မာရှယ် ကို စိတ်ကုန်ပြီး လက်လျှော့ ဥပက္ခာပြုလိုက်ပြီ ဖြစ်တဲ့ မန်ယူ ဘုတ်အဖွဲ့ရဲ့ ဆုံးဖြတ်ချက်
လိမ်ဖယ် လိမ်ဖယ် ဖြစ်နေတဲ့ တိုက်စစ်မှူး အန်သိုနီ မာရှယ်အပေါ်မှာ မန်ယူဘုတ်အဖွဲ့တစ်ခုလုံး သည်းခံနိုင် စိတ် ကုန်ဆုံးသွားပြီ ဖြစ်တဲ့အတွက် ဥပက္ခာပြုလိုက်ပြီ ဖြစ်တယ်လို့ သိရပါတယ်။
ဘုန်းမောက်ကို မန်ယူက ၁-၀ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပွဲစဉ်ရဲ့ ပွဲချိန် ၅၇ မိနစ်မှာ တိုက်စစ်မှူး ဗက်ဟော့တ်နဲ့ လူစားလဲခံ လိုက်ရပြီးတဲ့နောက် ပြင်သစ်သားဟာ အရန်ခုံတန်းဆီ ပြန်မသွားတော့ဘဲ ဥမင်လိုဏ်ခေါင်းထဲကို တစ်ချိုးတည်း လစ်သွားခဲ့တာပါ။
(Read More နှိပ်ပြီး သတင်းကို အဆုံးထိ ဆက်လက် ဖတ်ရှုနိုင်ပါတယ်။)

ဘုန်းမောက်နဲ့ ကစားတဲ့ပွဲဟာ မာရှယ်အတွက် နောက်ထပ် စိတ်ပျက်စရာကောင်းတဲ့ စွမ်းဆောင်ရည်မျိုးရှိတဲ့ပွဲ ဖြစ်ခဲ့ပြီး ပြင်သစ်သားဟာ ဒီရာသီမှာ ယူနိုက်တက်အတွက် ၂၇ ပွဲ ကစားထားပေမဲ့ ၈ ဂိုးပဲ သွင်းပေးနိုင်ခဲ့ပါတယ်။
ဒါကြောင့် အချိုးမပြေတဲ့ မာရှယ်အတွက် မန်ယူအသင်း ဘုတ်အဖွဲ့ဝင်တွေ အကုန်လုံးက သည်းခံနိုင်စိတ် ကုန်သွားပြီ ဖြစ်သလို ဒါကိုလည်း နည်းပြအဲရစ်တန်ဟတ်က သဘောတူတယ်လို့ The Sun သတင်းဝက်ဘ်ဆိုက်က ရေးသား ဖော်ပြပါတယ်။
ဝုဗ်အသင်းကို အနိုင်ရတဲ့ပွဲမှာ ဂိုးသွင်းနိုင်ခဲ့တဲ့ မာရှယ်ရဲ့ သွင်းဂိုးဟာ မန်ယူအတွက် နောက်ဆုံးကစားခဲ့တဲ့ ၁၀ ပွဲရဲ့ တစ်လုံးတည်းသော သွင်းဂိုးလည်း ဖြစ်ပါတယ်။
အခုနောက်ပိုင်း ကစားခဲ့တဲ့ ပွဲစဉ်တွေမှာ မာရှယ်ရဲ့ စိတ်အလိုမကျတဲ့ ပုံစံမျိုး ဖြစ်နေတဲ့ အနေအထားက သရဲနီ ပရိသတ်တွေကိုလည်း ပိုပြီး ပွဲဆူစေတာမျိုးပါ။
နောက်ပြီး အိုးလ်ထရက်ဖို့ဒ်မှာ ကစားနေတဲ့ ပွဲတစ်ပွဲမှာ ပွဲကစားနေချိန် လက်အိတ်လာပြီး ဝတ်ဖို့ ကြိုးစားတဲ့ အသက် ၂၇ နှစ်အရွယ် မာရှယ်ကြောင့် အသင်းဝန်ထမ်းတွေလည်း စိတ်ပျက်ခဲ့ရတာမျိုး ရှိပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်မှာ မိုနာကိုကနေ မန်ယူကို ပြောင်းလာတော့ မာရှယ်ဟာ အသက် ၁၉ နှစ်ပဲ ရှိသေးပြီး ပြောင်းရွှေ့ကြေး ပေါင် ၃၆ သန်းအထိ ရှိခဲ့တာကြောင့် အဲဒီအချိန်တုန်းက ဆယ်ကျော်သက် ကစားသမားတွေထဲမှာ စံချိန်တင် ပြောင်းရွှေ့ကြေးဖြစ်ခဲ့ပါတယ်။
ထပ်ပေါင်းကြေးတွေကို ပေါင်းထည့်လိုက်မယ်ဆိုရင် မာရှယ်ရဲ့ ပြောင်းရွှေ့ကြေးဟာ ပေါင် ၅၈ သန်းအထိ ရှိတယ် လို့လည်း သိရပါတယ်။
သူဟာ ယူနိုက်တက်နဲ့ ပထမဆုံး ရာသီမှာ ၁၇ ဂိုးအထိသွင်းပြီး ခြေစွမ်းပြနိုင် ခဲ့သလို အကောင်းဆုံးရာသီကတော့ ၂၀၁၉-၂၀ ဖြစ်ခဲ့ပြီး ၂၃ ဂိုးအထိ သွင်း နိုင်ခဲ့ပါတယ်။ အဲဒီနောက်ပိုင်း ပြီးခဲ့တဲ့ ဘောလုံးရာသီ ၃ ခုမှ မာရှယ်ဟာ ယူနိုက်တက်အတွက် ၁၆ ဂိုးပဲ သွင်းနိုင်ခဲ့ပြီး ယုံကြည်မှုနဲ့ ခြေစွမ်းပိုင်းက အကျဘက်ကို ဦးတည်လာခဲ့ပါတယ်။
ဒါပေမဲ့ နည်းပြတန်ဟတ်က မိုနာကို တိုက် စစ်မှူးဟောင်းအပေါ် အကာအကွယ်ပေးထားပြီး အဆင်ပြေသလို သုံးနေပေမဲ့ မာရှယ်ရဲ့ အချိုးမပြေတဲ့ ပုံစံကြောင့် အသင်းဘုတ်အဖွဲ့က သည်း ခံစိတ် ကုန်သွားတာဖြစ်ပါတယ်။