ဒီည ဘုန်းမောက် – မန်ယူ ပွဲ ဘယ်လို ရလဒ်ထွက်လာမလဲ ပေါမာဆန်ကတော့ ကြိုတင် ခန့်မှန်းလိုက်ပြီ

မန်ချက်စတာ ယူနိုက်တက်ဟာ ဒီအပတ် ပရီးမီးယားလိဂ်မှာ ဘုန်းမောက် အသင်းနဲ့ တွေ့ဆုံနေပြီး အဝေးကွင်း သွားရောက် ရင်ဆိုင်ရမှာပါ။ ပွဲချိန်ကတော့ ဒီနေ့ စနေနေ့ည ၈ နာရီခွဲ ဖြစ်ပါတယ်။

ဘောလုံးပွဲစဉ်တွေ သုံးသပ်နေကြ ဝါရင့်ကြီး တစ်ဦး ဖြစ်တဲ့ ဂန်းနားဟောင်းကြီး ပေါမာဆန် က ဘုန်းမောက် – မန်ချက်စတာ ယူနိုက်တက် ပွဲစဉ် အတွက် အခုလို သုံးသပ် ခန့်မှန်းထားပါတယ်။

(Read More နှိပ်ပြီး သတင်းကို အဆုံးထိ ဆက်လက် ဖတ်ရှုနိုင်ပါတယ်။)

” မန်ချက်စတာ ယူနိုက်တက်က ဒီပွဲကို နိုင်မှ ဖြစ်မှာပါ၊ ပွဲက ကြည့်လို့လည်း ကောင်းလိမ့်မယ်။ ဘုန်းမောက်က တန်းဆင်းဇုန် ဘေးကနေ လွတ်ကင်းသွားပါပြီ။ ဒီတော့ ဒီပွဲက ရည်မှန်းချက် ရှိနေတဲ့ မန်ချက်စတာ ယူနိုက်တက် လက်ထဲမှာ ရှိနေမယ် ထင်ပါတယ်။

ဒီပွဲ သရေကျသွားရင် အဲရစ်တန်ဟက် အပေါ် ဖိအားတွေ အများကြီး ကျသွားလိမ့်မယ်။ သူတို့က ချန်ပီယံလိဂ် ဝင်ခွင့် အဆုံးအဖြတ် အတွက် ချယ်ဆီးနဲ့ ပွဲကို စောင့်ချင်မှ မဟုတ်ဘူး။

ဒီပွဲ သရေကျသွားရင်လည်း ကျနော် အံ့သြမိမှာ မဟုတ်ပါဘူး။ ဒါပေမယ့် သူတို့ ချန်ပီယံလိဂ် ဝင်ခွင့် အတွက် ဒီပွဲ ကို ရအောင် ရုန်းသွားမယ်လို့ မျှော်လင့်ထားတယ်။ ” လို့ မာဆန်က သုံးသပ်ထားပါတယ်။

ပေါမာဆန် ရဲ့ ပွဲ ခန့်မှန်းရလဒ် ကတော့ ဘုန်းမောက် ဝ-၁ မန်ချက်စတာ ယူနိုက်တက် ဖြစ်ပါတယ်။