ရိုဝီအတွက် ဆောက်ဂိတ်ရဲ့ ဆင်ခြေ၊ ပြိုင်ဘက်ရှိလာတဲ့ တိုက်စစ်မှုး ပစ်မှတ်နဲ့ အာဆင်နယ် သတင်းတိုများ
အင်္ဂလန်နည်းပြ ဆောက်ဂိတ်က အင်္ဂလန်အသင်း လူစာရင်းမှာ အာဆင်နယ်ကြယ်ပွင့် စမစ်ရိုဝီကို ချန်လှပ်ခဲ့ပြီးနောက် ရိုဝီက အာဆင်နယ်နဲ့ အတူ သိပ်ကောင်းတဲ့ ခြေစွမ်းတွေ ပြထားပေမယ့် လက်ရွေးစင်အသင်းမှာ ပါဖို့ စောလွန်းသေးတယ် ယူဆတာကြောင့် ဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။
အာဆင်နယ်အနေနဲ့ မန်ယူကွင်းလယ်လူ ဗန်ဒီဘိခ်ကို ခေါ်ယူသင့်ကြောင်း၊ ဗန်ဒီဘိခ်ရဲ့ ပုံစံကလည်း အာဆင်နယ်နဲ့ အံ့ဝင်မှု ရှိမှာဖြစ်ကြောင်း Goal သတင်းဌာနက သုံးသပ်ခဲ့ပါတယ်။

နယူးကာဆယ်အနေနဲ့ အာဆင်နယ်ကွင်းလယ်လူ ဂွမ်ဒိုဇီကို ခေါ်ယူဖို့ စိတ်ဝင်စားလာခဲ့ပြီဖြစ်ပါတယ်။ ၂၂ နှစ် အရွယ် ကစားသမားဟာ လက်ရှိ မာဆေးမှာ အငှားကစားကာ ခြေစွမ်းပြနေပြီးနည်းပြအာတီတာရဲ့ အစီအစဉ်ထဲမှာ ပါဝင်ခြင်း မရှိတော့ပါဘူး။
အာဆင်နယ်ပစ်မှတ်ထားနေတဲ့ ဂျန့်တိုက်စစ်မှူး အိုနူချူကို လန်ဒန်မြို့ခံပြိုင်ဘက်ဝက်စ်ဟမ်းက ကြိုးပမ်းလာခဲ့ပြီ ဖြစ်ပါတယ်။ ၂၇ နှစ်အရွယ်တိုက်စစ်မူှးဟာ ဒီရာသီ ဂျန့်အတွက် ၁၈ ပွဲကစားခဲ့ရာ ၁၂ ဂိုး သွင်းယူ ခြေစွမ်းပြနေပါတယ်။
ပြီးခဲ့တဲ့နွေမှာ အာဆင်နယ်အနေနဲ့ ချဲလ်ဆီးနောက်ခံလူ ဇူးမားကို မခေါ်ခဲ့တာ အံ့အားသင့်မိကြောင်း ချဲလ်ဆီးကစားသမားဟောင်း ကပ်စ်ကာရီနိုက ဆိုပါတယ်။ အာဆင်နယ် ဟာ ဇူးမား လို ဗဟို နောက်ခံလူမျိုးကို လိုအပ်နေတာဖြစ်ကြောင်း ၎င်းက မှတ်ချက်ပြုခဲ့ပါတယ်။
အာဆင်နယ်နောက်ခံလူ တိုမီယာဆုက သူ့အနေနဲ့ ပြီးခဲ့တဲအ့ပြောင်းအရွှေ့နောက်ဆုံးရက်မှာ စပါးကို ပြောင်းရမယ်လို့ ထင်မှတ်ခဲ့မိကြောင်း၊ ဒါပေမဲ့ နောက်ဆုံးမှာ အာဆင်နယ်က ကမ်းလှမ်းလာခဲ့ပြီး သူ့အနေနဲ့ ဆုံးဖြတ်ချက်ကို လျင်လျင်မြန်မြန် ချခဲ့ကြောင်း ထုတ်ဖော်ခဲ့ပါတယ်။
အာဆင်နယ် ဂိုးသမား ရမ်ဒေးလ်ဟာ အောက်တိုဘာလအတွက်တစ်လတာအကောင်းဆုံး ကစားသမား ဆု အတွက် ဆန်ခါတင်စာရင်းမှာ ရွေးချယ်ခံခဲ့ရပါတယ်။ ရမ်ဒေးလ်ဟာအောက်တိုဘာလအတွင်း ကစားခဲ့တဲ့ ၄ ပွဲမှာ ၂ ပွဲ ကလင်းရှိ ရပြီး MOTM ၁ ပွဲ ရခဲ့တာပါ။

