ဘရူနိုနဲ့ ဆန်ချို အတွက် အကြံပေးမှု၊ နေမာ၊ အာမက်၊ သဘောတူညီမှု ရသွားတဲ့ ဒီဂီယာနဲ့ နောက်ဆုံးထွက် မန်ယူ သတင်းတိုများ
ဝေဖန်မှုတွေ များစွာ ခံနေရပေမယ့် တိုက်စစ်မှုး ဗက်ဟောက်စ်ကတော့ ၎င်းဟာ ယူနိုက်တက် အတွက် ပိုင်ဆိုင်မှုကောင်း တစ်ခု ဖြစ်ပြီး အပြီးသတ် ခေါ်ယူမယ်ဆိုရင် သူ့ဘက်က လက်မှတ်ထိုးဖို့ အသင့် ရှိကြောင်း ထုတ်ဖော် ပြောဆိုလာပါတယ်။
ပရိသတ်တွေဆီက ဆန္ဒပြမှုတွေကြောင့် နေမာက လာမယ့်နွေမှာ ပီအက်စ်ဂျီကနေ ထွက်ခွာဖို့ လမ်းဖွင့်လိုက်ပြီ ဖြစ်ကြောင်း ESPN သတင်းက ဆိုပါတယ်။ ကာတာ အုပ်စုက မန်ယူအသင်းကို ဝယ်ယူနိုင်ရင် နေမာကို ခေါ်ယူဖို့ ပစ်မှတ်ထားနေတာပါ။
(Read More နှိပ်ပြီး သတင်းကို အဆုံးထိ ဆက်လက် ဖတ်ရှုနိုင်ပါတယ်။)

မန်ယူ ခံစစ်မှူးဟောင်း ပေါလ် ပါကား က ကွင်းထဲမှာ အမြဲလို ညည်းတွားလေ့ ရှိတတ်တဲ့ ကွင်းလယ်လူ ဘရူနို ဖာနန်ဒက်စ်နဲ့ ပတ်သက်လို့ လူတွေရဲ့ အာရုံကို ဖမ်းစားနိုင်ဖို့ လိုအပ်ကြောင်း အကြံပြုခဲ့လိုက်ပါတယ်။
ဒါ့အပြင် ဘရူနို ဖာနန်ဒက်စ် ရဲ့ ပွားတာကို ခံနေခဲ့ရချိန် စိတ်မရှည် ဖြစ်ခဲ့ပြီး ပြန်လည် တုန့်ပြန်ခဲ့တဲ့ တောင်ပံ တိုက်စစ် ကစားသမား ဖြစ်သူ ဂျေဒန် ဆန်ချို အနေနဲ့ ဘရူနို ဟာ အသင်း ခေါင်းဆောင် ဖြစ်တယ်ဆိုတာကို ခေါင်းထဲ ထည့်ထားဖို့ လိုအပ်ကြောင်း ပြောခဲ့လိုက်ပါတယ်။
ဂိုးသမား ဒေးဗစ် ဒီဂီယာက မန်ချက်စတာ ယူနိုက်တက်နဲ့ အတူ သက်တမ်းတိုး စာချုပ်သစ် အတွက် သဘောတူညီမှု ရသွားပြီ ဖြစ်ကြောင်း တယ်လီဂရပ်ဖ် သတင်းဌာနက အခိုင်အမာ ဖော်ပြလာပါတယ်။
ဘရူနို ဖာနန်ဒက်စ်နဲ့ ရက်ဖို့ဒ်တို့ နှစ်ဦးဟာ ဒီရာသီ ပရီးမီးယားလိဂ်မှာ အခြား တိုက်စစ် အတွဲတွေထက် အခွင့်အရေး ပိုမို ဖန်တီးမှု လုပ်ထားပါတယ်။ ၎င်းတို့ နှစ်ဦးပေါင်း အပြန်လှန် ဖန်တီးမှု ၃၆ ကြိမ် ရှိထားပြီး ကိန်းနဲ့ ဆွန်က ၃၅ ကြိမ်၊ ဆာကာနဲ့ အိုဒီဂတ် တို့က ၃၄ ကြိမ် အသီးသီး ရှိထားတာပါ။
ဘရန့်ဖို့ဒ်အသင်းဟာ သူတို့ ဂိုးသမား ဒေးဗစ် ရာယာ ကို မန်ချက်စတာ ယူနိုက်တက်နဲ့ ချယ်ဆီးအသင်းတို့ ပစ်မှတ်ထားနေတာကြောင့် အစားထိုး ပစ်မှတ် ရှာဖွေနေပါတယ်။
မန်ချက်စတာ ယူနိုက်တက်ရဲ့ ဂိုးသမားသစ် ခေါ်ယူရေး အစီအစဉ်ဟာ မန်ချက်စတာ ယူနိုက်တက် ရောင်းချပြီး ပိုင်ရှင် အပြောင်းအလဲ ဖြစ်မယ့် ကိစ္စ နှောင့်နှေးနေတာကြောင့် ပိုမို မှေးမှိန်လာနေပါတယ်။
ယူနိုက်တက် လူငယ်ကြယ်ပွင့်လေး အာမက် ဒီယာလို က နောက်ရာသီမှာလည်း ဆန်းဒါးလန်မှာ ထပ်မံ ကစားလိုကြောင်း ဖွင့်ဟလာပါတယ်။ ဒီယာလို က ဒီရာသီ ချန်ပီယံရှစ်ကလပ်မှာ ကစား ခြေစွမ်းပြနေတာပါ။
ဒီဂီယာက အသင်းမှာ ခက်ခဲတဲ့ ကာလတွေ ကြုံခဲ့ရပေမယ့် အခုချိန်မှာ နည်းပြကောင်း ရထားပြီး အသင်းသားတွေ စုစည်းနေတာကြောင့် ပျော်ရွှင်နေကြောင်း ဆိုလိုက်ပါတယ်။