မေဆန် ဂရင်းဝုဒ် အပေါ် မန်ယူ နည်းပြ တန်ဟက် သဘောထား ဘယ်လို ရှိနေသလဲ
မန်ချက်စတာယူနိုက်တက် နည်းပြအဲရစ်တန်ဟက်နှင့် ကစားသမားများဟာ မေဆင်ဂရင်းဝုဒ်အား အသင်းသို့ ပြန်လည် ခေါ်ဆောင်ချင် နေပါတယ်။
အဲရစ်တန်ဟက်ဟာ အမှုအားလုံးမှ ကွင်းလုံးကျွတ်လွတ်မြောက်လာခဲ့တဲ့ အသက် ၂၁ နှစ်ရှိ ဂရင်းဝုဒ်ကို အသင်းတွင် ဆက်လက်ရှိစေလိုနေပါတယ်။ ဒါပေမဲ့ အသင်းတွင် ဆက်ရှိ/မရှိကို ကလပ်တာဝန်ရှိသူများကသာ ဆုံးဖြတ်လာမှာလည်း ဖြစ်ပါတယ်။
(Read More နှိပ်ပြီး သတင်းကို အဆုံးထိ ဆက်လက် ဖတ်ရှုနိုင်ပါတယ်။)

ယူနိုက်တက်တာဝန်ရှိသူများဟာ ဂရင်းဝုဒ်ကို အသင်းတွင် ဆက်ထိန်းထားရန် ဆုံးဖြတ်လာပါက အမျိုးသမီးအသင်းမှ ကစားသမားများရဲ့ ဆန့်ကျင်မှုရဲ့ ရင်ဆိုင်လာရနိုင်ခြေ ရှိမှုအပေါ် စိုးရိမ်နေပါတယ်။
ဒါပေမဲ့ လက်ရှိ ယူနိုက်တက်အသင်းမှ ကစားသမားအများစုကမူ ကလပ်ဘက်ကသာ သဘောတူညီလာမည်ဆိုပါက အသင်းတွင် ဂရင်းဝုဒ်ကို ဆက်ရှိစေလိုနေပါတယ်။
တဖက်တွင် အသင်းတာဝန်ရှိသူများဟာ ဂရင်းဝုဒ်ကို အသင်းတွင် ဆက်ကစားစေမည်ဆိုပါက အသင်းရဲ့စပွန်ဆာများနှင့် ကော်မာရှယ်ရှင်များက အသင်းအပေါ် ဆန့်ကျင်လာမှာကိုလည်း စိုးရိမ်နေပါတယ်။
ယူနိုက်တက်တာဝန်ရှိသူများဟာ ယခုနှစ်အစောပိုင်းတုန်းက ဂရင်းဝုဒ် အမှုမှ လွတ်မြောက်ကတည်းက အမှုကို ဆက်လက်စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေတာ ဖြစ်ပြီး မကြာမီကာလအတွင်းမှာ ဆုံးဖြတ်ချက်ချလာတော့မှာ ဖြစ်ပါတယ်။
ကာယကံရှင်ဖြစ်တဲ့ မေဆင်ဂရင်းဝုဒ်ကတော့ ယူနိုက်တက်တွင် ဆက်လက်ကစားလိုပေမဲ့လည်း သူ့ရဲ့ကစားသမားဘဝ ပြန်လည်ဦးမော့ရေးအတွက် နိုင်ငံခြားကလပ်တစ်ခုသို့ အငှားဖြင့် ထွက်ကစားကာ သူ့အပေါ် အာရုံစိုက်မှု လျှော့ကျလာအောင် လုပ်ဆောင်လိုနေပါတယ်။