လာမယ့် ဘရိုက်တန်နဲ့ ပွဲမှာ မန်ယူ အတွက် ကြပ်တည်းမယ့် ဒိုင်လူကြီး ပြန်ကိုင်မည်
မန်ချက်စတာ ယူနိုက်တက် ဟာ လာမယ့်ကြာသပတေးညမှာ ဘရိုက်တန်နဲ့ အသင်းနဲ့ ကန်ရမယ့် ခက်ခဲမယ့် ပရီးမီးယားလိဂ် အဝေးကွင်းပွဲစဉ် ရှိနေပါတယ်။ အဲဒီပွဲကို တာဝန်ပေးထားတဲ့ ဒိုင်လူကြီးကြောင့် မန်ယူအတွက် ပိုပြီးတော့တောင် ခက်ခဲမယ့်ပုံပါ။
ဘရိုက်တန်ကွင်းမှာ ကန်ရမယ့် အဲဒီပွဲကို ဒိုင်လူကြီး အန်ဒရီမာရင်နာက တာဝန်ယူသွားမှာ ဖြစ်ပါတယ်။ မာရင်နာဟာ ပြီးခဲ့တဲ့ဖေဖော်ဝါရီအစောပိုင်းက ပဲလေ့စ်နဲ့အိမ်ကွင်းပွဲမှာ တာဝန်ယူခဲ့ပြီးနောက်ပိုင်း မန်ယူပွဲတစ်ပွဲကို ပထမဆုံးအကြိမ် ပြန် ကိုင်တွယ်တာပါ။
သူ တာဝန်ယူခဲ့တဲ့ နောက်ဆုံးမန်ယူပွဲကလည်း အားလုံး မှတ်မှတ်ရရ ဖြစ်သွားခဲ့ပါတယ်။
(Read More နှိပ်ပြီး သတင်းကို အဆုံးထိ ဆက်လက် ဖတ်ရှုနိုင်ပါတယ်။)

အဲဒီတုန်းက နှစ်ဖက် ကစားသမားတွေရဲ့ ရုန်းရင်းဆန်ခတ်မှုမှာ ကက်စမဲရိုးက ပြိုင်ဘက်ကစားသမားရဲ့လည်ပင်းကို ညှစ်တယ်ဆိုပြီး မာရင်နာက ဘရာဇီးသားကို တိုက်ရိုက်အနီကတ်နဲ့ ထုတ်ခဲ့တာပါ။
ကက်စမဲရိုးက ပြိုင်ဘက်လည်ပင်းကို ကိုင်ခဲ့တာမှန်ပေမယ့် အဲဒီအခိုက်အတန့် အပြီးမှာ နှစ်ဦးသားရယ်ရယ်မောမောနဲ့မို့ မာရင်နာရဲ့အနီကတ်ဟာ အငြင်းပွားဖွယ်လည်း ဖြစ်ခဲ့ပါတယ်။
အဲဒီအနီကတ်ကြောင့်လည်း ကက်စမဲရိုးဟာ ၃ ပွဲပယ်ပြစ်ဒဏ်ချခံခဲ့ရတာပါ။ အဲဒီပဲလေ့စ်နဲ့ပွဲဟာ ဒီရာသီမှာ မာရင်နာ ကိုင်တွယ်ခဲ့တဲ့ တစ်ပွဲတည်းသော မန်ယူပွဲဖြစ်ပါတယ်။
ပြီးခဲ့တဲ့အပတ်ကလည်း မန်စီးတီးက ဂရီယာလစ်ရှ်ဟာ ကက်စမဲရိုးလို အပြုအမူမျိုးလုပ်ခဲ့ပေမယ့် အဝါကတ်တောင် အပြမခံခဲ့ရပါဘူး။
လာမယ့် ဘရိုက်တန်နဲ့ ပွဲမှာလည်း မန်ချက်စတာ ယူနိုက်တက် အနေနဲ့ ဘယ်လို ခက်ခဲမှုတွေ ရင်ဆိုင်ရဦးမလဲ ဆိုတာ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။