မန်စီးတီး အက်ဖ်အေ ဖလားယူတာ ရင်နာအောင် ထိုင်ကြည့်ခိုင်းခံရတဲ့ မန်ယူ ကစားသမားများ
မန်ယူ နည်းပြ အဲရစ်တန်ဟက်ဟာ နောက်တစ်ကြိမ်မှာ အနိုင်ယူဖို့ ပိုပြီး စိတ်ဓာတ်ပြင်းပြလာအောင်လုပ်ဖို့အတွက် မန်စီးတီးအသင်း အက်ဖ်အေဖလားယူတာကို သူ့ရဲ့ မန်ချက်စတာယူနိုက်တက် ကစားသမားတွေကို ကြည့်ခိုင်းခဲ့ပါတယ်။
ဝင်ဘာလေမှာ ၂-၁ နဲ့ ရှုံးနိမ့်ခဲ့တဲ့ ယူနိုက်တက် ကစားသမားတွေဟာ စီးတီး အသင်းခေါင်းဆောင် ဂွမ်ဒိုဂန်နဲ့ သူ့ရဲ့ မန်စီးတီးအသင်းသားတွေ အက်ဖ်အေဖလား ကိုင်မြှောက်အောင်ပွဲခံတာကို ထိုင်ကြည့်ဖို့ ဖိအားပေးခံခဲ့ရတာပါ။
(Read More နှိပ်ပြီး သတင်းကို အဆုံးထိ ဆက်လက် ဖတ်ရှုနိုင်ပါတယ်။)

နောက်တကြိမ် စီးတီးနဲ့တွေ့တဲ့အခါ အနိုင်ယူမယ်ဆိုပြီး ပိုမိုစိတ်ဓာတ်ပြင်းပြသွားစေဖို့ မျှော်လင့်ချက်နဲ့ ယခု ရှုံးနိမ့်ရတဲ့ နာကျင်မှုကို မန်ယူနိုက်တက် ကစားသမားတွေ ခံစားစေချင်ခဲ့တာဖြစ်ကြောင်း တန်ဟက်က ပြောပြခဲ့ပါတယ်။
“လေးစားမှု ပြသတာဖြစ်သလို ဒါက လှုံ့ဆော်မှုတစ်ခုလဲ ဖြစ်တယ်။ ကိုယ့် ရင်ထဲ အသည်းထဲကနေ ဒါကို ခံစားရဖို့လိုတယ်။ နာကျင်ရတယ်လေ။ ဒါက ကျွန်တော့်တို့အသင်း၊ ကျွန်တော့်ကစားသမားတွေအတွက် လောင်စာတစ်ခုလို ဖြစ်ရမယ်။
စီးတီးက နိုင်ပွဲနဲ့ ထိုက်တန်ခဲ့ပါတယ်။ ဒါပေမယ့် ဒီရှုံးနိမ့်မှုကို နာကျင်ခံစားပြီးတော့ နောက်တဆင့်တက်နိုင်အောင် တွန်းအားအနေနဲ့ အသုံးချရမှာပါ” လို့ တန်ဟက်က ပြောကြားခဲ့တာ ဖြစ်ပါတယ်။
မန်ချက်စတာ ယူနိုက်တက်ဟာ ၆၂ ပွဲ ကစားခဲ့ရတဲ့ ရာသီအပြီး အခု အားလပ်ရက်တွေ ယူတော့မှာဖြစ်ပါတယ်။ ဒါပေမယ့် ဇူလိုင် ၁၂ ရက်မှာ ရာသီကြိုပြင်ဆင်မှုတွေ စတင်မှာဖြစ်ပြီး နော်ဝေမှာ လိဒ်စ်နဲ့ကစားဖို့ ရှိနေပါတယ်။