ကာတာအုပ်စုက မန်ယူပိုင်ရှင်သစ်တွေ ဖြစ်လာရင်တောင် ဈေးကွက်ထဲ ထင်တိုင်း ကြမ်းခွင့်ရဦးမှာ မဟုတ်

မန်ချက်စတာ ယူနိုက်တက်ကို တကယ့် မီဂါ သူဌေး သူကြွယ်ကြီးတွေဖြစ်တဲ့ ကာတာအုပ်စု ဘက်က ဝယ်ယူနိုင် ခဲ့ရင်တောင် ဒီနွေမှာ ကလပ်အတွက် အသုံးစရိတ် ပေါင် သန်း ၁၀၀ ထက် ပိုထုတ်ပေးလို့ မရဘူးလို့ သိရပါတယ်။

မနှစ်တုန်းက ဂလေဇာမိသားစုဟာ ယူနိုက်တက်ကို အပြီးသတ် ရောင်းချမှု ဒါမှမဟုတ် ရှယ်ယာအများစု လက်လွဲှ ရောင်းချမှု ပြုလုပ်မယ်လို့ ကြေညာခဲ့တယ်။ ပြီးခဲ့တဲ့ သောကြာနေ့ဟာ ရှိတ်ဂျက်ဆင်နဲ့ ဆာဂျင်မ် ရက်ကလစ်ဖ်တို့တွေ နောက်ဆုံး ကမ်းလှမ်းမှု ပြုလုပ်ရမယ့် ရက်ပဲ ဖြစ်ပါတယ်။

(Read More နှိပ်ပြီး သတင်းကို အဆုံးထိ ဆက်လက် ဖတ်ရှုနိုင်ပါတယ်။)

ပိုင်ရှင်သစ်တွေ ရောက်လာခဲ့ရင် လိုချင်တဲ့ နွေအသုံးစရိတ် ရနိုင်မလား မေးခွန်းကို နည်းပြတန်ဟက်က ” မသိပါဘူး၊ ကျနော် မသိထားဘူး။ ပိုင်ရှင် လွဲပြောင်းရေး ကိစ္စတွေမှာ ကျနော် ပါဝင် ပတ်သက်ခြင်း မရှိဘူး။ ကျနော် မသိသလို နားလည်း မလည်ပါဘူး။

ကျနော်သိတာက ယူနိုက်တက်ဟာ အကြီးကျယ်ဆုံး ကလပ်တွေထဲက တစ်သင်းပါ။ ကမ္ဘာပေါ်မှာ အင်အားအကြီးဆုံး ပရိသတ်ထု ပိုင်ဆိုင်ထားတဲ့ ကလပ် ၂ သင်းထဲက တစ်သင်းတောင် ဖြစ်မယ် ထင်ပါတယ်။ ဒီတော့ ချန်ပီယံလိဂ်နဲ့ ပရီးမီးယားလိဂ်လို ပြိုင်ပွဲကြီးတွေကို စိန်ခေါ်နိုင်ဖို့ လိုပါတယ်။

ဘောလုံးမှာ ဆုဖလားစိန်ခေါ်မယ့် လူစာရင်း တည်ဆောက်ဖို့ဆိုရင် အသုံးစရိတ် လိုပါတယ်။ အဆုံးမှာတော့ ကိုယ့်အသင်း အောင်မြင်မလား မအောင်မြင်ဘူးလား ဆိုတာကို ကိုယ်ပိုင်ဆိုင်ထားတဲ့ ကစားသမားအပေါ် မူတည်ပါတယ်။ ကစားသမားကောင်းတွေ ခေါ်ယူဖို့က ဈေးကြီးပေးရပါတယ်။ ဒါကို လူတိုင်း သိပါတယ် ‘ လို့ ဖြေထာခဲ့တာပါ။

The Athletic က ဖော်ပြရာမှာ ဘယ်သူတွေပဲ ယူနိုက်တက် ပိုင်ရှင်သစ်ဖြစ်လာလာ FFP စည်းမျဉ်းကြောင့် နည်းပြ တန်ဟက်က အသုံးစရိတ် ကန့်သတ်ခံရမှာဖြစ်တယ်။ လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့် ရခဲ့ရင်တောင် ပိုင်ရှင်သစ်တွေဟာ အသုံးစရိတ် ပေါင် သန်း ၁၀၀ ထက် ပိုထုတ်ပေးလို့ မရပါဘူး။

ဒီနွေမှာ ကစားသမားသစ်တွေအတွက် အသုံးစရိတ် ပိုရဖို့ဆိုရင် နည်းပြတန်ဟက်အတွက် တစ်ခုတည်းသော နည်းလမ်းက လက်ရှိ ကစားသမား အချို့ကို ရောင်းထုတ်ပြီး ငွေကြေး ရှာဖွေဖို့ပဲဖြစ်ပါတယ်။