ချက်ချင်း ငြင်းခံရတဲ့ မောင့် ကမ်းလှမ်းမှု၊ ခရီးနှင်လာမယ့် ဂင်မင်းဂျယ်၊ ကွင်းလယ်အဖျက် ပစ်မှတ်သစ်နဲ့ မန်ယူ အပြောင်းအရွှေ့သတင်းများ
မန်ချက်စတာယူနိုက်တက် ဟာ မေဆန်မောင့် အတွက် ပေါင် သန်း ၅ဝ နဲ့ ကမ်းလှမ်းမှု တင်သွင်းလိုက်ပြီး ချယ်ဆီး အသင်းဘက်က ချက်ချင်း ငြင်းဆန်ပယ်ချလိုက်ပါတယ်။ မောင့် အတွက် ချယ်ဆီးက ပေါင် သန်း ၇ဝ လောက် အလိုရှိနေပါတယ်။
နာပိုလီနောက်ခံလူ ဂင်မင်းဂျယ်အတွက် မန်ယူက ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီချက်တွေ ရထားခဲ့ပြီဖြစ်ပြီး တူရကီကနေ အီတလီ၊ အီတလီကနေ အင်္ဂလန်ကို ခရီးနှင်မယ့် တောင်ကိုရီးယားနောက်ခံလူကို တစ်ပတ်လုပ်ခ ပေါင် ၁၇၃,၀၀၀ ပေးချေဖို့ လုပ်ဆောင်နေသလို ပိုင်ရှင်အပြောင်းအလဲပြီးတာနဲ့ အမြန်ဆုံး ခေါ်ယူဖို့ စီစဉ်ထားပါတယ်။
(Read More နှိပ်ပြီး သတင်းကို အဆုံးထိ ဆက်လက် ဖတ်ရှုနိုင်ပါတယ်။)

ကွင်းလယ်အဖျက်ပိုင်းအတွက် နာမည်ကြီးတွေကို ခေါ်ယူသွားဖို့ အဆင်မပြေတဲ့ အခြေအနေမှာ မန်ယူတို့အတွက် အကောင်းဆုံး အဖြေတစ်ခုက ဒီရက်ပိုင်းအတွင်း ထွက်ပေါ်လာခဲ့ပြီး တန်းဆင်း လိဒ်စ်ယူနိုက်တက်အသင်းရဲ့ အမေရိကန်လက်ရွေးစင် တိုင်လာ အက်ဒမ်စ်ကို ပေါင်သန်း ၃၀ တည်းနဲ့ ခေါ်ယူနိုင်ဖို့ ရှိနေပါတယ်။
နည်းပြ အဲရစ် တန်ဟတ်အနေနဲ့ နောက်ခံလူ ဟာရီ မက်ဂွိုင်းယားကို ရောင်းထုတ်ဖို့ လုပ်ဆောင်နေခဲ့သလို တောင်ပံတိုက်စစ်မှူး ဂျေဒန် ဆန်ချိုကိုလည်း လူငယ်ကစားသမား ဂါနာချိုရဲ့ တောက်ပမှုကြောင့် ရောင်းထုတ်မှာဖြစ်ပြီး အက်စ်တန်ဗီလာဆီက စိတ်ဝင်စားမှုအတွက် ပေါင်သန်း ၆၀ လို့ ဈေးသတ်မှတ်လိုက်ပါတယ်။
ဘိုင်ယန်မြူးနစ်နဲ့ ဆက်ဆံရေးကောင်းတွေ ရှိထားတဲ့ အခြေအနေအပေါ် မန်ယူတို့ အခွင့်ကောင်းယူသွားနိုင်ဖို့ ရှိနေပြီး စိတ်မချရသေးတဲ့ ဂိုးသမားနေရာအတွက် ဂျာမန်ချန်ပီယံ ဘာဗေးရီးယားသားတွေရဲ့ ဆောင်းရာသီ ယာယီခေါ်ယူမှုဖြစ်ခဲ့တဲ့ ယန်း ဆွမ်းမားကို ပေါင် ၈.၃ သန်းတည်းနဲ့ ခေါ်ယူနိုင်ဖို့ စောင့်ကြည့်နေပါတယ်။