ပစ်မှတ် တူရကီ ခံစစ်မှုး၊ အိုဒွိုင်း၊ ချာလိုဘတ်၊ ကိုးမန်းကို ချိန်ရွယ်ခြင်းနဲ့ ချဲလ်ဆီး သတင်းတိုများ

ချဲလ်ဆီးအသင်းဟာ ဘိုင်ယန်မြူးနစ် တောင်ပံကစားသမား ကိုးမန်းကို ခေါ်ယူဖို့ ကြိုးပမ်းလျက် ရှိနေပါတယ်။ ဘိုင်ယန်အနေနဲ့ ကိုးမန်းကို ပေါင် ၄၈ သန်းရရင် ရောင်းချသွားမှာ ဖြစ်ပါတယ်။

ဝါရင့်နည်းပြကြီး ဆမ်အလာဒွိုက်စ်ကတော့ ချဲလ်ဆီး နည်းပြဟောင်း ဖရန့် လမ်းပတ်ကို နယူးကာဆယ် အသင်းအား ကိုင်တွယ်ဖို့ တိုက်တွန်းခဲ့ပါတယ်။

အင်္ဂလန်နည်းပြဆောက်ဂိတ်ကတော့ ချဲလ်ဆီး တောင်ပံကစားသမား အိုဒွိုင်းကို လက်ရွေးစင်မှာ ရွေးချယ်ခဲ့ခြင်း မရှိတာနဲ့ ပတ်သက်ပြီး အိုဒွိုင်းအနေနဲ့ လက်ရွေးစင်ထက်စာရင် ယူ-၂၁ အသင်းမှာ ကစားတာက ပိုပြီးခြေစွမ်းပြနိုင်မဲ့ အခွင့်အရေးဖြစ်ကြောင်း ဖွင့်ဟခဲ့ပါတယ်။

တူရကီကလပ် ဖီနာဘာချီနောက်ခံလူ အက်တယ်လေ ဇလိုင်း ကို ခေါ်ယူလိုတဲ့အသင်းတွေထဲ ချဲလ်ဆီး လည်း ပါဝင်လာခဲ့ပြီ ဖြစ်ပါတယ်။ ၂၃ နှစ်အရွယ်ကစားသမားကို လက်စတာနဲ့ ဝက်စ်ဟမ်းတို့ကလည်း ချိတ်ဆက်နေပြီးချဲလ်ဆီးက သူ့ကို ပေါင် ၁၇ သန်း ပေးချေသွားမှာပါ။

ချဲလ်ဆီး နောက်ခံလူ ချာလိုဘတ်ချ်က သူ့အနေနဲ့ အသင်းနဲ့ စာချုပ်သစ် တိုးမြှင့်ချုပ်ဆိုနိုင်မှုအပေါ် ဝမ်းမြောက်မိကြောင်း၊ သူဟာ ရာသီကြိုမှာ နည်းပြရဲ့လေးစားမှုကို ရရှိအောင်ပြုလုပ်ခဲ့ရကြောင်း၊ သူ့အနေနဲ့ ထိပ်တန်းအဆင့်မှာ ခြေစွမ်းတည်ငြိမ်မှုရှိဖို့ လိုအပ်ကြောင်း ဖွင့်ဟခဲ့ပါတယ်။

ချဲလ်ဆီးလေ့ကျင့်ရေးကွင်းမှာ ကွင်းလယ်လူတွေဖြစ်ကြတဲ့ ဂျော်ဂျင်ဟိုနဲ့ ကန်တီတို့ကို အလေးစားဆုံး ဖြစ်ကြကြောင်း၊ သူတို့နှစ်ယောက်ဟာ အသင်းသားတွေ အပေါ်လွှမ်းမိုးမှုရှိကြောင်း ချဲလ်ဆီးဂိုးသမား ဘယ်တင် နယ်လီက ဆိုခဲ့ပါတယ်။

ဘန်လေနည်းပြ ဒိုက်ချီကတော့ ချဲလ်ဆီးနည်းပြတူချယ်ကို သတိပေးခဲ့ပြီး သူတို့အနေနဲ့ ချဲလ်ဆီးကို အိပ်မက်ဆိုးတွေ ပေးစွမ်းနိုင်ချေရှိကြောင်း၊ သူတို့အနေနဲ့ ချဲလ်ဆီးနဲ့ပွဲမှာ အစွမ်းကုန် ကြိုးပမ်းသွားမှာ ဖြစ်ကြောင်း ပွဲကြိုမှာ သတိပေးလိုက်ပါတယ်။