မာရှယ်၊ ဂနာချိုတို့ သွင်းဂိုးတွေနဲ့ အတူ သရဲနီတွေ အတွက် ရင်အေးစရာ နိုင်ပွဲရခဲ့ပါပြီ

နည်းပြ တန်ဟက်ရဲ့ မန်ချက်စတာယူနိုက်တက်ကတော့ နယူးကာဆယ်တို့ ဒီည သရေ ကျချိန်မှာ အခွင့်အရေး ယူနိုင်ခဲ့ပါပြီ။

ပြီးခဲ့တဲ့ပွဲစဉ်တွေ ဆက်တိုက်ရှုံးနိမ့်ခဲ့တဲ့ ယူနိုက်တက်ဟာ ဝုလ်ဗ်ကို အိမ်ကွင်းမှာ အန်သိုနီမာရှယ်၊ ဂါနာချိုရဲ့ ပွဲပြီးခါနီး တန်ပြန်တိုက်စစ်ဂိုးတွေကြောင့် ၂-၀ နဲ့ အနိုင်ရရှိခဲ့ပါတယ်။

(Read More နှိပ်ပြီး သတင်းကို အဆုံးထိ ဆက်လက် ဖတ်ရှုနိုင်ပါတယ်။)

ဒါပေမယ့် ယူနိုက်တက်ဟာ ထုံးစံအတိုင်း နောက်ဆုံးမိနစ်တွေမှာတော့ ဂိုးပြန်မပေးရအောင် ရုန်းကန်ခဲ့ရကာ အနိုင် သေချာစေမယ့်ဂိုးကို ဂါနာချိုက သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

အန်တိုနီရဲ့ ဖန်တီးပေးမှုကနေ မာရှယ်က ပထမပိုင်းမှာ ဦးဆောင်ဂိုးသွင်းထားခဲ့ပေမယ့် ယူနိုက်တက်ဟာ နောက်ထ ပ်ဂိုးတွေရဖို့တော့ ရုန်းကန်ခဲ့ရပါတယ်။ သူတို့ရဲ့ ကန်သွင်းချက်တချို့ကိုလည်း ဝုလ်ဗ်ဂိုးသမားနဲ့ ခံစစ်ပိုင်းက ကာကွယ်နိုင်ခဲ့လို့ ဂိုးထပ်မရခဲ့ဘဲ ချေပဂိုးပြန်မပေးရဖို့ကို ဦးစားပေးကာ တန်ပြန်တိုက်စစ်တွေနဲ့ ကစားသွားခဲ့ပါတယ်။

ဒီပွဲအနိုင်ရခဲ့လို့ ယူနိုက်တက်ဟာ နယူးကာဆယ်နဲ့ အမှတ်ကွာဟချက်ကို လျှော့ချနိုင်ခဲ့ပြီး ရမှတ်တူ၊ ဂိုးကွာခြားချက်ကြောင့် သာ အဆင့် ၄ နေရာမှာ ဆက်ရှိနေခဲ့တာပါ။ ဒါပေမယ့် လီဗာပူးလ်ကိုတော့ သူတို့မကန်ရသေးခင် ၄ မှတ်ထိ ဖြတ်ထားနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

ခြေစွမ်းအရ အားရစရာမရှိခဲ့ပေမယ့် ဝုလ်ဗ်ကလည်း ကြီးကြီးမားမားခြိမ်းခြောက်မှုတွေ မလုပ်နိုင်ခဲ့လို့ ယူနိုက်တက်တို့ အနည်းငယ် သက်သာရာ ရခဲ့ပါတယ်။

တန်းဆင်းဇုန်ကလွတ်မြောက်ခဲ့ပြီဖြစ်တဲ့ ဝုလ်ဗ်က ဒီပွဲကို အရင်ပွဲတွေလောက် အာရုံမစိုက်ခဲ့သလို အဝေးကွင်းဆိုရင် ခြေစွမ်းညံ့ဖျင်းတဲ့ သူတို့ရဲ့ စရိုက်အတိုင်းသာ ရှိနေခဲ့ပါတယ်။

ဘာပဲဖြစ်ဖြစ် မာရှယ် ဂိုးပေါက် ပြန်တွေ့ခဲ့သလို ဂနာချို လည်း ပြန် ကစားတဲ့ ပွဲမှာ ဂိုးသွင်းနိုင်တာကြောင့် ဒီည သရဲနီတွေ အဖို့ ပျော်စရာ ညချမ်း ဖြစ်ခဲ့ရပါပြီ။