ကွန်တီ အခုကိုင်ရမှာက စပါးပါ၊ ချဲလ်ဆီး မဟုတ်ဘူးလို့ သတိပေးလိုက်တဲ့ ဂန်းနားဟောင်းကြီး ပေါမာဆန်

ဂန်းနားဟောင်းကြီး ပေါမာဆင်က တော့တင်ဟမ် စပါး နည်းပြသစ် ဖြစ်လာတဲ့ ကွန်တီဟာ လန်ဒန် ကလပ်အသင်းကို ချန်ပီယံလိဂ် ဝင်အောင် လုပ်ပေးနိုင်မှာမဟုတ်ဘူးလို့ သတိပေးစကားဆိုလိုက်ပါတယ်။

စပါးအသင်းဟာ ပိုချက်တီနို လက်အောက်မှာတုန်းက ဥရောပပြိုင်ပွဲတွေမှာ ပါဝင်ကစားခွင့်ရခဲ့သလို ၂၀၁၉ တုန်းကလည်း ချန်ပီယံလိဂ်ဖိုင်နယ် အထိ တက်ရောက်နိုင်ခဲ့ပေမယ့် ဒီနောက်ပိုင်း ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ လွဲချော်ခဲ့သလို ဒီရာသီမှာလည်း ယူရိုပါကွန်းဖရန့်လိဂ်မှာ ရုန်းကန်နေရပါတယ်။

ချဲလ်ဆီးနဲ့ အင်တာမီလန်နည်းပြဟောင်း ကွန်တီဟာ တော့တင်ဟမ်အသင်း ချန်ပီယံလိဂ်ကို ပြန်လည် ပို့ဆောင်နိုင်ခဲ့မယ်လို့ မျှော်လင့်နေပါတယ်။ ဒါပေမယ့် အာဆင်နယ်ဂန္ထဝင်ဟောင်း ပေါလ်မာဆင်က ကွန်တီဟာ တော့တင်ဟမ်ကို ချန်ပီယံလိဂ် ဝင်ခွင့်ရအောင်လုပ်ပေးနိုင်မှာမဟုတ်ဘူးလို့ ပြောကြားလိုက်ပါတယ်။

“ကွန်တီက တော့တင်ဟမ်ကို ထိပ်ဆုံး ၄ သင်းနေရာကို ပို့ဆောင်နိုင်မှာမဟုတ်ပါဘူး။ ပြီးတော့ သူ့မှာ အဲ့လို လုပ်ပေးနိုင်မယ့် ကစားသမားတွေလည်းမရှိပါဘူး။ ချဲလ်ဆီးမှာတုန်းက ထိပ်တန်းကစားသမားတွေ နဲ့ တောင့်တင်းတဲ့ လူစာရင်းရှိပါတယ်။ အခုဟာက တော့တင်ဟမ်ပါ။ ကွန်တီက သူတို့ကို ပိုကောင်းအောင် လုပ်ရဦးမှာပါ။

သူက ကမ္ဘာ့ အကောင်းဆုံးနည်းပြတွေထဲကတစ်ဦးပါ။ ဒါပေမယ့် သူကအံ့ဖွယ်လူသားမဟုတ်ပါဘူး။ ကျွန်တော်ကတော့ သူတော့တင်ဟမ်ကို ဆွဲတင်နိုင်မယ်မထင်ပါဘူး”လို့ ပေါလ်မာဆင်က ပြောကြားခဲ့ပါတယ်။

ပေါမာဆင်က ကွန်တီအနေနဲ့ ကိန်းကို သတိထားကိုင်တွယ်ရမယ်လို့လည်း ဆိုခဲ့ပါတယ်။ ကွန်တီဟာ ဗီတက်ဆီနဲ့ ပွဲမှာ စတင်ကိုင်တွယ်ခဲ့ကာ ၃-၂ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။

