မန်ယူ – မန်စီးတီးပွဲ ဘယ်လို ရလဒ်တွေထွက်နိုင်လဲ ခန့်မှန်းတွက်ထုတ်ထားတဲ့ စူပါကွန်ပျူတာ
စနေနေ့ ညမှာ ယှဉ်ပြိုင်ကစားသွားမယ့် မန်ယူနဲ့ မန်စီးတီးတို့ မန်ချက်စတာ ဒါဘီပွဲစဉ်မှာ ဘယ်လို ရလဒ်တွေ ထွက်လာနိုင်သလဲ ဆိုတာကို နာမည်ကျော်စူပါကွန်ပျူတာကတော့ အခုလို သုံးသပ် ခန့်မှန်းထားခဲ့ပါတယ်။

စူပါကွန်ပျူတာ ကတော့ နောက်ဆုံး ၆ ပွဲ မှာ ၂ပွဲ အထိ လွဲချော် ထား ပြီးတော့ လွဲချော်ထားတဲ့ နှစ် ပွဲ ကလည်း ပြီး ခဲ့ တဲ့ နောက်ဆုံး နှစ် ပွဲ ဖြစ်တဲ့ စပါး နဲ့ပွဲနဲ့ အတ္တလန္တာ တို့ နဲ့ ပွဲ တွေဖြစ်တာ ကြောင့် ယခု မန်စီးတီး နဲ့ ပွဲ မှာလည်း ထပ် မံ မှားဦး မလား ဆို တာ ကို စောင့်ကြည့်ချင်စရာ ဖြစ်နေပါတယ်။
ဒီတစ်ခါ မန်စီးတီး နဲ့ ပွဲ စဉ်မှာ တော့ စူပါကွန်ပျုတာက ယူနိုက်တက် အနေနဲ့ အနိုင်ရလဒ် ရဖို့ တော့ ရုန်းကန် သွားရ နိုင် တယ်လို့ ဆို သွားခဲ့ ပြီး အနိုင်ရဖို့ ၂၈ ရာခိုင်နှုန်းသာ ရှိတယ်လို့ ဆိုကာ သရေ ကျဖို့ ရာနှုန်း မှာ များနေတယ်လို့ ဆို သွားခဲ့ပါတယ်။
ယူနိုက်တက် ဟာ လာမယ့် စနေနေ့ည ၇ နာရီ မှာ မန်စီးတီး အသင်း နဲ့ အိမ်ကွင်း အိုးထရက်ဖိုဒ့် မှာ မန်ချက်စတာ ဒါဘီ ပွဲ စဉ်ကို ရင်ဆိုင် ကစားရမှာ လည်း ဖြစ်ပါတယ်။

ZG
စေနေန႔ ညမွာ ယွဥ္ၿပိဳင္ကစားသြားမယ့္ မန္ယူနဲ႕ မန္စီးတီးတို႔ မန္ခ်က္စတာ ဒါဘီပြဲစဥ္မွာ ဘယ္လို ရလဒ္ေတြ ထြက္လာနိုင္သလဲ ဆိုတာကို နာမည္ေက်ာ္စူပါကြန္ပ်ဴတာကေတာ့ အခုလို သုံးသပ္ ခန္႔မွန္းထားခဲ့ပါတယ္။
စူပါကြန္ပ်ဴတာ ကေတာ့ ေနာက္ဆုံး ၆ ပြဲ မွာ ၂ပြဲ အထိ လြဲေခ်ာ္ ထား ၿပီးေတာ့ လြဲေခ်ာ္ထားတဲ့ ႏွစ္ ပြဲ ကလည္း ၿပီး ခဲ့ တဲ့ ေနာက္ဆုံး ႏွစ္ ပြဲ ျဖစ္တဲ့ စပါး နဲ႔ပြဲနဲ႔ အတၱလႏၱာ တို႔ နဲ႔ ပြဲ ေတြျဖစ္တာ ေၾကာင့္ ယခု မန္စီးတီး နဲ႔ ပြဲ မွာလည္း ထပ္ မံ မွားဦး မလား ဆို တာ ကို ေစာင့္ၾကည့္ခ်င္စရာ ျဖစ္ေနပါတယ္။
ဒီတစ္ခါ မန္စီးတီး နဲ႔ ပြဲ စဥ္မွာ ေတာ့ စူပါကြန္ပ်ဳတာက ယူႏိုက္တက္ အေနနဲ႔ အႏိုင္ရလဒ္ ရဖို႔ ေတာ့ ႐ုန္းကန္ သြားရ ႏိုင္ တယ္လို႔ ဆို သြားခဲ့ ၿပီး အႏိုင္ရဖို႔ ၂၈ ရာခိုင္ႏႈန္းသာ ရွိတယ္လို႔ ဆိုကာ သေရ က်ဖို႔ ရာႏႈန္း မွာ မ်ားေနတယ္လို႔ ဆို သြားခဲ့ပါတယ္။
ယူႏိုက္တက္ ဟာ လာမယ့္ စေနေန႔ည ၇ နာရီ မွာ မန္စီးတီး အသင္း နဲ႔ အိမ္ကြင္း အိုးထရက္ဖိုဒ့္ မွာ မန္ခ်က္စတာ ဒါဘီ ပြဲ စဥ္ကို ရင္ဆိုင္ ကစားရမွာ လည္း ျဖစ္ပါတယ္။