တန်ဟက် ကျေနပ်မှာ ဖြစ်ပေမယ့် မန်ချက်စတာ ယူနိုက်တက် ပရိသတ်တွေ ဆက် ရင်ပူရဦးမယ့် သတင်း

မန်ချက်စတာယူနိုက်တက် ပရိသတ်တွေ ပျော်မှာ မဟုတ်ပေမယ့် တန်ဟက်တော့ ပျော်ရွှင်ကျေနပ်မယ့် သတင်းကောင်း ရှိနေပြီ ဖြစ်ပါတယ်။

အဲဒါကတော့ ဂိုးသမား ဒေးဗစ်ဒီဂီယာဟာ လုပ်ခလျှော့ယူပြီး စာချုပ်သက်တမ်းတိုးချုပ်ဆိုရန် သဘောတူညီလာခဲ့ပြီ ဖြစ်ပါတယ်။

(Read More နှိပ်ပြီး သတင်းကို အဆုံးထိ ဆက်လက် ဖတ်ရှုနိုင်ပါတယ်။)

ဒီဂီယာရဲ့လက်ရှိစာချုပ်မှာ လာမယ့် ဇွန်လတွင် ကုန်ဆုံးလာမှာ ဖြစ်ပြီး ယခုရာသီတွင် အမှားများစွာ ပြုလုပ်နေမှုနှင့်အတူ အနာဂတ် မရေမရာ ဖြစ်နေခဲ့တာပါ။

ဒါပေမဲ့ တယ်လီဂရပ် အဆိုအရ ဒီဂီယာဟာ ၁၂ နှစ်ကြာ ကစားလာခဲ့တဲ့ ယူနိုက်တက်နှင့် စာချုပ်သက်တမ်း တိုးရန် သဘောတူညီမှု ရရှိသွားပြီ ဖြစ်ကြောင်း သိရပါတယ်။

လက်ရှိအချိန်တွင် တစ်ပတ်လုပ်ခ ပေါင် ၃၇၅၀၀၀ ရရှိနေတဲ့ ဒီဂီယာဟာ စာချုပ်သစ်တွင် ပေါင် ၁၇၅၀၀၀ တည်းသာ ရရှိလာပါမယ်။ ဒါပေမဲ့ သူဟာ လက်စွမ်းပြမှု၊ အောင်မြင်မှုအပေါ် မူတည်ပြီး အပိုဆုကြေးများ ရရှိလာပါမယ်။

အသက် ၃၂ နှစ်ရှိ ဒီဂီယာဟာ ဝက်စ်ဟမ်းကို ၁-၀ ဂိုးဖြင့် ရှုံးနိမ့်တဲ့ပွဲစဉ်မှ ပေးခဲ့ရတဲ့ ဂိုးအတွက် ဝေဖန်မှုများ ကြုံခဲ့ရသူလည်း ဖြစ်ပါတယ်။

ယူနိုက်တက်ဟာ ယင်းရှုံးပွဲကြောင့် အဆင့် ၅ နေရာမှ လီဗာပူးကို ၁ မှတ်တည်းသာ ဖြတ်ထားနိုင်တော့ကာ ချန်ပီယံလိဂ် ဝင်ခွင့် ရရှိရေး မရေမရာ ဖြစ်လာပြီ ဖြစ်ပါတယ်။

ပရီးမီးယားလိဂ် အသင်းကြီးတွေထဲမှာ လက်စွမ်း အကျဆုံး ဖြစ်လာနေတဲ့ ဒီဂီယာကို မန်ယူ သက်တမ်း တိုးလိုက်တာက ဂိုးသမားသစ် ဝယ်မယ့် စရိတ် သက်သာပြီး တိုက်စစ်မှုး စိတ်ကြိုက် ခေါ်နိုင်မယ့် တန်ဟက် အတွက် သတင်းကောင်း ဆိုပေမယ့် ပရိသတ်တွေတော့ သိပ် စိတ်တိုင်းကျမှာ မဟုတ်တဲ့ သတင်း ဖြစ်လာနေပါတယ်။