အိုးထရက်ဖို့ဒ်မှာ ကန်မယ့် ရာသီပိတ်ပွဲ ဖြစ်သည့်တိုင် မန်ယူ အရှုံးလို့ ဇွတ် ဟောကိန်းထုတ်လာတဲ့ ပေါမာဆန်

နည်းပြ တန်ဟက်ရဲ့ မန်ချက်စတာယူနိုက်တက် အသင်း ဟာ ဒီရာသီ ပရီးမီးယားလိဂ် နောက်ဆုံးပွဲ အဖြစ် မနက်ဖြန် တနင်္ဂနွေနေ့မှာ လန်ဒန်ကလပ် ဖူလ်ဟမ် အသင်းကို အိမ်ကွင်း အိုးထရက်ဖို့ဒ်မှာ ဧည့်ခံကစားရမှာ ဖြစ်ပါတယ်။

ဘောလုံးပွဲတွေ သုံးသပ်နေကြ ဝါရင့်ကြီး ပေါမာဆန်ကတော့ ထူးထူးခြားခြားပဲ ရာသီနောက်ဆုံးပွဲ၊ အိမ်ကွင်းပွဲ ဖြစ်သည့်တိုင် မန်ယူ အရှုံးလို့ ခန့်မှန်းလာတာပါ။

(Read More နှိပ်ပြီး သတင်းကို အဆုံးထိ ဆက်လက် ဖတ်ရှုနိုင်ပါတယ်။)

ပေါမာဆန်က ” ယူနိုက်တက်ဟာ ချန်ပီယံလိဂ်ဝင်ခွင့် သေချာသွားပြီဖြစ်လို့ ဒီပွဲက သိပ်အရေးမပါလောက်ပါဘူး။ ဒီပွဲမှာ အဲရစ်တန်ဟက်အနေနဲ့ အဓိက ကစားသမားတချို့ကို အနားပေးလာနိုင်တာကြောင့် မာကိုဆေးဗားရဲ့အသင်းအတွက် အားသာချက် ရနိုင်ပါတယ်။

ဖူလ်ဟမ်က ဒီရာသီမှာ အံ့ဩအောင် လုပ်ပြခဲ့တယ်။ သူတို့မှာ ယူနိုက်တက် ခံစစ်ကြောင်းကို ဒုက္ခပေးနိုင်တဲ့ ကစားသမားတွေ ရှိနေတယ်။

ဒါကြောင့် အိုးလ်ထရက်ဖို့ဒ်မှာ နာမည်ကျော် နိုင်ပွဲတစ်ခု ရသွားပြီးတော့ ပရီးမီးယားလိဂ် တန်းတက်ရာသီမှာ အောင်အောင်မြင်မြင်နဲ့ အဆုံးသတ်သွားနိုင်မယ်ထင်ပါတယ်။ ” လို့ သုံးသပ်ထားတာ ဖြစ်ပါတယ်။

ပေါမာဆန်ကြီးရဲ့ ပွဲ ခန့်မှန်းရလဒ်ကတော့ မန်ချက်စတာ ယူနိုက်တက် ၁-၂ ဖူလ်ဟမ် ဖြစ်ပါတယ်။

ဒီနှစ်သင်း ကစားကြမယ့် ပွဲအပါအဝင် ပွဲစဉ် ၃၈ ကတော့ ကလပ်အသင်းတွေ အကုန်လုံး တပြိုနက်တည်း တနင်္ဂနွေ ည ၁၀ နာရီမှာ ကစားကြမှာပါ။