မန်ယူအသင်း လိုင်းအပ်မှာ သူ လုံးဝ မမြင်ချင်တော့တဲ့ ကစားသမား တစ်ဦးအား ဖာဒီနန် ထုတ်ပြောလာပါပြီ

ပြီးခဲ့တဲ့ ဝက်စ်ဟမ်းနဲ့ပွဲမှာလည်း မဟန်တဲ့ တိုက်စစ်မှူး ဝေါက် ဝဂ်ဟော့စ် ခြေစွမ်းကို မြင်ခဲ့ရတဲ့နေက် မန်ယူ ဂန္တဝင် ရီယို ဖာဒီနန် က စကေး မရှိတဲ့ တိုက်စစ်မှူးဟာ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ နံပါတ် ၁ဝ မှာ ကစားဖို့ ထိုက်တန်မှု မရှိကြောင်း ပြောဆိုလိုက်ပါတယ်။

ဒီပွဲမှာလည်း မန်ချက်စတာ ယူနိုက်တက် အသင်းဟာ အခွင့်အရေးကောင်းတွေ အများကြီးရရှိနိုင်ခဲ့ပေမဲ့ အဆုံးသတ်ပိုင်း ညံ့ခဲ့တဲ့ အတွက် ဂိုးမရနိုင် ဖြစ်ခဲ့ရပါတယ်။ ယူနိုက်တက်တို့ အခုလို ဂိုးရရှိဖို့ရုန်းကန်ရတာက တိုက်စစ်ပိုင်း လိုအပ်ချက် ရှိနေကြောင်း သိသာပေါ်လွင်စေခဲ့ပါတယ်။

(Read More နှိပ်ပြီး သတင်းကို အဆုံးထိ ဆက်လက် ဖတ်ရှုနိုင်ပါတယ်။)

အထူးသဖြင့် မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဒီပွဲရဲ့ အစောပိုင်း ၁၀ မိနစ်မှာ လုံးဝ အသာစီး ရယူ ကစားနိုင်ခဲ့ပေမဲ့ ဂိုးမရနိုင် ဖြစ်ခဲ့ရပြီး အထူးသဖြင့် ပွဲထွက်ခွင့် ရခဲ့တဲ့ တိုက်စစ်မှူး ဝဂ်ဟော့စ် ဟာ ခြေစွမ်းကောင်း ပြနိုင်ဖို့ ရုန်းကန်ခဲ့ရပြန်ပါတယ်။

အခုတော့ ယူနိုက်တက် ဂန္တဝင် ရီယို ဖာဒီနန် က မန်ချက်စတာ ယူနိုက်တက်လို ထိပ်တန်း အသင်းမျိုးရဲ့ တိုက်စစ် နေရာအတွက် သင့်တော်တဲ့တိုက်စစ်မှူး တစ်ဦးအဖြစ် ဝဂ်ဟော့စ် ကို ဘယ်လိုမှ အာရုံမတွေ့ကြောင်း ထုတ်ဖော်ပြောကြား သွားခဲ့လိုက်ပါတယ်။

” မန်ချက်စတာ ယူနိုက်တက်ရဲ့ နံပါတ် ၁၀ နေရာ ၊ ထိပ်တန်း အသင်းတစ်သင်းရဲ့ ကစားသမားအဖြစ် ကျွန်တော် ဝဂ်ဟော့စ် ကို ဘယ်လိုမှ သင့်တော်တယ်လို့ မမြင်မိပါဘူး။ သူ အသင်းအတွက် ပါဝင်ပတ်သက်ပေးနိုင်စွမ်းတွေက ဒီနေရာနဲ့ မထိုက်တန်လှပါဘူး ”

” အကယ်လို့ ကျွန်တော်သာ ဆန်ချို ၊ ဘရူနို ၊ ဂါနာချို နဲ့ မာရှယ်တို့ထဲက တစ်ဦးဦး ဖြစ်နေခဲ့မယ်ဆိုရင် ကျွန်တော့် အရှေ့မှာ သူလို ကစားသမား တစ်ဦး လိုင်းအပ်ပါဝင်လာတာကို မြင်ချင်မှာ မဟုတ်ပါဘူး ။ နံပါတ် ၁၀ ဂျာစီဆိုတာက တစ်စုံတစ်ခုကို ကိုယ်စားပြုတာပါ ”

” နံပါတ် ၁၀ ဆိုတာက ဖန်တီးနိုင်သူ ၊ အရွေ့ ကောင်းမွန်လှသူ ၊ line တွေထဲ ဖြတ်သွား လှုပ်ရှားနိုင်သူ ၊ အသင်းရဲ့ ကစားသမားတွေကို ကစားကွက်ထဲ ဆွဲခေါ်သူ၊ ဂိုးတွေကို သွင်းယူပေးနိုင်သူမျိုးပါပဲ။ သူဟာ အဲ့တာတွေကို လုပ်နိုင်သူ မဟုတ်ပါဘူး ”

” တန်ဟတ် သူ့ကို အသုံးပြုနေတာက သူ့ရဲ့ ကစားအားကြောင့်ပါ။ ဒီပွဲမှာ သူလုပ်ပြနိုင်ခဲ့တဲ့ တစ်ခုတည်းသော အကောင်းဆုံးအရာက ကိုယ့်ဧရိယာထဲ tackle လုပ်နိုင်ခဲ့တာပါပဲ။ တကယ့် နံပါတ် ၁၀ ကစားသမား ဆိုတာက အဲ့ဒါကို ဘယ်လို လုပ်ရသလဲတောင် မသိပါဘူး ”

” သူဟာ ပြိုင်ဖက်ဧရိယာထဲမှာတော့ ဒုက္ခပေး မွှေနှောက်နိုင်သူ လုံးဝ မဖြစ်နိုင်ခဲ့ပါဘူး ။ ပြင်ပကနေ ကြည့်လိုက်ရင်တော့ သူကစားနေတဲ့ ပုံစံဟာ တကယ့်ကို စိတ်ရှုပ်ထွေးစေပါတယ် ” လို့ ဖာဒီနန် က ပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။