မိုယက်စ် ဖန်ပါ၊ သူ့ကို အထင်ကြီးမိသူပါလို့ ဝက်စ်ဟမ်းနဲ့ ပွဲမတိုင်ခင် ဖွင့်ဟပြောလာတဲ့ တန်ဟက်

မန်ချက်စတာ ယူနိုက်တက် နည်းပြ တန်ဟက်က ဝက်စ်ဟမ်း နည်းပြ ဒေးဗစ် မိုယက်စ် က ၎င်းအကြိုက်တွေ့ရတဲ့ နည်းပြထဲ ပါဝင်နေပြီး မိမိကိုယ်တိုင်ကလည်း မိုယက်စ် ပရိသတ်တစ်ယောက်ပါဆိုပြီး ချီးကျူးပြောဆိုသွားခဲ့ပါတယ်။

ဆာအဲလက်စ် ဖာဂူဆန် အနားယူသွားပြီးနောက် ယူနိုက်တက် နည်းပြ ရာထူးကို လက်ခံတဲ့ မိုယက်စ်ရဲ့ ရဲရင့်မှုကို တန်ဟက်က သဘောကျတာ ဖြစ်ပြီး စကော့သားဟာ ထူးချွန်မှု များစွာ ရှိတဲ့ မန်နေဂျာကောင်း တစ်ဦး ဖြစ်တယ်လို့ ယူဆနေပါတယ်။

(Read More နှိပ်ပြီး သတင်းကို အဆုံးထိ ဆက်လက် ဖတ်ရှုနိုင်ပါတယ်။)

တန်ဟက်ဟာ ယူနိုက်တက် စ ရောက်လာပြီးတည်းက မိုယက်စ် ထက် နှစ်ဆသာအောင် စွမ်းဆောင်ထားပြီးသားပါ။ ဒီရာသီ အက်ဖ်အေ ပွဲမှာ တစ်ကြိမ်၊ ပရီးမီးယားလိဂ်မှာ တစ်ကြိမ်နဲ့ မန်ချက်စတာမှာ ဝက်စ်ဟမ်းနဲ့ နှစ်ကြိမ် တွေ့ဆုံရာမှာလည်း နိုင်ပွဲတွေ ရယူထားပါတယ်။

” ဆာအဲလက်စ် အနားယူသွားတဲ့ အချိန် သူ့နေရာ ကို ဆက်ခံဖို့ ဆိုတာ သိပ်ကြီးတဲ့ စိန်ခေါ်မှုပါ။ တကယ်လည်း ခက်ခဲတဲ့ အလုပ် တစ်ခု ဖြစ်တယ်။ ဒါကို သူ (မိုယက်စ်) လုပ်ခဲ့တယ်။ ဒီတာဝန် ကို ယူဖို့ သူ ရဲရင့်မှု ရှိတယ်။

ဒါကြောင့်ပဲ သူ့ကို ကျနော် အတော် အထင်ကြီး လေးစားမိတာပါ။ နောက်ပြီး ပရီးမီးယားလိဂ်မှာလည်း ကလပ်တွေ တော်တော် များများနဲ့ သူ ကာလကြာ လက်တွဲနေခဲ့တာပါ။ ဒီတော့ သူက ထူးချွန်မှုတွေ ရှိတဲ့ မန်နေဂျာကောင်း တစ်ယောက် ဖြစ်တယ်။

ဒီ တနင်္ဂနွေနေ့မှာ ကျနော့် အသင်းက အကောင်းဆုံး ဖြစ်နေမှ ရမယ် ဆိုတာ သိပါတယ်။ ကိုယ့် အကောင်းဆုံး အတိုင်းအတာ ကို အမြင့်ဆုံး ထုတ်မှ လိုချင်တဲ့ရလဒ် ရမှာပါ၊ လိုချင်တာတော့ နိုင်ပွဲပေါ့။ ” လို့ တန်ဟက်က ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ဝက်စ်ဟမ်းအသင်းနည်းပြ မိုရက်စ်ကတော့ မန်ယူအသင်းနဲ့ ကစားမယ့်ပွဲစဉ်မှာ ယခုရာသီ ပထမဆုံးအကြိမ် အသင်းကြီးတွေဆီက ရမှတ် ၃ မှတ်ပြည့်ရယူဖို့ မျှော်လင့်ထားကြောင်း ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။