နွေမှာ တိုက်စစ်မှုး တစ်ဦးတင် မဟုတ်ဘဲ နှစ်ဦး တပြိုင်နက်တည်း ခေါ်ဖို့ မန်ယူအသင်း လှုပ်ရှားနေ

မန်ချက်စတာ ယူနိုက်တက်ဟာ လာမယ့်နွေရာသီမှာ စံချိန်တင်ပြောင်းရွှေ့ကြေးသုံးဖို့ ပြင်ဆင်နေကာ တိုက်စစ်မှုးကိုလည်း တစ်ဦးတင် မဟုတ်ဘဲ တခါတည်း နှစ်ယောက် ခေါ်ဖို့ လှုပ်ရှားနေကြောင်း သတင်း ထွက်လာပါတယ်။

တော့တင်ဟမ်တိုက်စစ်မှူး ကိန်း ဟာ နွေရာသီ ယူနိုက်တက်ရဲ့အဓိကပစ်မှတ်အဖြစ် သတ်မှတ်ခံထားရကာ တန်ဟက်က နောက်ထပ် တိုက်စစ်မှူးတစ်ဦးလည်း ခေါ်ယူချင်နေပါတယ်။

(Read More နှိပ်ပြီး သတင်းကို အဆုံးထိ ဆက်လက် ဖတ်ရှုနိုင်ပါတယ်။)

မန်ယူအသင်းဟာ ဘင်ဖီကာတိုက်စစ်မှူး ဂွန်ကာလိုရာမို့စ်နဲ့ တော့တင်ဟမ်တိုက်စစ်မှူး ဟယ်ရီကိန်းတို့ကို ခေါ်ယူဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

ယူနိုက်တက်ကလည်း လာမယ့်ရာသီမှာ အသင်းပိုင်ရှင်အပြောင်းအလဲလုပ်ဖို့ ပြင်ဆင်နေကာ ဆာဂျင်မီရက်ကလစ်ဖ်နဲ့ ဆော်ဒီသူဌေး အယ်လ်တာနီတို့က ဝယ်ယူချင်နေကြပါတယ်။

မယ်ရာသတင်းဌာနရဲ့အဆိုအရ အသက် ၂၁ နှစ်သား ရာမို့စ်ကို ခေါ်ယူဖို့ပြင်ဆင်နေတယ်လို့ ဖော်ပြခဲ့ကာ ဒီရာသီ ဘင်ဖီကာအသင်းအတွက် ပြိုင်ပွဲစုံ ၂၅ ဂိုးအထိ သွင်းယူထားနိုင်ပါတယ်။ နောက်ထပ်သတင်းတွေအရ ယူနိုက်တက်ဟာ ရာမို့စ်ကို ကမ္ဘာ့ဖလားမှာ ဟက်ထရစ်သွင်းကတည်းက စောင့်ကြည့်ခဲ့တာဖြစ်တယ်လို့ ဖော်ပြခဲ့ပါတယ်။

ရာမို့စ်ဟာ ပြီးခဲ့တဲ့နွေရာသီတုန်းက ဒါဝင်နူနက်ဇ် လီဗာပူးကို ပြောင်းပြီးနောက် ဘင်ဖီကာနဲ့ အတူ တောက်ပ လာခဲ့တာဖြစ်ပါတယ်။

ဘင်ဖီကာဘက်ကတော့ သူတို့စတားအတွက် ပေါင်သန်း ၇၀ နဲ့ ၁၀၀ ကြားလောက် လိုချင်နေတယ်လို့ သိရပါတယ်။ အဆိုပါအပြောင်းအရွှေ့ဟာ ပေါ့ဂ်ဘာရဲ့စံချိန်တင် ပြောင်းရွှေ့ကြေးကို ကျော်ဖြတ်ဖို့ များနေပါတယ်။

နယ်သာလန်သားနည်းပြကတော့ တိုက်စစ်မှာ ရက်ရှ်ဖို့ဒ်အပြင် နောက်ထပ်တိုက်စစ်မှူးတွေ ထပ်မံဖြည့်တင်းချင်နေတာ ဖြစ်ပါတယ်။

ကိန်းကိုလည်း ခေါ်ယူဖွယ်ရှိနေပြီး အင်္ဂလန်သားကလည်း လာမယ့်နွေရာသီမှာ အသင်းပြောင်းဖို့ များနေပါတယ်။ ပြီးခဲ့တဲ့လတုန်းက ယူနိုက်တက်ဟာ တော့တင်ဟမ်ချန်ပီယံလိဂ်ဝင်ခွင့်မရခဲ့ရင် ကိန်းကို ခေါ်ယူနိုင်မယ်လို့ ယုံကြည်နေ ပါတယ်။ ကိန်းကို ခေါ်ယူဖို့အတွက် ယူနိုက်တက်ဟာ ရီးရဲလ်၊ ဘိုင်ယန်တို့နဲ့ အားပြိုင်ရဖို့များနေပါတယ်။