ကာဆီမီရို တိုက်စစ်မှုး အဖြစ် ကစားဖို့ တိုက်တွန်းလိုက်တဲ့ မန်ယူ ဂိုးသမား ဒီဂီယာ

မန်ချက်စတာ ယူနိုက်တက် ဂိုးသမား ဒီဂီယာ ကတော့ ဘုန်းမောက်နဲ့ ပွဲမှာ အဆုံးအဖြတ် အနိုင်ဂိုး သွင်းပေးခဲ့တဲ့ ကာဆီမီရို ကို သဘောကျနေပြီး ဘရာဇီးကွင်းလယ်ခံစစ်သမားကို တိုက်စစ် ထား ကစားမှ ထင်တယ် လို့ အရွှန်းဖောက် ပြောဆိုလာခဲ့ပါတယ်။

ဘုန်းမောက်နဲ့ ပွဲဟာ တကယ်လည်း ဂိုးမရှိ သရေနဲ့ အဆုံးသတ်သွားနိုင်တဲ့ ပွဲမျိုး ဖြစ်ပေမယ့် ကာဆီမီရိုရဲ့ အစွမ်းပြချက် တစ်ချက်က ပွဲအဖြေကို အပြောင်းအလဲ ဖြစ်သွားစေခဲ့ပါတယ်။ ယူနိုက်တက်ဟာ လက်ကျန် ၂ပွဲမှာ တစ်မှတ် ရရုံနဲ့ ချန်ပီယံလိဂ် ဝင်ခွင့် ရပြီ ဖြစ်ပါတယ်။

(Read More နှိပ်ပြီး သတင်းကို အဆုံးထိ ဆက်လက် ဖတ်ရှုနိုင်ပါတယ်။)

” ကျနော်တို့ ဒီပွဲ မကစားခင်တည်းက နိုင်ပွဲက ဘယ်လောက် အရေးပါမလဲ ကြို သဘောပေါက်ထားခဲ့ပါတယ်။ ကျနေ်ာတို့ တကယ်ကို ကောင်းကောင်း မွန်မွန် ကစားခဲ့တယ်၊ ဂိုးကောင်း တစ်ဂိုး သွင်းနိုင်ခဲ့တယ်။

နောက်ပိုင်းမှာ ကျနော်တို့ အတော် ခံ ကစားခဲ့ရသေးတယ်။ ဒါပေမယ့် အဝေးကွင်းမှာ နိုင်ပွဲ ရလိုက်တာက တကယ့် ရမှတ်ကြီး ၃ မှတ် ရလိုက်တာပါပဲ။

ပထမ ၂၅ မိနစ်က အသက်ပဲ။ တကယ်ကို ပြီးပြည့်စုံတဲ့ စတင်မှု ဖြစ်ခဲ့တယ်။ ကျနေ်ာတို့ ဘောလုံး ကို အေးအေး ဆေးဆေး ကစားနိုင်ခဲ့တယ်။ ဒီပွဲက တကယ့် နိုင်ပွဲကြီးပါ။

ကာဆီမီရို ကိုတော့ ကျနော်တို့ တိုက်စစ်မှုး အဖြစ် ထားပြီးတောင် ကစားမှ ထင်တယ်။ ဘယ်လောက် ကောင်းလိုက်တဲ့ အဆုံးသတ်လဲဗျာ။

ရွှေလက်အိတ် ဆု အကြောင်း ပြောမယ် ဆိုရင်တော့ ဒါက ကျနေ်ာ တစ်ယောက်တည်း စွမ်းဆောင်မှု မဟုတ်ပါဘူး။ ကျနော်တို့ အားလုံး ဒီရာသီ ကျစ်လစ်စွာ စွမ်းဆောင်နိုင်ခဲ့လို့ပါ။ ” လို့ ဒီဂီယာက ပြောဆိုခဲ့ပါတယ်။

ဘုန်းမောက်နဲ့ ပွဲမှာ ဒီဂီယာ ကလည်း အရေးပါတဲ့ ကာကွယ်မှုတွေ လုပ်ခဲ့ပြီး clean sheet နောက်ထပ် တစ်ပွဲ ရအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။