တောင်ပံတိုက်စစ်သမားတွေ ပုံနေတာ အားမရသေးလို့ ပစ်မှတ်သစ် ရှာထားတဲ့ တူချယ်

ချယ်ဆီးအသင်းဟာ ဂျာမန် အင်အားကြီးကလပ် ဘိုင်ယန်မြူးနစ်အသင်းနဲ့ စာချုပ်ကိစ္စ အဆင်မပြေ ဖြစ်နေတဲ့ ပြင်သစ် တောင်ပံ ကစားသမား ကင်စလေ ကိုးမန်းကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း ဂျာမန် အခြေစိုက် သတင်းဌာနတွေက အခိုင်အမာ ဖော်ပြသွားကြပါတယ်။

တူချယ်ရဲ့ ချယ်ဆီးအသင်းဟာ ပူလီဆစ် ၊ အိုဒွိုင်း ၊ ဇီရက်ဇ် စတဲ့ တောင်ပံ ကစားသမားတွေကို ပုံနေအောင် များပြားနေပေမယ့် အိုဒွိုင်းနဲ့ ဇီရက်ဇ်တို့ဟာ ပုံမှန် ခြေစွမ်းပြသနိုင်ဖို့ ရုန်းကန်နေရသလို ပူလီဆစ်ကလည်း ဒဏ်ရာချည်း ရနေတာကြောင့် ပစ်မှတ်သစ် ရှာဖွေလာခဲ့တာပါ။

အသက် ၂၅နှစ် အရွယ် ပြင်သစ် လက်ရွေးစင် တောင်ပံတိုက်စစ် ကစားသမား ကိုးမန်းဟာ ဘိုင်ယန်မြူးနစ် အသင်းနဲ့ စာချုပ်သက်တမ်း ၁နှစ်ကျော်သာ ကျန်တော့တဲ့ ကစားသမား တဦး ဖြစ်ပြီး ဘိုင်ယန်မြူးနစ် အက စာချုပ်သစ် ချုပ်ဆိုဖို့ ကြိုးစားနေပေမယ့် ကိုးမန်းကတော့ ဆွေးနွေးမှုတွေကို ရပ်ဆိုင်းထားပါတယ်။

ကိုးမန်းကသာ ယခုနှစ် ဘောလုံးရာသီ ကုန်ဆုံးချိန် အထိ စာချုပ်သစ် ချုပ်ဆိုခြင်း မရှိပါက ကိုးမန်းကို နောက်နှစ် နွေရာသီ အပြောင်းအရွှေ့မှာ ရောင်းထုတ်သွားမယ်လို့ ဘိုင်ယန်မြူးနစ်အသင်းရဲ့ အကြီးအကဲတွေက အတည်ပြုထားပါတယ်။

ဂျာမန်သတင်းဌာန တခု အဆိုအရ ချယ်ဆီးအသင်းဟာ ဘိုင်ယန်မြူးနစ်အသင်းနဲ့ ကိုးမန်းတို့ရဲ့ အခြေအနေကို အနီးကပ် စောင့်ကြည့်နေပြီး ဇန်နဝါရီ နဲ့ နွေရာသီ အပြောင်းအရွှေ့တို့မှာ ကိုးမန်းအတွက် ကမ်းလှမ်းမှုတွေ ပြုလုပ်သွားမယ်လို့ သိရပါတယ်။

ကစားသမား ကိုယ်တိုင်ကလည်း စိန်ခေါ်မှုအသစ်တွေကို ရင်ဆိုင်ချင်နေပြီး ဘိုင်ယန်မြူးနစ်အသင်း ကတော့ ကိုးမန်း အတွက် ပြောင်းရွှေ့ကြေး ယူရို ၆၀ သန်း ဝန်းကျင် အလိုရှိနေကြောင်း သတင်းထွက်ထားပါတယ်။

