ကိုးမန်းကို ထုတ်ပြီးတာတောင် ပေးရမယ့် လျော်ကြေး ဈေးဆစ်၊ အရစ်ကျ ပေးချင်နေတဲ့ ဘာစီလိုနာ

ဘာစီလိုနာအသင်းဟာ ဟာ နည်းပြ ရော်နယ်ကိုးမန်းကို ရာထူးက ထုတ်ပယ်ခဲ့ပြီးနောက် ပေးချေရမယ့် လျော်ကြေးအတွက် လက်ရှိ အချိန်ထိ ညှိနှိုင်းနေဆဲလို့ သိရှိရပါတယ်။

ဗယ်လက်ကာနိုကို အဝေးကွင်းမှာ ရှုံးနိမ့်ပြီးတဲ့နောက် ဘာစီလိုနာတို့ ရော်နယ်ကိုးမန်းကို ထုတ်ပယ်ခဲ့တာ ဖြစ်ပြီး လက်ရှိအချိန်ထိ လျော်ကြေးကိစ္စ အဆင်မပြေသေးပါဘူး။

အကြောင်းရင်းကတော့ ရော်နယ်ကိုးမန်းအနေနဲ့ သူရရှိရမယ့် လျော်ကြေးကို အပြည့်အဝလိုချင်နေပြီး ဘာစီလိုနာက ဈေးဆစ်နေတာကြောင့်ပါ။ ဘာစီလိုနာအနေနဲ့ ယူရို (၇.၅) သန်းကို နှစ်ရစ်ခွဲ ပေးချေဖို့နဲ့ လျှော့ယူပေးဖို့ ပြောပေမယ့် ရော်နယ်ကိုးမန်းက တစ်ခါတည်း အပြည့်အဝနဲ့အလုံးအရင်း ပေးဖို့ တောင်းဆိုနေပါတယ်။

ဒါ့အပြင် သူ ရရှိဖို့ကျန်တဲ့ အပိုဆုကြေး ယူရို (၁၂) သန်းကိုပါ ရော်နယ်ကိုးမန်းက တစ်ပါတည်း တောင်းဆိုထားတာပါ။ ရော်နယ်ကိုးမန်းနဲ့ နီးစပ်တဲ့ ဂျာနယ်လစ်တစ်ယောက်ကတော့ အခြေအနေကို အခုလို ဖော်ထုတ်ခဲ့ပါတယ်။

“ ကိုးမန်းကက လျော်ကြေးကို တစ်လုံးတည်းပဲ လိုချင်နေပါတယ်။ ယူရို (၁၂) သန်းပါ။ ဒါပေမယ့် ဒီ ပမာဏ က သူ့ရဲ့ နည်းပြအဖွဲ့တစ်ဖွဲ့လုံးအတွက်လား ဒါမှမဟုတ် ရော်နယ်ကိုးမန်း တစ်ယောက်တည်း အတွက်လား ကျွန်တော် မသိပါဘူး။

ပထမဆုံး ညှိနှိုင်းတုန်းက ဘာစီလိုနာဘက်က ယူရို (၇) သန်း ဒါမှမဟုတ် (၈) သန်းလောက်ပဲ ယူဖို့ ညှိပါသေးတယ်။ ဒါပေမယ့် အဆင်မပြေပါဘူး” လို့ ပြောကြားသွားခဲ့ပါတယ်။

ဘာစီလိုနာဟာ ရော်နယ်ကိုးမန်းကို ရာထူးက ထုတ်ပယ်ပြီးနောက် အသင်းရဲ့ဂန္တဝင်ကစားသမားဟောင်း ဇာဗီကို နည်းပြသစ်အဖြစ် ခန့်အပ်ဖို့ ကြိုးစားနေပါတယ်။

ZG

ဘာစီလိုနာအသင္းဟာ ဟာ နည္းျပ ေရာ္နယ္ကိုးမန္းကို ရာထူးက ထုတ္ပယ္ခဲ့ၿပီးေနာက္ ေပးေခ်ရမယ့္ ေလ်ာ္ေၾကးအတြက္ လက္ရွိ အခ်ိန္ထိ ညႇိႏႈိင္းေနဆဲလို႔ သိရွိရပါတယ္။

ဗယ္လက္ကာႏိုကို အေဝးကြင္းမွာ ရႈံးနိမ့္ၿပီးတဲ့ေနာက္ ဘာစီလိုနာတို႔ ေရာ္နယ္ကိုးမန္းကို ထုတ္ပယ္ခဲ့တာ ျဖစ္ၿပီး လက္ရွိအခ်ိန္ထိ ေလ်ာ္ေၾကးကိစၥ အဆင္မေျပေသးပါဘူး။

အေၾကာင္းရင္းကေတာ့ ေရာ္နယ္ကိုးမန္းအေနနဲ႔ သူရရွိရမယ့္ ေလ်ာ္ေၾကးကို အျပည့္အဝလိုခ်င္ေနၿပီး ဘာစီလိုနာက ေစ်းဆစ္ေနတာေၾကာင့္ပါ။ ဘာစီလိုနာအေနနဲ႔ ယူ႐ို (၇.၅) သန္းကို ႏွစ္ရစ္ခြဲ ေပးေခ်ဖို႔နဲ႔ ေလွ်ာ့ယူေပးဖို႔ ေျပာေပမယ့္ ေရာ္နယ္ကိုးမန္းက တစ္ခါတည္း အျပည့္အဝနဲ႔အလုံးအရင္း ေပးဖို႔ ေတာင္းဆိုေနပါတယ္။

ဒါ့အျပင္ သူ ရရွိဖို႔က်န္တဲ့ အပိုဆုေၾကး ယူ႐ို (၁၂) သန္းကိုပါ ေရာ္နယ္ကိုးမန္းက တစ္ပါတည္း ေတာင္းဆိုထားတာပါ။ ေရာ္နယ္ကိုးမန္းနဲ႔ နီးစပ္တဲ့ ဂ်ာနယ္လစ္တစ္ေယာက္ကေတာ့ အေျခအေနကို အခုလို ေဖာ္ထုတ္ခဲ့ပါတယ္။

“ ကိုးမန္းကက ေလ်ာ္ေၾကးကို တစ္လံုးတည္းပဲ လိုခ်င္ေနပါတယ္။ ယူ႐ို (၁၂) သန္းပါ။ ဒါေပမယ့္ ဒီ ပမာဏ က သူ႔ရဲ႕ နည္းျပအဖြဲ႕တစ္ဖြဲ႕လုံးအတြက္လား ဒါမွမဟုတ္ ေရာ္နယ္ကိုးမန္း တစ္ေယာက္တည္း အတြက္လား ကြၽန္ေတာ္ မသိပါဘူး။

ပထမဆုံး ညႇိႏႈိင္းတုန္းက ဘာစီလိုနာဘက္က ယူ႐ို (၇) သန္း ဒါမွမဟုတ္ (၈) သန္းေလာက္ပဲ ယူဖို႔ ညႇိပါေသးတယ္။ ဒါေပမယ့္ အဆင္မေျပပါဘူး” လို႔ ေျပာၾကားသြားခဲ့ပါတယ္။

ဘာစီလိုနာဟာ ေရာ္နယ္ကိုးမန္းကို ရာထူးက ထုတ္ပယ္ၿပီးေနာက္ အသင္းရဲ႕ဂႏၲဝင္ကစားသမားေဟာင္း ဇာဗီကို နည္းျပသစ္အျဖစ္ ခန္႔အပ္ဖို႔ ၾကိဳးစားေနပါတယ္။