ZG
အဂၤလန္နညး္ျပ ေဆာက္ဂိတ္က အဂၤလန္အသင္း လူစာရင္းမွာ အာဆင္နယ္ၾကယ္ပြင့္ စမစ္ရိုဝီကို ခ်န္လွပ္ခဲ့ျပီးေနာက္ ရိုဝီက အာဆင္နယ္နဲ႕ အတူ သိပ္ေကာင္းတဲ့ ေျခစြမ္းေတြ ျပထားေပမယ့္ လက္ေရြးစင္အသင္းမွာ ပါဖို႔ ေစာလြန္းေသးတယ္ ယူဆတာေၾကာင့္ ျဖစ္ေၾကာင္း ေျပာဆိုခဲ့ပါတယ္။
အာဆင္နယ္အေနနဲ႔ မန္ယူကြင္းလယ္လူ ဗန္ဒီဘိခ္ကို ေခၚယူသင့္ေၾကာင္း၊ ဗန္ဒီဘိခ္ရဲ႕ ပံုစံကလညး္ အာဆင္နယ္နဲ႔ အံ့၀င္မႈ ရွိမွာျဖစ္ေၾကာင္း Goal သတင္းဌာနက သံုးသပ္ခဲ့ပါတယ္။
နယူးကာဆယ္အေနနဲ႔ အာဆင္နယ္ကြင္းလယ္လူ ဂြမ္ဒိုဇီကို ေခၚယူဖို႔ စိတ္၀င္စားလာခဲ့ၿပီျဖစ္ပါတယ္။ ၂၂ ႏွစ္ အရြယ္ ကစားသမားဟာ လက္ရွိ မာေဆးမွာ အငွားကစားကာ ေျခစြမ္းျပေနၿပီးနည္းျပအာတီတာရဲ႕ အစီအစဥ္ထဲမွာ ပါ၀င္ျခင္း မရွိေတာ့ပါဘူး။
အာဆင္နယ္ပစ္မွတ္ထားေနတဲ့ ဂ်န္႔တုိက္စစ္မွဴး အိုႏူခ်ဴကို လန္ဒန္ၿမိဳ႕ခံၿပိဳင္ဘက္၀က္စ္ဟမး္က ႀကိဳးပမ္းလာခဲ့ၿပီ ျဖစ္ပါတယ္။ ၂၇ ႏွစ္အရြယ္တုိက္စစ္မဴွးဟာ ဒီရာသီ ဂ်န္႔အတြက္ ၁၈ ပြဲကစားခဲ့ရာ ၁၂ ဂုိး သြင္းယူ ေျခစြမ္းျပေနပါတယ္။
ၿပီးခဲ့တဲ့ေႏြမွာ အာဆင္နယ္အေနနဲ႔ ခ်ဲလ္ဆီးေနာက္ခံလူ ဇူးမားကို မေခၚခဲ့တာ အံ့အားသင့္မိေၾကာငး္ ခ်ဲလ္ဆီးကစားသမားေဟာင္း ကပ္စ္ကာရီႏိုက ဆိုပါတယ္။ အာဆင္နယ္ ဟာ ဇူးမား လို ဗဟို ေနာက္ခံလူမ်ိဳးကို လိုအပ္ေနတာျဖစ္ေၾကာင္း ၄င္းက မွတ္ခ်က္ျပဳခဲ့ပါတယ္။
အာဆင္နယ္ေနာက္ခံလူ တိုမီယာဆုက သူ႔အေနနဲ႔ ၿပီးခဲ့တဲအ့ေျပာင္းအေရႊ႕ေနာက္ဆံုးရက္မွာ စပါးကို ေျပာင္းရမယ္လုိ႔ ထင္မွတ္ခဲ့မိေၾကာငး္၊ ဒါေပမဲ့ ေနာက္ဆံုးမွာ အာဆင္နယ္က ကမ္းလွမ္းလာခဲ့ၿပီး သူ႔အေနနဲ႔ ဆံုးျဖတ္ခ်က္ကို လ်င္လ်င္ျမန္ျမန္ ခ်ခဲ့ေၾကာင္း ထုတ္ေဖာ္ခဲ့ပါတယ္။
အာဆင္နယ္ ဂိုးသမား ရမ္ေဒးလ္ဟာ ေအာက္တိုဘာလအတြက္တစ္လတာအေကာင္းဆံုး ကစားသမား ဆု အတြက္ ဆန္ခါတင္စာရင္းမွာ ေရြးခ်ယ္ခံခဲ့ရပါတယ္။ ရမ္ေဒးလ္ဟာေအာက္တုိဘာလအတြင္း ကစားခဲ့တဲ့ ၄ ပြဲမွာ ၂ ပြဲ ကလင္းရွိ ရၿပီး MOTM ၁ ပြဲ ရခဲ့တာပါ။