မန်ယူကို ဘယ်သူ့ ရောင်းမလဲ ဝယ်လက် ရွေးလိုက်ပြီ ဖြစ်တဲ့ ဂလေဇာ မိသားစု၊ နောက်ဆက်တွဲ ရှိဦးမယ့် ၃ နှစ် ကိစ္စ
မန်ချက်စတာ ယူနိုက်တက် အသင်းပိုင်ရှင် ဂလေဇာမိသားစုဟာ သူတို့ နှစ်သက်တဲ့ ဝယ်လက်ကို ရွေးချယ်လိုက်ပြီး တဲ့နောက် အသင်းကို လွှဲပြောင်းပေးရေး ကိစ္စတွေ အထ မြောက်တော့မယ်လို့ သိရပါတယ်။
အိုးလ်ထရက်ဖို့ဒ် အခြေစိုက် ကလပ်ကို အပြတ်ဝယ်ဖို့အတွက် ကာတာ ဘဏ်လုပ်ငန်းရှင် သူဌေးကြီး ရှိတ်ဂျာဆင်နဲ့ ဗြိတိန် စီးပွားရေးလုပ်ငန်းရှင် ရက်ကလစ်ဖ်တို့က အပြိုင်ကမ်းလှမ်းခဲ့ကြပြီး ၃ ကြိမ်အထိကို တရားဝင် စင်ပြိုင်ကမ်းလှမ်းခဲ့ကြတာဖြစ်ပါတယ်။
(Read More နှိပ်ပြီး သတင်းကို အဆုံးထိ ဆက်လက် ဖတ်ရှုနိုင်ပါတယ်။)

ဒါပေမဲ့ လက်ရှိမှာတော့ ဂလေဇာအသင်း ပူးတွဲဥက္ကဋ္ဌ တာဝန်ကို ယူထားကြတဲ့ ဂျိုး ဂလေဇာနဲ့ အေဗရမ် ဂလေဇာတို့ဟာ သူတို့နှစ်သက်တဲ့ ဝယ်လက်ကို ရွေးလိုက်ပြီဖြစ်ပြီး သူကတော့ မန်ယူပရိသတ်ဖြစ်တဲ့ ရက်ကလစ်ဖ်ဖြစ်တယ်လို့ The Sun သတင်းစာက ရေးသားဖော်ပြပါတယ်။
ဒီကိစ္စကိုလည်း အရောင်းအဝယ် ဖြစ်မြောက်ရေးအတွက် ကြားဝင်ညှိနှိုင်းပေးတဲ့ အမေရိကန် အခြေစိုက် Raine Group က တရားဝင် ထုတ်ပြန်ကြေညာဖို့ ရှိနေပါပြီ။
အသင်းကို တစ်လုံး တည်း တစ်ခဲတည်း အပြတ်လိုချင်နေတဲ့ ကာတာ ဘဏ်လုပ်ငန်းရှင် သူဌေး ကြီးထက် ရှယ်ယာအများစုကိုပဲ ထိန်းချုပ်လိုတဲ့ ဗြိတိန်စီးပွားရေးလုပ်ငန်းရှင် ရက်ကလစ်ဖ်ကို ရောင်းဖို့ ဂလေဇာမိသားစုက ရွေးချယ်ခဲ့တာဖြစ်တယ်လို့လည်း အိုးလ်ထရက်ဖို့ဒ် အတွင်းသတင်းတစ်ရပ်က ပြောပါတယ်။
The Sun သတင်းဝက်ဘ်ဆိုက်ရဲ့ အကျဉ်းချုံး ဖော်ပြချက်အရတော့ ကာတာဘဏ်သူဌေးဟာ မန်ယူအတွက် ပေါင် ၅ ဘီလီယံ တန်ဖိုးဖြတ် အပြတ်ဝယ်တာဖြစ်ပြီး ရက်ကလစ်ဖ်ကတော့ ဂလေဇာမိသားစု တောင်းဆိုတဲ့ ပေါင် ၆ ဘီလီယံ ခေါ် ဈေးကို တန်ဖိုးသင့်ပြီးတဲ့နောက် ရှယ်ယာ ၅၀ ရာခိုင်နှုန်းကို ဝယ်ယူမှာ ဖြစ်တယ်လို့ သိရပါတယ်။
ဒီအခြေအနေမှာ အိပ်မက်ကဇာတ်ရုံရဲ့ ရှယ်ယာ အများစုကို ဗြိတိန်စီးပွားရေးလုပ်ငန်းရှင်က ပိုင်ဆိုင်မှာဖြစ်ပြီး ဂလေဇာ မိသားစုဝင်တွေနဲ့ ညီအစ်ကို မောင်နှမတွေကတော့ သူတို့ရဲ့ ရှယ်ယာတွေကို ဆက် ပြီး ထိန်းထားခွင့် ရမှာပဲ ဖြစ်ပါတယ်။
တစ်ဖက်မှာတော့ မန်ယူအသင်း အမာ ခံပရိသတ်တွေဟာ ဂလေဇာမိသားစုကို အိုးလ်ထရက်ဖို့ဒ်ကနေ အပြီး ထွက်သွားစေဖို့ ဆန္ဒရှိနေပေမဲ့လည်း ဒီကိစ္စဟာ ချက်ချင်းကြီး လုပ်လို့မရတဲ့ သဘောရှိနေပါတယ်။
ဒါကြောင့် အိုးလ်ထရက်ဖို့ဒ်ရဲ့ အကြီးအကဲရာထူးကို ရက်ကလစ်ဖ်တစ်ယောက် တာဝန်ယူပြီး ၃ နှစ်လောက်ကြာတဲ့အထိ ဂလေဇာ မိသားစုကို ဆက်မြင်နေရဦးမယ်လို့ သိရပါတယ်။
အဲဒီနောက်ပိုင်းကျမှပဲ အသင်းကို အလုံးစုံ လွှဲပြောင်းရယူရေး ကိစ္စတွေ ဆုံးခန်းတိုင်မယ်လို့ သိရပါတယ်။