ဝက်စ်ဟမ်းကို ရှုံးတဲ့ ပွဲမှ မန်ယူနည်းပြ တန်ဟက်ရဲ့ နည်းဗျူဟာ အပြောင်းအလဲကို မကျေနပ် ဝေဖန်မှုများ ရှိနေ
မန်ချက်စတာ ယူနိုက်တက် ပရိသတ်များဟာ ဝက်စ်ဟမ်းကို ရှုံးနိမ့်တဲ့ပွဲစဉ် နည်းပြအဲရစ်တန်ဟက်ရဲ့ နည်းဗျူဟာ အပြောင်းအလဲ ပြုလုပ်မှုအပေါ် ဝေဖန်နေကြပါတယ်။
ယူနိုက်တက်ဟာ တနင်္ဂနွေနေ့တုန်းက လန်ဒန်ကွင်းသို့ သွားရောက်ကာ ဝက်စ်ဟမ်းနဲ့ ကစားခဲ့ရပြီး အဲရစ်တန်ဟက်ဟာ ဝေါက်ဝက်ဟော့စ်ကို ပွဲထွက်ကစားသမားအဖြစ် အသုံးပြုရန် ဆုံးဖြတ်ခဲ့ပါတယ်။
(Read More နှိပ်ပြီး သတင်းကို အဆုံးထိ ဆက်လက် ဖတ်ရှုနိုင်ပါတယ်။)

ဒါပေမဲ့ ဒတ်ချ်တိုက်စစ်မှူးဟာ ကျောနံပါတ် ၉ နေရာတွင် မကစားရဘဲ ကျောနံပါတ် ၁၀ အဖြစ် ကွင်းလယ် ဖန်တီးရှင် နေရာမှာ ကစားသွားပါတယ်။
မားကပ်စ်ရက်ဖို့ဒ်က ဘရူနိုဖာနန်ဒက်စ်နှင့်အတူ ဘယ်ခြမ်းမှ တိုက်စစ်ဆင်ခဲ့ပြီး အန်တိုနီက ညာခြမ်းတိုက်စစ်ကို တာဝန် ယူခဲ့ပါတယ်။
ဒါပေမဲ့လည်း ဝေါက်ဝက်ဟော့စ်ဟာ ကွင်းလယ်ဖန်တီးရှင်အဖြစ် အကောင်းဆုံးကစားနိုင်ခဲ့ခြင်း မရှိပါဘူး။ ပိုဆိုးတာကတော့ အရပ်မြင့်ကစားသမားတစ်ဦးဖြစ်ပေမဲ့လည်း ခေါင်းယှဉ်တိုက်မှုတွင် ပြိုင်ဘက်ကို တစ်ကြိမ်မျှ အသာစီး မရခဲ့ပါဘူး။
ယူနိုက်တက်ပရိသတ်တစ်ဦးက “တန်ဟက်ကို သဘောကျပါတယ်။ ဒါပေမဲ့ ဝက်ဟော့စ်ကို ကျောနံပါတ် ၁၀ နေရာမှာ သုံးတာကိုတော့ သဘောမကျဘူး”လို့ ပြောကြားသွားပါတယ်။
အခြားတစ်ဦးကလည်း “တန်ဟက်ကတော့ တော်တယ်ဟေ့။ ဆယ်ယောက်တည်းနဲ့ ကစားနေရသလိုပဲ။ ဝက်ဟော့စ်ကို သုံးစရာမရတဲ့နေရာမှာ ထားထားတယ်”လို့ ဆိုသွားပါတယ်။
မနေ့ညက ပွဲတွင် ယူနိုက်တက်ဟာ ဒေးဗစ်ဒီဂီယာရဲ့ အမှားကနေ ဂိုးပေးခဲ့ရကာ ၁-၀ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပါတယ်။ ယူနိုက်တက်ဟာ ဝက်စ်ဟမ်းရှုံးပွဲကြောင့် ချန်ပီယံလိဂ်ဝင်ခွင့်ရရှိရေး မရေမရာ ဖြစ်လာခဲ့ပြီ ဖြစ်ပါတယ်။