ဂိုးသမား ဒီဂီယာကို မန်ယူ ရောင်းဖြစ်အောင် ရောင်းဖို့ ရွိုင်ကိန်း ထပ်မံ တိုက်တွန်း ပြောဆို

အက်ဖ်အေ ဖလား ဖိုင်နယ် ရှုံးပွဲအပြီး မန်ချက်စတာယူနိုက်တက်ဟာ ဂိုးသမားသစ်တစ်ယောက်နဲ့ တိုက်စစ်မှူး အသစ် တစ်ယောက် ခေါ်ယူဖို့ လိုအပ်တဲ့အကြောင်းကို ရွိုင်ကိန်းက ထပ်လောင်းပြောဆိုသွားခဲ့ပါတယ်။

ယူနိုက်တက်ဟာ ဝင်ဘာလေမှာ မန်စီးတီးကို ၂-၁ နဲ့ ရှုံးနိမ့်ခဲ့သလို ဂိုးသမား ဒီဂီယာဟာ ထပ်မံပြီးတော့ ဆိုးရွားတဲ့ စွမ်းဆောင်ရည်မှာ ရှိနေခဲ့တာဖြစ်ပါတယ်။

(Read More နှိပ်ပြီး သတင်းကို အဆုံးထိ ဆက်လက် ဖတ်ရှုနိုင်ပါတယ်။)

ယူနိုက်တက်ဟာ ဂိုးပေါက်ကန်သွင်းမှု ၁၃ကြိမ် ရှိခဲ့ပေမယ့်လဲ open play ကနေ အခွင့်အရေးတွေကို အသုံး မချနိုင်ခဲ့သလို ဘရူနို ဖာနန်ဒက်စ်ရဲ့ ပင်နယ်တီနဲ့သာ ဂိုးရခဲ့တာပါ။

ဒီရှုံးပွဲဟာ အဲရစ်တန်ဟက်ရဲ့အသင်းအတွက် အဓိက ဆုဖလားတွေ ယှဉ်ပြိုင်ဖို့ ဘာလိုအပ်နေလဲဆိုတာကို ပြသနေတာ ဖြစ်တယ်လို့ ယူနိုက်တက်ကြယ်ပွင့်ဟောင်း ကိန်း က ပြောဆိုလိုက်ပါတယ်။

“သူတို့တွေ ဂိုးသမားအသစ်တစ်ယောက်၊ ကမ္ဘာ့အဆင့် တိုက်စစ်မှူးတစ်ယောက် ခေါ်ဖို့လိုတယ်။ ဒါချည်းပဲ ခဏခဏ ပြောနေရတာ စိတ်ကုန်လာပြီဗျာ”လို့ ကိန်းက မှတ်ချက်ပေးခဲ့တာပါ။

ဒီဂီယာဟာ ဒီရာသီ ပရီးမီးယားလိဂ် ရွှေလက်အိတ်ဆု ရခဲ့ပေမယ့်လဲ အမှားများစွာ လုပ်မိခဲ့တာကြောင့် သူ့ကို ရောင်းထုတ်ပစ်ဖို့ ကိန်းက ခဏခဏ တိုက်တွန်းခဲ့ဖူးတာပါ။

ဒီရာသီ ပေါ်တိုမှာ အထင်ကြီးစရာ လက်စွမ်းပြခဲ့တဲ့ ဂိုးသမား ဒီယိုဂို ကော်စတာဟာ ယူနိုက်တက်ရဲ့ နံပါတ်တစ် နေရာမှာ ဒီဂီယာကို စိန်ခေါ်ဖို့ ကလပ်က သဘောကျတဲ့ ရွေးချယ်စရာတစ်ခု ဖြစ်လို့နေပါတယ်။