တိုက်စစ်မှုး ပစ်မှတ်ဟောင်း၊ ပစ်မှတ်သစ်များ၊ ဝေဖန်ခံရတဲ့ အူဘာနဲ့ အာဆင်နယ် သတင်းတိုများ

ဘာစီလိုနာအသင်းဟာ အပြောင်းအရွှေ့ ကာလတွေတိုင်း ချိတ်ဆက်နေကျ အာဆင်နယ် တိုက်စစ်မှုး အူဘာမီးယန်း ကို လာမယ့် ဇန်နဝါရီမှာလည်း ထပ်မံ ကြိုးစားဖွယ် ရှိနေပါတယ်။

အာဆင်နယ်အနေနဲ့ စီးရီးအေကလပ် ဖီအိုရင်တီးနားတိုက်စစ်မူှး ဗလာဟိုဗစ်ကို ခေါ်ယူဖို့ နီးစပ်လျက် ရှိနေပြီဖြစ်ကြောင်း Gianluca Di Marzio က ဖော်ပြထားပါတယ်။ ဗလာဟိုဗစ် က လက်ရှိကလပ်နဲ့ စာချုပ်သစ် ကမ်းလှမ်းမှုကို ငြင်းဆန်ထားပြီး အသင်းပြောင်းလိုနေတာပါ။

အာဆင်နယ် ပစ်မှတ်ထားနေတဲ့ ရီးရဲတိုက်စစ်မှူး လူကာ ဂျိုဗစ်ဟာ အသင်းကနေ ထွက်ခွာချင်လျက် ရှိနေကြောင်း သတင်းထွက်နေပါတယ်။ အသက် ၂၃ နှစ်အရွယ် တိုက်စစ်မှူးဟာ ရီးရဲမှာ ရုန်းကန်နေရတာပါ။

အာဆင်နယ်ဟာ ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့မှာ တိုက်စစ်ပိုင်းကို အင်အားဖြည့်တင်းလိုတာကြောင့် ဆီဗီးလ်တိုက်စစ်မူှး နက်စရီကို ခေါ်ယူဖို့ ကမ်းလှမ်းခဲ့ပေမဲ့ ငြင်းပယ်ခံခဲ့ရကြောင်း သိရပါတယ်။

မန်ချက်စတာယူနိုက်တက် နောက်ခံလူဟောင်း ဂယ်ရီနဗီးလ်က တကယ်လို့ ကစားသမားဘဝမှာ မန်ယူကနေ ထွက်ခွာဖြစ်ခဲ့ရင် အာဆင်နယ်ကို ဦးစားပေး ပြောင်းဖြစ်မှာဖြစ်ကြောင်း၊ ဟိုက်ဘူရီရဲ့ အစဉ်အလာကို သူ နှစ်သက်ကြောင်း ဆိုခဲ့ပါတယ်။

ဒီတစ်ပတ်ယှဉ်ပြိုင်မဲ့ ပရီးမီးုယားလိဂ်ပွဲစဉ်မှာ အာဆင်နယ်အနေနဲ့ ဘရန်ဖို့ဒ်ကို ၃-၁ ဂိုးနဲ့ အနိုင် ရမှာဖြစ်ကြောင်း၊ အာဆင်နယ်ဟာ လက်ရှိမှာပြောင်းလဲစပြုလာပြီဖြစ်ကြောင်း မန်ယူ တိုက်စစ်မှူးဟောင်း ဘာဘာတော့ဗ်က သုံးသပ်ခဲ့ပါတယ်။

အာဆင်နယ်အနေနဲ့ ဆာကာနဲ့ စမစ်ရို့စ်တို့လို လူငယ်တွေအပေါ် အဓိက မှီခိုနေရတာ ရှက်စရာ ကောင်းကြောင်း၊ အူဘာမီယန်ဟာ အသင်းခေါင်းဆောင်ကောင်းမဟုတ်ဘဲခြေစွမ်း တည်ငြိမ်မှုလည်း မရှိကြောင်း ပါကားက ဝေဖန်ခဲ့ပါတယ်။

