ဒုက္ခပင်လယ်ဝေနေတဲ့ အသင်းဖော်ဟောင်း မန်ယူဂန္တဝင်ကြီးကို စိတ်ကောင်းရှိစွာ ကူညီပေးနေတဲ့ ရက်ဖို့ဒ်
စိတ်ကောင်း နှလုံးကောင်း ရှိတဲ့ မန်ယူ တိုက်စစ်မှုး မားကပ် ရက်ရှ်ဖို့ဒ်ဟာ ဒေဝါလီခံလိုက်ရလို့ ဒုက္ခ ပင်လယ်ဝေကာ အခက်အခဲ ဖြစ်နေတဲ့ မန်ယူဂန္ထဝင်ဟောင်းတစ်ယောက်ကို ကူညီပေးခဲ့ကြောင်း The Sun သတင်းစာက ဖော်ပြလိုက်ပါတယ်။
အသက် ၄၃ နှစ်အရွယ် မန်ယူနောက်ခံလူဟောင်း ဝက်စ်ဘရောင်းဟာ လုပ်ငန်းအရှုံးပေါ်ပြီး ပေါင်သန်းနဲ့ချီ အကြွေးတင်နေလို့ ဒေဝါလီခံလိုက်ရတာပါ။
(Read More နှိပ်ပြီး သတင်းကို အဆုံးထိ ဆက်လက် ဖတ်ရှုနိုင်ပါတယ်။)

ဝက်စ်ဘရောင်းဟာ အိမ်ခြံမြေ အရောင်းအဝယ်တွေမှာ သန်းပေါင်းများစွာ အရှုံးပေါ်ခဲ့ပါတယ်။ အဲဒီအတွက် အကြွေးတွေတင်နေတာကြောင့်လည်း လူမွဲစာရင်းအကြေညာခံလိုက်တာပါ။
စီးပွားရေးမှာ အနိမ့်ဆုံး ရောက်သွားတဲ့ ဝက်စ်ဘရောင်းဟာ အိမ်ထောင်ရေးလည်း အဆင်မပြေလို့ သူနဲ့ကလေး ၃ ယောက်ရထားတဲ့ ဇနီးဖြစ်သူနဲ့ ကွာရှင်းခဲ့ရပါတယ်။
ဒီလိုဒုက္ခရောက်နေတဲ့ ဝက်စ်ဘရောင်းကို ဝိန်းရွန်နီနဲ့ မိုက်ကယ်ကာရစ်တို့အပါအဝင် အသင်းဖော်ဟောင်းတွေက ဝိုင်းဝန်း ကူညီပေးနေကြတာပါ။
အခုလည်း မန်ယူရဲ့ဒီရာသီ ဂိုးသွင်းစက် ရက်ရှ်ဖို့ဒ်က သူပိုင် တန်ဖိုးကြီးအိမ်တွေထဲက တစ်ခုကို သက်သာတဲ့ဈေးနဲ့ ဝက်စ်ဘရောင်း နေနိုင်အောင် ငှားရမ်းပေးထားပါတယ်။
ဝက်စ်ဘရောင်းဟာ မန်ယူ အကယ်ဒမီထွက်ဖြစ်ပြီး ကလပ်မှာ ၁၉ နှစ်ကြာ ကျင်လည်ခဲ့ကာ ၂၆၂ ပွဲကစားပေးပြီး အသင်းနဲ့အတူ အဓိက ဆုဖလားပေါင်း ၁၁ ခုရရှိခဲ့တာပါ။
အင်္ဂလန်အတွက်လည်း ၂၃ ပွဲကစားပေးဖူးတဲ့ ဝက်စ်ဘရောင်းဟာ မန်ယူကထွက်ပြီးနောက် ဆန်းဒါးလန်၊ ဘလက်ဘန်း တို့ အပြင် အိန္ဒိယက ကီရာလာအသင်းမှာလည်း လာကစားဖူးပါတယ်။