ရာဘီယော့ ကို ကမ်းလှမ်းပြီး နောက်ထပ် ကွင်းလယ်လူ တစ်ဦးကိုလည်း စောင့်ကြည့်နေတဲ့ မန်ယူအသင်း
မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ကွင်းလယ် ပစ်မှတ် တစ်ဦးကို ကမ်းလှမ်းမှု လုပ်ခဲ့သလို နောက် တစ်ဦးကိုလည်း စောင့်ကြည့်လာကြောင်း သတင်းထွက်လာပါတယ်။
မန်ယူအသင်းဟာ ဂျူဗင်တပ် ကွင်းလယ်လူ အက်ဒရီယန် ရာဘီယော့ ကို ခေါ်ယူဖို့ အတွက် ကမ်းလှမ်းမှု တစ်ခု ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
(Read More နှိပ်ပြီး သတင်းကို အဆုံးထိ ဆက်လက် ဖတ်ရှုနိုင်ပါတယ်။)

အသက် ၂၈ နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ ကွင်းလယ်လူဟာ ပြီးခဲ့တဲ့ နွေဈေးကွက်တုန်းက မန်ချက်စတာ ယူနိုက်တက် အသင်းဆီ ရောက်ရှိဖို့ အတော်လေး နီးစပ်ခဲ့ပါသေးတယ် ။ သူ့ကို ခေါ်ယူဖို့ ယူနိုက်တက်တို့ ပြောင်းရွှေ့ကြေးပိုင်း ဆိုင်ရာ သဘောတူညီမှုတွေ ရယူနိုင်ခဲ့ပါသေးတယ် ။
ဒါပေမဲ့ လစာကိစ္စ ညှိနှိုင်းရာမှာ အဆင်မပြေ ဖြစ်ခဲ့ရတဲ့ အတွက် ကစားသမားဟာ တူရင်မြေမှာပဲ ဆက်လက် ရှိခဲ့ရပါတယ် ။ အခုတော့ ယူနိုက်တက်တို့ဟာ ကစားသမားကို အသင်းရဲ့ လစာ အကောင်းဆုံး ကစားသမား တစ်ဦး ဖြစ်လာနိုင်တဲ့ လစာမျိုးနဲ့ ကမ်းလှမ်းခဲ့ပြန်ပါတယ် ။
ရာဘီယော့ဟာ ဒီရာသီမှာ ဂျူဗင်တပ် အသင်းအတွက် ပြိုင်ပွဲစုံ 44 ပွဲ ကစားထားခဲ့ပြီး 11 ဂိုးအထိ သွင်းယူ ထားနိုင်ခဲ့ပါတယ် ။ သူဟာ ဒီရာသီ အကုန်မှာ ဂျူဗင်တပ် အသင်းနဲ့ စာချုပ် သက်တမ်း ကုန်ဆုံးသွားဖို့ ရှိနေပါတယ်။
ဒါ့အပြင် မန်ချက်စတာ ယူနိုက်တက် အသင်းဟာ မိုချိန်ဂလာဘတ် အသင်းရဲ့ ကွင်းလယ်လူ မာနူ ကိုနေး ကို အရ ခေါ်ယူနိုင်ဖို့လည်း ပစ်မှတ်ထား စောင့်ကြည့်နေတယ်လို့ သိလိုက်ရပါတယ် ။ အသက် 21 နှစ်သာ ရှိသေးတဲ့ ကွင်းလယ်လူဟာ တူးလော့စ် အသင်းမှာ အလားအလာ ကောင်းတွေ ပြသခဲ့တာကြောင့် ဂလာဘတ် က ခေါ်ယူခဲ့တာပဲ ဖြစ်ပါတယ် ။
ဂလာဘတ် အသင်းဆီ ရောက်လာခဲ့တဲ့နောက်လည်း ကိုနေးဟာ ခြေစွမ်းကောင်း ဆက်လက် ပြသနိုင်ခဲ့တာကြောင့် ပြင်သစ် U-21 မှာ အရွေးခံခဲ့ရတာပဲ ဖြစ်ပါတယ် ။ သူဟာ 2025 အထိ ဂလာဘတ် နဲ့ စာချုပ် သက်တမ်း ရှိနေပြီး လီဂူးဝမ်း ထိပ်သီး PSG အသင်းကလည်း သူ့ကို စိတ်ဝင်စားနေတယ်လို့ သိခဲ့ရပါတယ် ။