မာရှယ် အလိုက်ပေး ခေါ်မယ့် တိုက်စစ်မှုး၊ FA ဒဏ်ရိုက်ခြင်း၊ တန်ဟက်နဲ့ လုခ်ရှောတို့ မကျေနပ်မှုနဲ့ နောက်ဆုံးရ မန်ယူ သတင်းများ
မနေ့ညက ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ ဘရိုက်တန် အသင်းဟာ မန်ချက်စတာ ယူနိုက်တက် အသင်းကို ၁-၀ နဲ့ အနိုင် ရပြီး အက်ဖ်အေ ဖလား ဆီမီးဖိုင်နယ် က ရှုံးကြွေးကို ပြန်ဆပ် နိုင်ခဲ့ ပါတယ် ။
မန်ယူ နောက်ခံလူ လုခ်ရှော ကတော့ သူ့ရဲ့ လက်ထိဘောဟာ မိုက်မဲရာကျပေမယ့် အသင်းရဲ့ အဆုံးသတ် အားနည်းမှုတွေဟာ သူတို့ အခုလို ရှုံးနိမ့်ရမှု ရဲ့ အကြောင်းအရင်း ဖြစ်တယ်လို့ ဆိုလာခဲ့ ပါတယ်။

မန်ချက်စတာ ယူနိုက်တက် အသင်း နည်းပြ အဲရစ် တန်ဟတ် ဟာ မနေ့ညက ပွဲကို ကိုင်တွယ် ခဲ့တဲ့ ဒိုင်လူကြီး အန်ဒရီ မာရီနာ အပေါ် ဝေဖန် ပြောဆိုခဲ့ ပါတယ်။ တန်ဟတ် ကတော့ ထောင့်ကန်ဘော ကို ဖြစ်လာစေမယ့် ပြစ်ဒဏ်ဘော ဟာ ခွင့်မပြု သင့်တဲ့ အရာ ဖြစ်တယ်လို့ ဝေဖန် ပြောဆိုခဲ့ပါတယ်။
မန်ယူက အသင်းမှာ အလိုအပ်ဆုံး နေရာဖြစ်သော တိုက်စစ်နေရာကို အင်အားဖြည့်တင်းဖို့အတွက် အင်တာမီလန် တိုက်စစ် ကစားသမားမာတီနက်ဇ်ကို ခေါ်ယူသွားချင်နေပြီး ပြောင်းရွှေ့ကြေး ယူရို သန်း(၅၀)အပြင် အသင်းရဲ့ တိုက်စစ်မှူး မာရှယ်ကိုပါ အလိုက်ပေး ကမ်းလှမ်းသွားဖို့ ပြင်ဆင်နေတယ်လို့ အီတလီ သတင်းတွေက ဖော်ပြ လာခဲ့ပါတယ်။
မန်ယူအသင်းကို ဝယ်ယူဖို့ ဈေးတိုးမြင့်ကမ်းလှမ်းထားတဲ့ ရှိတ်ခ် ဂျက်ဆင်ဟာ အကယ်၍ မန်ယူအသင်းကို ဝယ်ယူဖြစ်ခဲ့ပါက ပီအက်စ်ဂျီအသင်းတိုက်စစ်မှူး ဘတ်ပေကို အရခေါ်ယူသွားဖို့ ကြိုတင် စီစဉ်ထားကြောင်း သတင်းရရှိပါတယ်။
မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဇန်နဝါရီလ တုန်းက စတုတ်စီးတီး နဲ့ ကစားခဲ့တဲ့ FA Youth Cup ပွဲစဉ်က ခိုက်ရန် ဖြစ်ပွားမှု အတွက် ပေါင် ၇၅၀၀ ဒဏ်ငွေ ပေးဆောင်ဖို့ FA က အမိန့်ချမှတ်ခဲ့တယ်လို့ သိရှိရ ပါတယ်။
အငှား လာ ကစားနေတဲ့ ဆာဘစ်ဇာကတော့ မန်ချက်စတာ ယူနိုက်တက်နဲ့ အပြီးသတ်စာချုပ် ချုပ်ဆိုချင်တဲ့ပုံပေါက်နေပြီး ဘိုင်ယန်မြူးနစ်အပါအဝင် သူ့ရဲ့အသင်းဟောင်းတွေထက် မန်ယူက ကြီးကျယ်ခမ်းနားတဲ့ ကလပ်ဖြစ်တယ်လို့ ပြောကြား လိုက်ပါတယ်။