ZG

ဘာစီလိုနာအသင္းဟာ အေျပာင္းအေရႊ႕ ကာလေတြတိုငး္ ခ်ိတ္ဆက္ေနက် အာဆင္နယ္ တိုက္စစ္မႈး အူဘာမီးယန္း ကို လာမယ့္ ဇန္နဝါရီမွာလည္း ထပ္မံ ၾကိဳးစားဖြယ္ ရွိေနပါတယ္။

အာဆင္နယ္အေနနဲ႔ စီးရီးေအကလပ္ ဖီအိုရင္တီးနားတိုက္စစ္မဴွး ဗလာဟိုဗစ္ကို ေခၚယူဖို႔ နီးစပ္လ်က္ ရွိေနၿပီျဖစ္ေၾကာင္း Gianluca Di Marzio က ေဖာ္ျပထားပါတယ္။ ဗလာဟိုဗစ္ က လက္ရွိကလပ္နဲ႕ စာခ်ဳပ္သစ္ ကမ္းလွမ္းမႈကို ျငင္းဆန္ထားၿပီး အသင္းေျပာင္းလိုေနတာပါ။

အာဆင္နယ္ ပစ္မွတ္ထားေနတဲ့ ရီးရဲတုိက္စစ္မွဴး လူကာ ဂ်ိဳဗစ္ဟာ အသင္းကေန ထြက္ခြာခ်င္လ်က္ ရွိေနေၾကာင္း သတင္းထြက္ေနပါတယ္။ အသက္ ၂၃ ႏွစ္အရြယ္ တုိက္စစ္မွဴးဟာ ရီးရဲမွာ ရုန္းကန္ေနရတာပါ။

အာဆင္နယ္ဟာ ၿပီးခဲ့တဲ့ေႏြရာသီအေျပာင္းအေရႊ႕မွာ တုိက္စစ္ပိုင္းကို အင္အားျဖည့္တင္းလိုတာ​ေၾကာင့္ ဆီဗီးလ္တိုက္စစ္မဴွး နက္စရီကို ေခၚယူဖို႔ ကမ္းလွမ္းခဲ့ေပမဲ့ ျငင္းပယ္ခံခဲ့ရေၾကာင္း သိရပါတယ္။

မန္ခ်က္စတာယူႏုိက္တက္ ေနာက္ခံလူေဟာင္း ဂယ္ရီနဗီးလ္က တကယ္လုိ႔ ကစားသမားဘ၀မွာ မန္ယူကေန ထြက္ခြာျဖစ္ခဲ့ရင္ အာဆင္နယ္ကို ဦးစားေပး ေျပာင္းျဖစ္မွာျဖစ္ေၾကာင္း၊ ဟိုက္ဘူရီရဲ႕ အစဥ္အလာကို သူ နွစ္သက္ေၾကာင္း ဆုိခဲ့ပါတယ္။

ဒီတစ္ပတ္ယွဥ္ၿပိဳင္မဲ့ ပရီးမီးုယားလိဂ္ပြဲစဥ္မွာ အာဆင္နယ္အေနနဲ႔ ဘရန္ဖုိ႔ဒ္ကို ၃-၁ ဂိုးနဲ႔ အႏုိင္ ရမွာျဖစ္ေၾကာင္း၊ အာဆင္နယ္ဟာ လက္ရွိမွာေျပာငး္လဲစျပဳလာၿပီျဖစ္ေၾကာငး္ မန္ယူ တုိက္စစ္မွဴးေဟာင္း ဘာဘာေတာ့ဗ္က သံုးသပ္ခဲ့ပါတယ္။

အာဆင္နယ္အေနနဲ႔ ဆာကာနဲ႔ စမစ္ရို႕စ္တုိ႔လို လူငယ္ေတြအေပၚ အဓိက မွီခိုေနရတာ ရွက္စရာ ေကာင္းေၾကာငး္၊ အူဘာမီယန္ဟာ အသင္းေခါင္းေဆာင္ေကာင္းမဟုတ္ဘဲေျခစြမ္း တည္ၿငိ္မ္မႈလည္း မရွိေၾကာင္း ပါကားက ေ၀ဖန္ခဲ့ပါတယ္။