အရင်က ပွဲကြီးတွေဆို မတိုးနိုင်ခဲ့တဲ့ စီ ရော်နယ်ဒိုက ဆာအဲလက်စ်ကြောင့် ဘယ်လို ပြောင်းလဲခဲ့သလဲ
မန်ချက်စတာ ယူနိက်တက် နည်းပြ တန်ဟက်ဟာ သူ မန်ချက်စတာ ကလပ် ကို ရောက်တာနဲ့ တပည့်ကျော် တိုက်စစ်မှုး အန်တိုနီ ကို ခေါ်ယူဖို့ အသည်းအသန် ကြိုးစားခဲ့တာ ဖြစ်ပါတယ်။
အန်တိုနီ ခုချိန်မှာ မျှော်မှန်းသလောက် အစွမ်းမပြနိုင်သေးမယ့် စီ ရော်နယ်ဒို ကလည်း တချိန်တုန်းက အန်တိုနီ လို ပွဲကြီးမတိုးတဲ့ တိုက်စစ်မှုး ဘဝ ရှိခဲ့သေးပြီး ဆာအဲလက်စ် ဖာဂူဆန်ကြောင့်သာ ပြောင်းလဲလာတာ ဖြစ်တယ်လို့ အီဗရာက ထုတ်ဖော် ပြောဆိုလာပါတယ်။
(Read More နှိပ်ပြီး သတင်းကို အဆုံးထိ ဆက်လက် ဖတ်ရှုနိုင်ပါတယ်။)

အဲရစ်တန်ဟက် ကလည်း ရော်နယ်ဒိုလိုမျိုး ကစားသမားတစ်ယောက်အဖြစ် အန်တိုနီ ပြောင်းလဲလာတာကို စောင့်မျှော်နေပါတယ်။ ရော်နယ်ဒို ကလည်း ကစားသမားဘဝ အစောပိုင်းမှာ အလားတူ ဝေဖန်မှုတွေ ခံခဲ့ရပြီးနောက် သမိုင်းတလျှောက် ဂိုးသွင်း အကောင်းဆုံး ကစားသမားတစ်ယောက်အဖြစ် ပြောင်းလဲသွားခဲ့တာပါ။
ယူနိုက်တက် ဂန္တဝင်နည်းပြကြီးထံကနေ သိပ်ကို မာကျောပြင်းထန်တဲ့ စကားတချို့ ကြားရပြီးမှ ဒီလို အပြောင်းအလဲတွေ ဖြစ်လာခဲ့တယ်လို့ ယူနိုက်တက်နောက်ခံလူဟောင်း ပက်ထရစ် အီဗရာက ဖော်ထုတ်ခဲ့ပါတယ်။
“ဆာအဲလက်စ်ဖာဂူဆန်က ရော်နယ်ဒိုရဲ့ ကစားသမားဘဝအပေါ်မှာ ကြီးမားတဲ့ လွှမ်းမိုးမှု ရှိခဲ့တာပါ။ သူ့ကစားသမား ဘဝမှာ အဆင့်တွေ အများကြီး ရှိခဲ့တယ်။ သူ စတင်တဲ့အချိန်တုန်းက YouTube ကစားသမားတစ်ယောက်လိုပဲ စကေးတွေပဲ အရမ်းပြချင်နေတာ။
ကျွန်တော်တော့ အဲ့လိုခံစားခဲ့ရတာပဲ။ ဖာဂူဆန် သူ့ကို ပညာပေးလိုက်တဲ့တကြိမ်ကို မှတ်မိသေးတယ်။ ချယ်ဆီးနဲ့ ကစားခဲ့တဲ့ ပွဲမှာ သူက ကောင်းကောင်းမလုပ်နိုင်ခဲ့ဘူးလေ။
ဖာဂူဆန်က သူ့ကိုပြောတယ်။ ‘ဘော်လ်တန်၊ ဘလက်ဘန်းတို့ကို ဟက်ထရစ် သွင်းရတာလွယ်တယ်၊ ဒါပေမယ့် ပွဲကြီးတွေကျတော့ ဘာလုပ်နိုင်လို့လဲ’တဲ့။ အဲ့ဒါက ပြင်းထန်ရက်စက်တဲ့ ကြိမ်းမောင်းစကားပဲ။
အဲ့နောက်ပိုင်း ချက်ချင်းဆိုသလို ခရစ္စတီယာနိုက ပွဲကြီးတွေမှာ ဂိုးစသွင်းလာတာ။ သူက မတူညီတဲ့ နောက်ထပ် ကစားသမားတစ်ယောက်လို ဖြစ်သွားတော့တာပဲ”လို့ အီဗရာက ပြောပြခဲ့ပါတယ်။
အီဗရာ မျှော်လင့်ထားသလို အန်တိုနီလည်း ဆရာရင်း ဖြစ်တဲ့ နည်းပြ တန်ဟက်ရဲ့ ဆူပူလမ်းညွှန်မှုတွေ ရမှ တိုးတက် ပြောင်းလဲလာမလား စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။