပြိုင်ဘက်က ဘယ်သူဆိုတာက အရေး မကြီးပါဘူး။ ကျနော်တို့က နောက်ဆုံး ကစားထားတဲ့ ၁၀ ပွဲကို အရေးနိမ့်ထားခြင်း မရှိတဲ့ အသင်းကောင်း တစ်သင်းကို ရင်ဆိုင်ကစားပြီး အနိုင်ယူခဲ့တာ ဖြစ်ပါတယ်။ ကျနော်တို့ ပွဲကို အနိုင်ယူနိုင်တယ်ဆိုတာ သိပါတယ်။

ကျနော်တို့ လေ့ကျင့်ထားတဲ့ အတိုင်းပဲ အနိုင်ယူခဲ့တယ်။ ဂိုးတွေ ပိုသွင်းနိုင်ပေမယ့် ၁-၀ ရလဒ်နဲ့ အနိုင်ရပြီး ၃ မှတ် ရတာကို ကျေနပ်ပါတယ်။ ကျနော်တို့အတွက် အဆင့် ၄ ဝင်ခွင့်ရဖို့ အရေးကြီးပါတယ်။ ပြီးရင်တော့ ဆုဖလားတေ တွက် စဉ်းစားရမှာပါ။

ကျနော်တို့ အင်အားဖြည့်တင်ပြီး အဆင့် ၄ ဝင်အောင်လုပ်မယ်၊ အက်ဖ်အေဖလား အနိုင်ယူပါမယ် ” လို့ ကြွေးကြော် သွားတာ ဖြစ်ပါတယ်။

မန်ချက်စတာ ယူနိုက်တက်ဟာ ဒီရာသီမှာ ကာရာဘောင်းဖလား အနိုင်ရထားပြီဖြစ်ကာ အက်ဖ်အေဖလား အနိုင်ရမယ်ဆိုရင် တန်ဟက်ရဲ့ အဖွင့်ရာသီက သိပ်ကောင်းသွားမှာပဲ ဖြစ်ပါတယ်။