မန်ယူ – မန်စီးတီး မန်ချက်စတာ ဒါဘီပွဲအတွက် မိုက်ကယ်အိုဝင်ရဲ့ သုံးသပ်ခန့်မှန်းချက် ထွက်ပါပြီ
မန်ချက်စတာ ယူနိုက်တက်နဲ့ မန်စီးတီးတို့ဟာ ဒီနေ့ညမှာ မန်ချက်စတာ ဒါဘီပွဲ ပရီးမီးယားလိဂ် ပွဲ အဖြစ် အိုးထရက်ဖို့ဒ်မှာ ရင်ဆိုင်ရတော့မှာပါ။ ပွဲ အချိန်ကတော့ စနေနေ့၊ ည ၇ နာရီမှာ ဖြစ်ပါတယ်။
မန်ယူ တိုက်စစ်မှုးဟောင်းကြီး မိုက်ကယ်အိုဝင်ကတော့ ဒီ မန်ချက်စတာ ဒါဘီ ပွဲ အတွက် အခုလို သုံးသပ် ခန့်မှန်းလို့ ထားပါတယ်။
စပါးနဲ့ ပွဲစဉ်မှာ ကစားကွက် အပြောင်းအလဲလုပ်ကာ အရေးပါတဲ့ နိုင်ပွဲကို ရယူနိုင်ခဲ့တဲ့ ဆိုးရှားကို ချီးကျူးပါတယ်။ ဖိအားကတော့ သူ့ဆီမှာ ရှိနေဆဲပါ။ ဒါပေမယ့် ဒီနိုင်ပွဲဟာ ဒါကို အနည်းငယ် လျော့ပါးစေခဲ့ပါတယ်။
ကာဗာနီ ပွဲထွက်ခွင့်ရခဲ့တာကို ကျွန်တော် ဝမ်းသာမိပါတယ်။ သူ့ရဲ့ ကမ္ဘာ့အဆင့် ရွေ့လျားမှုတွေဟာ ကြီးမားတဲ့ ခြားနားချက်ကို ပေးစွမ်းနိုင်ဆဲလို့ ကျွန်တော်ထင်ပါတယ်။ ပဲလေ့စ်ကို မန်စီးတီးတို့ ရှုံးခဲ့တဲ့တာဟာ ဖြစ်လေ့ရှိတဲ့ ပွဲစဉ်တွေထဲက တစ်ပွဲဆိုတာ သေချာပါတယ်။ စီးတီးဟာ ပြီးခဲ့တဲ့အပတ်တွေမှာ အရမ်း ကောင်းနေခဲ့တာကြောင့် ဒီရှုံးပွဲဟာ အံ့အားသင့်စရာပါ။
စီးတီး အနေနဲ့ ဒီရှုံးပွဲကနေ အကောင်းဆုံး ရုန်းထွက်ဖို့အတွက် ပစ်မှတ်ထားနေမှာပါ။ စီးတီးအနေနဲ့ ၂ ပွဲ ဆက် ရှုံးလိမ့်မယ်လို့ ကျွန်တော် မမြင်မိပါဘူး။
မန်စီးတီး က ဘောလုံးကိုင်ကစားပြီး လီဗာပူးတို့ လုပ်ခဲ့သမျိုး မန်ယူ ခံစစ်ကို ကျော်ဖြတ်သွားမယ်လို့ ကျွန်တော် မျှော်လင့်ထားပါတယ်။ မန်စီးတီးတို့ ၃-၁ နဲ့ နိုင်မယ်လို့ ရွေးချယ်ပါတယ်။

ZG
မန္ခ်က္စတာ ယူႏိုက္တက္နဲ႕ မန္စီးတီးတို႔ဟာ ဒီေန႔ညမွာ မန္ခ်က္စတာ ဒါဘီပြဲ ပရီးမီးယားလိဂ္ ပြဲ အျဖစ္ အိုးထရက္ဖို႔ဒ္မွာ ရင္ဆုိင္ရေတာ့မွာပါ။ ပြဲ အခ်ိန္ကေတာ့ စေနေန႔၊ ည ၇ နာရီမွာ ျဖစ္ပါတယ္။
မန္ယူ တိုက္စစ္မႈးေဟာင္းၾကီး မိုက္ကယ္အိုဝင္ကေတာ့ ဒီ မန္ခ်က္စတာ ဒါဘီ ပြဲ အတြက္ အခုလို သံုးသပ္ ခန္႔မွန္းလို႔ ထားပါတယ္။
စပါးနဲ႔ ပြဲစဥ္မွာ ကစားကြက္ အေျပာင္းအလဲလုပ္ကာ အေရးပါတဲ့ ႏိုင္ပြဲကို ရယူႏိုင္ခဲ့တဲ့ ဆိုးရွားကို ခ်ီးက်ဴးပါတယ္။ ဖိအားကေတာ့ သူ႔ဆီမွာ ရွိေနဆဲပါ။ ဒါေပမယ့္ ဒီႏိုင္ပြဲဟာ ဒါကို အနည္းငယ္ ေလ်ာ့ပါးေစခဲ့ပါတယ္။
ကာဗာနီ ပြဲထြက္ခြင့္ရခဲ့တာကို ကြၽန္ေတာ္ ၀မ္းသာမိပါတယ္။ သူ႔ရဲ႕ ကမာၻ႔အဆင့္ ေ႐ြ႕လ်ားမႈေတြဟာ ႀကီးမားတဲ့ ျခားနားခ်က္ကို ေပးစြမ္းႏိုင္ဆဲလို႔ ကြၽန္ေတာ္ထင္ပါတယ္။ ပဲေလ့စ္ကို မန္စီးတီးတို႔ ရႈံးခဲ့တဲ့တာဟာ ျဖစ္ေလ့ရွိတဲ့ ပြဲစဥ္ေတြထဲက တစ္ပြဲဆိုတာ ေသခ်ာပါတယ္။ စီးတီးဟာ ၿပီးခဲ့တဲ့အပတ္ေတြမွာ အရမ္း ေကာင္းေနခဲ့တာေၾကာင့္ ဒီရႈံးပြဲဟာ အံ့အားသင့္စရာပါ။
စီးတီး အေနနဲ႔ ဒီရႈံးပြဲကေန အေကာင္းဆုံး ႐ုန္းထြက္ဖို႔အတြက္ ပစ္မွတ္ထားေနမွာပါ။ စီးတီးအေနနဲ႔ ၂ ပြဲ ဆက္ ရႈံးလိမ့္မယ္လို႔ ကြၽန္ေတာ္ မျမင္မိပါဘူး။
မန္စီးတီး က ေဘာလုံးကိုင္ကစားျပီး လီဗာပူးတို႔ လုပ္ခဲ့သမ်ိဳး မန္ယူ ခံစစ္ကို ေက်ာ္ျဖတ္သြားမယ္လို႔ ကြၽန္ေတာ္ ေမွ်ာ္လင့္ထားပါတယ္။ မန္စီးတီးတို႔ ၃-၁ နဲ႔ ႏိုင္မယ္လို႔ ေ႐ြးခ်ယ္ပါတယ္။