ဘရိုက်တန်ကို ပင်နယ်တီနဲ့ ရှုံးတဲ့ ပွဲမှာ ဒိုင်လူကြီး အပေါ် မကျေနပ်မှုတွေ ပွဲပြီးတာနဲ့ တန်ဟက် ဖွင့်ချ

မန်ချက်စတာ ယူနိုက်တက်နည်းပြ အဲရစ်တန်ဟက်ခ်က ဘရိုက်တန်ကို အဝေးကွင်းမှာ နောက်ဆုံးမိနစ်မှ ပင်နယ်တီပေးပြီး ၁-၀ နဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲက ဒိုင်ရဲ့ ဆုံးဖြတ်ချက်တွေ အတော် စိတ်တိုစရာကောင်းကြောင်း ပွဲအပြီးမှာ ဖွင့်ဟပြောကြားခဲ့ပါတယ်။

ဒီပွဲရဲ့ နောက်ဆုံးမိနစ်မှာမှ လုခ်ရှော လက်ထိခဲ့တာကြောင့် ယူနိုက်တက်တို့ ပင်နယ်တီပေးခဲ့ရပြီး ဒီပင်နယ်တီကို မက်အယ်လစ္စတာက ကန်သွင်းခဲ့ပါတယ်။

(Read More နှိပ်ပြီး သတင်းကို အဆုံးထိ ဆက်လက် ဖတ်ရှုနိုင်ပါတယ်။)

ယူနိုက်တက်နည်းပြ တန်ဟက်ခ်အတွက်ကတော့ သူ့ရဲ့ ဒီရာသီ ပထမဆုံး ပရီးမီးယားလိဂ်ပွဲဦးထွက်မှာ ဘရိုက်တန်ကိုပဲ အိမ်ကွင်းမှာ ရှုံးနိမ့်ခဲ့သလို အခု ဒုတိယအ‌ကျော့ အဝေးကွင်းမှာလည်း ထပ်မံရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။

ပွဲအပြီးမှာ တန်ဟက်ခ်က “ပထမပိုင်းပွဲကစားချိန်တွေက အပေါင်းလက္ခဏာဆောင်တယ်လို့ ထင်ပါတယ်။ ကျွန်တော်တို့ အခွင့်အရေးကောင်းတွေကို ဖန်တီးနိုင်ခဲ့ပါတယ်။ ဒါပေမယ့် လုံလောက်တဲ့ စွမ်းဆောင်ရည်မျိုး မရှိခဲ့ပါဘူး။ နောက်ဆုံး ကျတော့ ကျွန်တော်တို့ အဝေးကွင်းမှာ ဂိုးပေးလိုက်ရပါတယ်”

“ဒါက စိတ်တိုစရာကောင်းပါတယ်။ ဘာကြောင့်လဲဆိုတော့ ခင်ဗျားရဲ့ အခွင့်အရေးကောင်းတွေကို အသုံးမချနိုင်ဘူးဆိုရင် ခင်ဗျားရှုံးနိမ့်မှာပါပဲ။ အရင်ဆုံး စိတ်တိုစရာက ထောင့်ကန်ဘောမပေးခင် ဖရီးကစ်ပါ။ ဒါက ဘယ်တော့မှ ပေးသင့်တဲ့ အရာမျိုး မဟုတ်ပါဘူး။ ကျွန်တော် ဒီနေ့မှာ ဆိုးရွားတဲ့ ဖျက်ထုတ်မှုတွေကို မြင်တွေ့ခဲ့ရပါတယ်။”

“တစ်ခါတလေမှာတော့ ဒါတွေကို ပြစ်ဒဏ်ဘောတောင် မပေးပါဘူး။ ဖရီးကစ်ပေးရတယ်၊ ပြီးတော့ ထောင့်ကန်ဘော၊ ပြီးလည်း ပြီးရော စိတ်ပျက်စရာ လက်ထိဘောဖြစ်သွားပါတယ်။ ဒါက နောက်ဆုံးမိနစ်၊ သေရေးရှင်ရေး မိနစ်မှာပါ။ ဒီတော့ ခင်ဗျား ဘယ်လိုမှ ပြန်ပြီး တုံ့ပြန်ဖို့ အချိန်မရှိတော့ပါဘူး” လို့ စိတ်ပျက်လက်ပျက်နဲ့ ပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။