မန်ယူ ဖလား ၃ လုံးရတဲ့ ခေတ်ကို မသိသလို အိုဗာစကားတွေ ပြောလို့ လှောင်ခံနေရတဲ့ ပက် ဂွါဒီယိုလာ
၁၉၉၉ ခုနှစ်မှာ မန်ယူအသင်း သမိုင်းဝင် ဖလား ၃ လုံးယူတုန်းက သူ ကိုယ်တိုင်ဟာ ချာတိတ်ပဲရှိသေးတယ်ဆိုတဲ့ အပို စကားတစ်ခွန်းကြောင့် ပက် ဂွါဒီယိုလာတစ်ယောက် အလှောင်ခံနေရပြီဖြစ်ပါတယ်။
စပိန်သားနည်းပြဟာ ၂၀၂၂-၂၃ ဘောလုံးရာသီ ပရီးမီးယားလိဂ် ချန်ပီယံဆုကို ယူပြီးတဲ့နောက် သမိုင်းဝင် ဖလား ၃ လုံးရဖို့အတွက် လက်တစ်ကမ်း အကွာကို ရောက်နေပြီ ဖြစ်ပါတယ်။
(Read More နှိပ်ပြီး သတင်းကို အဆုံးထိ ဆက်လက် ဖတ်ရှုနိုင်ပါတယ်။)

နောက်ပြီး မန်ယူအသင်း ၁၉၉၉ ခုနှစ် ချန်ပီယံလိဂ် ဗိုလ်လုပွဲ ကစားတုန်းကလည်း နူးကမ့်ပွဲကြည့်စင်ပေါ်ကနေပြီး ဂွါဒီယိုလာက ထိုင်ကြည့် ခဲ့ဖူးသူဖြစ်ပါတယ်။
အင်္ဂလန်ဘောလုံး သမိုင်းတစ်လျှောက် တစ်ရာသီအတွင်း မှာ ဖလား ၃ လုံး ရဖူးတာဆိုလို့ မန်ယူတစ်သင်းတည်း သာ ရှိပြီး ဒီအသင်းရဲ့ ဂုဏ်သိက္ခာကို အမီလိုက်ဖို့အတွက် နီးကပ်လာချိန်မှာ စိတ်လှုပ်ရှားနေတဲ့ ဂွါဒီယိုလာဟာ လောကွတ်စကားတစ်ခု ပြောမိသွားခဲ့တာပါ။
ဘရိုက်တန်နဲ့ ကစားခဲ့တဲ့ ပွဲမတိုင်ခင် Sky Sport ရဲ့ ရုပ်သံအစီအစဉ်အတွက် စပိန်သားက စကားပြောခဲ့တဲ့ နေရာမှာ “ဗြိတိန်မှာတော့ အဲဒါက တစ်သက်မှာ တစ်ခါ ပဲ ဖြစ်ခဲ့တာပါ။ တစ်သင်းတည်းပဲ။ အဲဒါက ယူနိုက်တက်လေ။ ဘိုင်ယန်ကို နူးကမ့်ကွင်းမှာ သူတို့ အနိုင်ရတဲ့ပွဲပေါ့။ အဲဒီတုန်းက ကျွန်တော်ဟာ ချာတိတ်ပဲ ရှိသေးတယ် ” လို့ ပြောခဲ့တာပါ။
အဲဒီ ၁၉၉၉ ခုနှစ်မှာ ဂွါဒီယိုလာဟာ အသက် ၂၈ နှစ်အရွယ်ရှိနေပြီး ဘာစီလိုနာအသင်းမှာ ကစားခွင့် ရနေတဲ့ ကစားသမားတစ်ယောက် ဖြစ်နေပါပြီ။ ဒါကြောင့် ပွဲရှာချင်နေတဲ့ ကီးဘုတ်ဖိုက်တာတွေက ဂွါဒီယိုလာကို အခုလိုမျိုး ဝိုင်းလှောင်ကြပါတယ်။
” ချာတိတ်ကလေးတဲ့လား။ အသက် ၂၈ နှစ်အရွယ် လူတစ်ယောက်ကို ချာတိတ်လို့ခေါ်ရမှာ ငါ မသိခဲ့ပါလားဟ ” လို့ ပရိသတ် တစ်ယောက်က လူမှု ကွန်ရက်မှာ ရေးသားခဲ့ပါတယ်။
ဒုတိယ တစ်ယောက်ကတော့ ” ချာတိတ် တဲ့လားကွာ။ အသက်က ၂၈ နှစ်အရွယ် ရှိနေတဲ့ ဘောလုံးသမားဖြစ်နေပြီး အိုလံပစ် ဆုတံဆိပ်တွေနဲ့ ဘာစီလိုနာအတွက် ချန်ပီယံဆုဖလား ၁၅ ကြိမ် တောင် ရပြီးပြီလေ” လို့ ရေးခဲ့တာပါ။
တတိယ တစ်ယောက်တော့ “ဘယ်လို တွေတောင် လျှောက်ပြောနေတာလဲ။ အဲဒီဘောလုံးရာသီမှာ သူက ဘာစီလိုနာအတွက် ၂၆ ပွဲကစားပေးထားပြီး အသက်က ၂၈ နှစ်တောင် ရှိနေပြီ” လို့ ရေးခဲ့ပါတယ်။ နောက်ထပ် တစ်ယောက်ကလည်း
“ပက်ရေ။ ၁၉၉၉ ခုနှစ်မှာ ခင်ဗျားက ဘာစီလိုနာ အသင်းခေါင်းဆောင် ဖြစ်နေပြီး အသက်က ၂၈ နှစ်ရှိနေပြီလေ” လို့ ရေးခဲ့ပါတယ်။