ဒီအပတ် ဘုန်းမောက်နဲ့ ပွဲမတိုင်ခင် သတင်းကောင်း ရှိနေတဲ့ မန်ချက်စတာ ယူနိုက်တက်

ဒီအပတ် ဘုန်းမောက်နဲ့ ရင်ဆိုင်ရမယ့် ပရီးမီးယားလိဂ် ပွဲစဉ် မတိုင်ခင် မန်ချက်စတာ ယူနိုက်တက် အတွက် သတင်းကောင်း ရှိနေပါတယ်။

အဲဒါကတော့ ဒဏ်ရာပြဿနာကြောင့် အနားယူနေရတဲ့ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ တိုက်စစ်ကစားသမား က လက်ရှိမှာ အသင်းနဲ့ လေ့ကျင့်ခန်းပါ ပြန်ဆင်းနေပြီဖြစ်လို့ ဘုန်းမောက်နဲ့ ပွဲစဉ်တွင် ပါဝင်ကစားနိုင်ဖွယ် ရှိနေတာပါ။

(Read More နှိပ်ပြီး သတင်းကို အဆုံးထိ ဆက်လက် ဖတ်ရှုနိုင်ပါတယ်။)

မန်ယူအသင်း အားထားရတဲ့ တိုက်စစ်ကစားသမား ရပ်ရှ်ဖို့ဒ်ဟာ ဝက်စ်ဟမ်းအသင်းကို (၂)ဂိုးပြတ်နဲ့ ရှုံးနိမ့်ခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်အတွင်း ခြေထောက် ဒဏ်ရာ ရရှိသွားခဲ့တာကြောင့် ဝုလ်ဗ်နဲ့ ပွဲစဉ်ပါ လွဲချော်ခဲ့ရတာ ဖြစ်ပါတယ်။

လက်ရှိ ယူနိုက်တက်က ဒီနှစ်ဘောလုံးရာသီ ပြီးဆုံးခါနီး ဖြစ်နေတဲ့အချိန် အသင်းက ချန်ပီယံလိဂ်ဝင်ခွင့် ရရှိဖို့ အရေးတကြီး လိုအပ်နေချိန်မှာ ဒီရာသီ အသင်းအတွက် ဂိုးသွင်းအများဆုံး ဖြစ်နေသူ ရပ်ရှ်ဖို့ဒ်ပါ အချိန်မီ ဒဏ်ရာကနေ သက်သာလာလို့ ဒါဟာ ယူနိုက်တက်အတွက် အားတတ်စရာ ဖြစ်လာနိုင်ပါတယ်။

ယူနိုက်တက်အသင်းဟာ ပရီးမီးယားလိဂ် လက်ကျန် ပွဲစဉ်တွေအဖြစ် ဘုန်းမောက် ချယ်လ်ဆီး ဖူလ်ဟမ်တို့နဲ့ ကစားရမှာဖြစ်ပြီး လာမယ့် စနေမှာပဲ ဗိုက်တယ်လက်တီကွင်းတွင် ဘုန်းမောက်နဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

ယူနိုက်တက်က ဒီရာသီမှာ အဝေးကွင်း ပွဲစဉ်တွေထဲ ရလဒ်ပိုင်းတွေ ဆိုးရွားနေချိန် အသင်းရဲ့ တိုက်စစ်မှာ ကစားသမား အစုံအလင် ပြန်လည် ပါဝင်လာနိုင်တော့မှာက အသင်းအတွက် အခြေအနေကောင်းသွားခဲ့တယ်လို့ ဆိုရမှာပါ။

ပြီးခဲ့တဲ့ ဝုလ်ဗ်နဲ့ ပွဲစဉ်မှာလည်း ဒဏ်ရာကနေ သက်သာလာခဲ့သူ ဂနာချိုက ယူနိုက်တက်အတွက် သွင်းဂိုးတစ်ဂိုးကို သွင်းယူနိုင်ခဲ့တာကြောင့် ရပ်ရှ်ဖို့ဒ်ရော ဘုန်းမောက်နဲ့ ပွဲမှာ အသင်းအတွက် ပါဝင်ကစားရင်း ဂိုးပါ သွင်းယူသွားနိုင်မလားဆိုတာ စောင့်ကြည့်ရပါမယ်။