မန်ယူမှ မန်ယူ ဖြစ်လာရတဲ့ အကြောင်းကြီး ၅ ချက်ကို ဖော်ထုတ်လာတဲ့ နောက်ခံလူ ဗာရန်း
ပြင်သစ် လက်ရွေးစင် နောက်ခံလူ ဗာရန်း က ၂၀၂၁ နွေမှာ မန်ချက်စတာ ယူနိုက်တက် အသင်းထံ ရွေးချယ် ပြောင်းရွှေ့ ဖြစ်လာတဲ့ အကြောင်းတွေကို လတ်တလော ကလပ်အင်တာဗျူးမှာ ထုတ်ဖော် ပြောဆိုလာခဲ့ပါတယ်။
ဗာရန်း ပြောသွားတဲ့ထဲမှာ အကြောင်း ၅ ချက်ကြောင့် မန်ချက်စတာ ယူနိုက်တက်ထံ ပြောင်းရွှေ့ဖြစ်ခဲ့တာ လို့ ဆိုထားပါတယ်။
(Read More နှိပ်ပြီး သတင်းကို အဆုံးထိ ဆက်လက် ဖတ်ရှုနိုင်ပါတယ်။)

” သိပ်ကောင်းတဲ့ အခိုက်အတန့် ဖြစ်ခဲ့တာပါ။ ဒါက (၁) ကမ္ဘာပေါ်မှာ အကောင်းဆုံး ပရိသတ်တွေ ကို ပိုင်ဆိုင်ထားတဲ့ ကလပ် အသင်းကြီး တစ်သင်း ဖြစ်တယ်။ (၂) ကလပ်ရဲ့ သမိုင်းကြောင်းကလည်း တကယ်ကို စပါယ်ရှယ်ပါပဲ။
အသင်းနဲ့ ပတ်သတ်တဲ့ အရာအားလုံး၊ (၃) စိတ်ဓာတ်ပိုင်း၊ (၄) အတွေးအခေါ်၊ (၅) စိတ်အားထက်သန်မှုတွေက တကယ်ကို ထူးရှယ် ဖြစ်ပြီး တခြားနဲ့ မတူတာပါ။ ” လို့ ဗာရန်းက ထုတ်ဖော် ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
ဗာရန်း ကိုယ်တိုင်လည်း ယူနိုက်တက် ဗဟိုခံစစ်မှာ ခိုင်မာတဲ့ စွမ်းဆောင်ရည်တွေ ပြသနေတာကြောင့် ပရိသတ်တွေ ချစ်ခြင်း ခံရတဲ့ ကစားသမား တစ်ယောက် ဖြစ်လာနေပါတယ်။
အသင်း ခံစစ်မှာ မာတီနက်ဇ်နဲ့ တွဲဖက် ကစားရင် မန်ချက်စတာ ယူနိုက်တက်ဟာ နောက် တစ်လယ်ဗယ် ကို မြင့်တက်သွားစေသည်ထိ စွမ်းဆောင်နိုင်ခဲ့တာပါ။
ပြင်သစ်သားဟာ လောလောဆယ်မှာတော့ ဒဏ်ရာကနေ ပြန် သက်သာ ကောင်းမွန်လာဖို့ ကြိုးစားဆဲ အနေအထား မှာ ရှိနေပြီး ရာသီကုန်ထိ နီးပါး ပရီးမီးယားလိဂ် ပွဲတွေ လွဲချော်ဖွယ် ရှိနေပါတယ်။
တစ်ခုတည်းသော မျှော်လင့်စရာကတော့ လကုန် ဇွန်လဆန်းမှာ ကစားမယ့် မန်စီးတီးနဲ့ အက်ဖ်အေဖလား ဗိုလ်လုပွဲမှာ ဗာရန်း ပြန်ပါပြီး ယူနိုက်တက်ကို အကူအညီကြီး ပေးနိုင်ဖို့ပဲ ဖြစ်ပါတယ်။