ဘီဘီစီ ခရစ်ဆက်တန်ရဲ့ မနက်ဖြန် ဘုန်းမောက် – မန်ယူပွဲ ကြိုတင် သုံးသပ် ဟောကိန်းထုတ်ချက်

နည်းပြ တန်ဟက်ရဲ့ မန်ချက်စတာ ယူနိုက်တက်ဟာ ဒီအပတ် ပရီးမီးယားလိဂ်မှာ ဘုန်းမောက် အသင်းနဲ့ တွေ့ဆုံနေပြီး အဝေးကွင်း သွားရောက် ရင်ဆိုင်ရမှာပါ။ ပွဲချိန်ကတော့ မနက်ဖြန် စနေနေ့ည ၈ နာရီခွဲ ဖြစ်ပါတယ်။

ဘီဘီစီ သတင်းဌာနမှ ပင်တိုင် သုံးသပ်သူ ခရစ်ဆက်တန်က ဘုန်းမောက် – မန်ချက်စတာ ယူနိုက်တက် ပွဲစဉ် အတွက် အခုလို သုံးသပ် ခန့်မှန်းထားပါတယ်။

(Read More နှိပ်ပြီး သတင်းကို အဆုံးထိ ဆက်လက် ဖတ်ရှုနိုင်ပါတယ်။)

” ဒီရာသီ အစမှာဆိုရင် မန်ချက်စတာ ယူနိုက်တက် အနေနဲ့ ရာသီကုန်ဖို့ ၃ ပွဲ အလိုမှာ အဆင့် ၄ နေရာ ရမယ် ဆို လက်ခံယူမိမှာပဲ။ ဒါတောင် ကာရာဘောင်းဖလား ရတာနဲ့ အက်ဖ်အေဖလား ဖိုင်နယ် မပါသေးဘူးနော်။

သူတို့ရဲ့ အဝေးကွင်း ခြေစွမ်းက နည်းနည်းတော့ စိတ်ပူစရာ ရှိပေမယ့် ဘုန်းမောက်က တန်းဆင်းဇုန်အန္တရာယ် ရှိမနေတာကြောင့် အဲရစ်တန်ဟက် အထောက်အကူ ဖြစ်မှာပါ။

ကျနော်ကတော့ ဘုန်းမောက်ကို အထင်ကြီးမိပါတယ်။ သူတို့နဲ့ ပတ်သတ်ပြီး အကြိမ်များစွာ ကျနော် မှားပြောခဲ့မိတာပါ။ ဒါပေမယ့် ဒီတခါလည်း ကျနော် ဘာပြောမယ် ဆိုတာ ခင်ဗျားတို့ ရိပ်မိလောက်ပါတယ်။

ကျနော်က ယူနိုက်တက် အနိုင် လို့ပဲ မှန်းပါမယ်၊ ဘာဖြစ်လို့လဲ ဆိုတော့ သူတို့ အတွက် ဒီပွဲက အရေးကြီးပွဲ ဖြစ်နေတယ်။

လက်ကျန် ၃ ပွဲမှာ ၂ ပွဲ နိုင်ရင် အဆင့် ၄ အတွင်း သေချာပေါက် ဝင်မှာ ဖြစ်တယ်၊ လီဗာပူးကလည်း နောက်က လိုက်နေတာ ဖြစ်တော့ ဒီစည်းကို သူတို့ သေချာပေါက် ကျော်အောင် ရုန်းမှာပါ။ လွယ်တော့ လွယ်မှာ မဟုတ်ဘူး။ ဒါပေမယ့် ယူနိုက်တက် နိုင်ပွဲ တစ်ပွဲ ဒီက နေ ရသွားမယ် လို့ ကျနော် ထောက်ခံချင်ပါတယ်။ ” လို့ ဆက်တန်က သုံးသပ်ထားပါတယ်။

ခရစ်ဆက်တန် ခန့်မှန်းရလဒ်ကတော့ ဘုန်းမောက် ၁-၂ မန်ချက်စတာ ယူနိုက်တက် ဖြစ်ပါတယ်။