ZG

ဂန္းနားေဟာင္းၾကီး ေပါလ္မာဆင္က ေတာ့တင္ဟမ္ စပါး နည္းျပသစ္ ျဖစ္လာတဲ့ ကြန္တီဟာ လန္ဒန္ ကလပ္အသင္းကို ခ်န္ပီယံလိဂ္ ဝင္ေအာင္ လုပ္ေပးႏိုင္မွာမဟုတ္ဘူးလို႔ သတိေပးစကားဆိုလိုက္ပါတယ္။

စပါးအသင္းဟာ ပိုခ်က္တီႏို လက္ေအာက္မွာတုန္းက ဥေရာပၿပိဳင္ပြဲေတြမွာ ပါဝင္ကစားခြင့္ရခဲ့သလို ၂၀၁၉ တုန္းကလည္း ခ်န္ပီယံလိဂ္ဖိုင္နယ္ အထိ တက္ေရာက္ႏိုင္ခဲ့ေပမယ့္ ဒီေနာက္ပိုင္း ခ်န္ပီယံလိဂ္ဝင္ခြင့္နဲ႔ လြဲေခ်ာ္ခဲ့သလို ဒီရာသီမွာလည္း ယူ႐ိုပါကြန္းဖရန္႔လိဂ္မွာ ႐ုန္းကန္ေနရပါတယ္။

ခ်ဲလ္ဆီးနဲ႔ အင္တာမီလန္နည္းျပေဟာင္း ကြန္တီဟာ ေတာ့တင္ဟမ္အသင္း ခ်န္ပီယံလိဂ္ကို ျပန္လည္ ပို႔ေဆာင္ႏိုင္ခဲ့မယ္လို႔ ေမွ်ာ္လင့္ေနပါတယ္။ ဒါေပမယ့္ အာဆင္နယ္ဂႏၴဝင္ေဟာင္း ေပါလ္မာဆင္က ကြန္တီဟာ ေတာ့တင္ဟမ္ကို ခ်န္ပီယံလိဂ္ ဝင္ခြင့္ရေအာင္လုပ္ေပးႏိုင္မွာမဟုတ္ဘူးလို႔ ေျပာၾကားလိုက္ပါတယ္။

“ကြန္တီက ေတာ့တင္ဟမ္ကို ထိပ္ဆုံး ၄ သင္းေနရာကို ပို႔ေဆာင္ႏိုင္မွာမဟုတ္ပါဘူး။ ၿပီးေတာ့ သူ႔မွာ အဲ့လို လုပ္ေပးႏိုင္မယ့္ ကစားသမားေတြလည္းမရွိပါဘူး။ ခ်ဲလ္ဆီးမွာတုန္းက ထိပ္တန္းကစားသမားေတြ နဲ႔ ေတာင့္တင္းတဲ့ လူစာရင္းရွိပါတယ္။ အခုဟာက ေတာ့တင္ဟမ္ပါ။ ကြန္တီက သူတို႔ကို ပိုေကာင္းေအာင္ လုပ္ရဦးမွာပါ။

သူက ကမာၻ႔ အေကာင္းဆုံးနည္းျပေတြထဲကတစ္ဦးပါ။ ဒါေပမယ့္ သူကအံ့ဖြယ္လူသားမဟုတ္ပါဘူး။ ကြၽန္ေတာ္ကေတာ့ သူေတာ့တင္ဟမ္ကို ဆြဲတင္ႏိုင္မယ္မထင္ပါဘူး”လို႔ ေပါလ္မာဆင္က ေျပာၾကားခဲ့ပါတယ္။

ေပါမာဆင္က ကြန္တီအေနနဲ႔ ကိန္းကို သတိထားကိုင္တြယ္ရမယ္လို႔လည္း ဆိုခဲ့ပါတယ္။ ကြန္တီဟာ ဗီတက္ဆီနဲ႔ ပြဲမွာ စတင္ကိုင္တြယ္ခဲ့ကာ ၃-၂ ဂိုးနဲ႔ အႏိုင္ရရွိခဲ့ပါတယ္။