ZG

ခ်ယ္ဆီးအသင္းဟာ ဂ်ာမန္ အင္အားႀကီးကလပ္ ဘိုင္ယန္ျမဴးနစ္အသင္းနဲ႔ စာခ်ဳပ္ကိစၥ အဆင္မေျပ ျဖစ္ေနတဲ့ ျပင္သစ္ ေတာင္ပံ ကစားသမား ကင္စေလ ကိုးမန္းကို ေခၚယူဖို႔ စိတ္ဝင္စားေနေၾကာင္း ဂ်ာမန္ အေျခစိုက္ သတင္းဌာနေတြက အခိုင္အမာ ေဖာ္ျပသြားၾကပါတယ္။

တူခ်ယ္ရဲ႕ ခ်ယ္ဆီးအသင္းဟာ ပူလီဆစ္ ၊ အိုဒြိဳင္း ၊ ဇီရက္ဇ္ စတဲ့ ေတာင္ပံ ကစားသမားေတြကို ပံုေနေအာင္ မ်ားျပားေနေပမယ့္ အိုဒြိဳင္းနဲ႔ ဇီရက္ဇ္တို႔ဟာ ပုံမွန္ ေျခစြမ္းျပသႏိုင္ဖို႔ ႐ုန္းကန္ေနရသလို ပူလီဆစ္ကလည္း ဒဏ္ရာခ်ည္း ရေနတာေၾကာင့္ ပစ္မွတ္သစ္ ရွာေဖြလာခဲ့တာပါ။

အသက္ ၂၅ႏွစ္ အ႐ြယ္ ျပင္သစ္ လက္ေ႐ြးစင္ ေတာင္ပံတိုက္စစ္ ကစားသမား ကိုးမန္းဟာ ဘိုင္ယန္ျမဴးနစ္ အသင္းနဲ႔ စာခ်ဳပ္သက္တမ္း ၁ႏွစ္ေက်ာ္သာ က်န္ေတာ့တဲ့ ကစားသမား တဦး ျဖစ္ၿပီး ဘိုင္ယန္ျမဴးနစ္ အက စာခ်ဳပ္သစ္ ခ်ဳပ္ဆိုဖို႔ ႀကိဳးစားေနေပမယ့္ ကိုးမန္းကေတာ့ ေဆြးေႏြးမႈေတြကို ရပ္ဆိုင္းထားပါတယ္။

ကိုးမန္းကသာ ယခုႏွစ္ ေဘာလုံးရာသီ ကုန္ဆုံးခ်ိန္ အထိ စာခ်ဳပ္သစ္ ခ်ဳပ္ဆိုျခင္း မရွိပါက ကိုးမန္းကို ေနာက္နွစ္ ေႏြရာသီ အေျပာင္းအေ႐ႊ႕မွာ ေရာင္းထုတ္သြားမယ္လို႔ ဘိုင္ယန္ျမဴးနစ္အသင္းရဲ႕ အႀကီးအကဲေတြက အတည္ျပဳထားပါတယ္။

ဂ်ာမန္သတင္းဌာန တခု အဆိုအရ ခ်ယ္ဆီးအသင္းဟာ ဘိုင္ယန္ျမဴးနစ္အသင္းနဲ႔ ကိုးမန္းတို႔ရဲ႕ အေျခအေနကို အနီးကပ္ ေစာင့္ၾကည့္ေနၿပီး ဇန္နဝါရီ နဲ႔ ေႏြရာသီ အေျပာင္းအေ႐ႊ႕တို႔မွာ ကိုးမန္းအတြက္ ကမ္းလွမ္းမႈေတြ ျပဳလုပ္သြားမယ္လို႔ သိရပါတယ္။

ကစားသမား ကိုယ္တိုင္ကလည္း စိန္ေခၚမႈအသစ္ေတြကို ရင္ဆိုင္ခ်င္ေနၿပီး ဘိုင္ယန္ျမဴးနစ္အသင္း ကေတာ့ ကိုးမန္း အတြက္ ေျပာင္းေ႐ႊ႕ေၾကး ယူ႐ို ၆၀ သန္း ဝန္းက်င္ အလိုရွိေနေၾကာင္း သတင္းထြက္ထားပါတယ္။