ရီးရဲလ်ကို ရှယ်ကြိတ်သွားတဲ့ မန်စီးတီး ခြေစွမ်းကြည့်ပြီး မန်ယူအသင်းအတွက် လန့်နေရပါပြီ
ရီးရဲလ်မက်ဒရစ် လို ချန်ပီယံလိဂ် ဝါရင့်နေတဲ့ အသင်းကြီးကို အီတီဟတ်ကွင်းမှာ ရုပ်ပျက်ဆင်းပျက်ဖြစ်သွားအောင် လုပ်ပြလိုက်တဲ့ မန်စီးတီးကြောင့် မန်ယူပရိသတ်တချို့ သွေးပျက်နေကြပြီဖြစ်ပါတယ်။
ဗုဒ္ဓဟူးညက ကစားခဲ့တဲ့ပွဲမှာ နည်းပြဂွါဒီယိုလာရဲ့ အသင်းဟာ အဖြူရောင်တော်ဝင်အသင်းကို ၄-၀ ဂိုးနဲ့ အနိုင်ယူပြီး နှစ်ကျော့ပေါင်းရလဒ် ၅-၁ နဲ့ ဗိုလ်လုပွဲ တက်သွားခဲ့တာဖြစ်ပါတယ်။
(Read More နှိပ်ပြီး သတင်းကို အဆုံးထိ ဆက်လက် ဖတ်ရှုနိုင်ပါတယ်။)

နောက်ပြီး စီးတီးဟာ လက်ရှိအချိန်မှာ အကောင်းဆုံးအသင်း ဖြစ်နေတယ်ဆိုတာကိုလည်း အဲဒီပွဲမှာ တစ်ကမ္ဘာလုံး သိအောင် ပြောပြသွားခဲ့တာပဲ ဖြစ်ပါတယ်။
ဒါကြောင့် မန်စီးတီးနည်းပြ ဂွါဒီယိုလာ အပါအဝင် မိုးပြာရောင် တပ်သားတွေအားလုံးရဲ့ ပါးစပ်ဖျားမှာ ဖလား ၃ လုံး ဆိုတဲ့ စကားက မိုးမွှန်နေပြီး ဒီကိစ္စဖြစ်လာဖို့ကလည်း အချိန်အတိုင်းအတာ တစ်ခုအထိပဲ စောင့်ရတော့မယ့်သဘော ရှိနေပါတယ်။
ဘာကြောင့်လဲဆိုတော့ မန်ချက်စတာ စီးတီး ကလပ်ဟာ ဖလား ၃ လုံးရဖို့အတွက် အဆုံးအဖြတ် ပွဲစဉ် ၃ ပွဲ ပဲ ကစားဖို့ လိုတော့တာပါ။
ဒါပေမဲ့ မန်စီးတီးရဲ့ အခုလက်ရှိစွမ်းဆောင်ရည်နဲ့ ခြေစွမ်းကိုကြည့်ပြီး မန်ချက်စတာမြို့ကြီးရဲ့ ဟိုဘက် ရပ်ကွက်မှာတော့ ပွက် လောရိုက်နေကြပြီဖြစ်ပါတယ်။
မန်ယူနဲ့ မန်စီးတီးတို့ဟာ သိပ်မကြာခင် အချိန်အတွင်းမှာပဲ ဝင်ဘလေကွင်းကြီးမှာ အက်ဖ်အေဖလား ဗိုလ်လုပွဲ ကစားကြရတော့မှာပါ။
ဒါကြောင့် မန်စီးတီးရဲ့ လက်ရှိခြေစွမ်းအတိုင်းသာဆိုရင်တော့ မန်ယူကို ၁၀ မိနစ်လောက်နဲ့တင် ၃ ဂိုးလောက် သွင်းမယ်ဆိုတဲ့ သရဲနီ ပရိသတ်တွေရဲ့ ပြောစကားတွေ ထွက်လာပါပြီ။
” ဒီပုံစံအတိုင်းဆိုရင် အက်ဖ်အေဖလား ဗိုလ်လုပွဲမှာ ငါတို့ကတော့ ပွဲချိန် ၁၀ မိနစ် အတွင်းမှာပဲ ၃ ဂိုးပြတ်လောက် အသွင်းခံရတော့မှာပဲ ” လို့ မန်ယူပရိသတ် တစ်ယောက်က လူမှုကွန်ရက်ပေါ်မှာ ရေးခဲ့ပါတယ်။
“စီးတီးသာ ယူနိုက်တက်နဲ့ ကစားမယ့် အက်ဖ်အေဖလား ဗိုလ်လုပွဲမှာ ဒီခြေစွမ်းအတိုင်း ကစားမယ်ဆိုရင် ခရစ်ကတ်ပွဲတွေလို (ဂိုးဒါဇင်လိုက်) ရလဒ်မျိုး ထွက်မှာပဲ။ ”
” ကျွန်တော်တို့ ဘောလုံးနဲ့အတူရှိချိန်မှာ နည်းစနစ် ပိုင်း အရည်အသွေးရှိပြီးသားပါ။ အံ့အားသင့်စရာ ကောင်းလွန်းတဲ့ ဂိုးသမား လည်း ရှိတယ်။ ဘုရားသခင် သနားသဖြင့် စောင်မတော်မူပါ” လို့ ပရိသတ် တစ်ယောက်က မှတ်ချက်ဝင်ရေးခဲ့ပါတယ်။
“အက်ဖ်အေဖလား ဗိုလ်လုပွဲမှာတော့ စီးတီးက မန်ယူကို အရှင်လတ်လတ်ကြီး စားပစ်တော့မှာပဲ” လို့ တတိယ တစ်ယောက်က လူမှုကွန်ရက်မှာ ရေးခဲ့ပါတယ်။