ရက်ဖို့ဒ်ကြောင့် ရှင်းခံရမယ့် ဒီဂီယာ၊ ပစ်ဖို့ဒ် တန်ကြေး၊ ဟာ့ဂျ်လန်းအား အဲရစ်ဆန် ထောက်ခံမှုနဲ့ မန်ယူ ထူးခြား သတင်းတိုများ
မနေ့ညက ကစားခဲ့တဲ့ ပေါ်တူဂီနဲ့ ဘော့စ်နီးယားတို့ရဲ့ ယူရို ခြေစစ်ပွဲမှာ ပေါ်တူဂီ အသင်းက ၃-၀ နဲ့ ဂိုးပြတ် အနိုင်ရသွားခဲ့ပါတယ်။
ထိုပွဲမှာ မန်ချက်စတာ ယူနိုက်တက် ကွင်းလယ် ကစားသမား ဘရူနို ဖာနန်ဒက်စ် က ဒုတိယနဲ့ တတိယ ဂိုးတွေကို သွင်းယူခဲ့ပါတယ်။ ယူနိုက်တက် နောက်ခံလူ ဒီယေဂို ဒါလော့ ကတော့ ထိုပွဲမှာ ပါဝင် မကစားခဲ့ရဘဲ အရန်ကနေ သာ ပါဝင်ခဲ့ပါတယ်။
(Read More နှိပ်ပြီး သတင်းကို အဆုံးထိ ဆက်လက် ဖတ်ရှုနိုင်ပါတယ်။)

ရက်ဖို့ဒ် အခုလို သိသိသာသာ လစာတိုးဖို့ အတွက် ဒီဂီယာရဲ့ လစာကို လျှော့ချ ဒါမှမဟုတ် ရှင်းထုတ်သွားဖို့ ရှိနေတာကြောင့် စပိန်သား ဂိုးသမားရဲ့ အိုးထရက်ဖို့ဒ်နဲ့ အနာဂတ်ကတော့ ပိုပြီး မှေးမှိန်လာနေပါတယ်။
အဲဗာတန်အသင်းဟာ ဘဏ္ဍာရေး ရှင်းတမ်းတွေ ထိန်းညှိရာမှာ ငွေလိုနေတာကြောင့် သူတို့ ဂိုးသမား ပစ်ဖို့ဒ်ကို ဒီနွေမှာ ရောင်းထုတ်သွားဖွယ် ရှိနေပါတယ်။ သတင်းတွေ အရ မန်ချက်စတာ ယူနိုက်တက်ဟာ ပစ်ဖို့ဒ်အား ပေါင် ၄၅ သန်းနဲ့ ကမ်းလှမ်းဖို့ ပြင်ဆင်နေတယ်လို့လည်း သိရပါတယ်။
ယူနိုက်တက် တိုက်စစ်မှုး မားကပ် ရက်ဖို့ဒ်ဟာ တစ်ပတ် လုပ်ခ ပေါင် ၃သိန်း ၇သောင်းခွဲ ရမယ့် စာချုပ်သစ် တစ်ရပ် သက်တမ်းတိုး လက်မှတ်ရေးထိုးတော့မှာပါ။
မန်ချက်စတာ ယူနိုက်တက်ဟာ လာမယ့် ရက်ပိုင်း အတွင်း မေဆန်မောင့် အတွက် ပေါင် သန်း ၅ဝ နဲ့ ဒုတိယ အကြိမ် ကမ်းလှမ်းမှု တင်သွင်းတော့မှာပါ။ ချယ်ဆီးဘက်ကတော့ အနည်းဆုံး ပေါင် သန်း ၇၀ ရမှ ရောင်းမယ်လို့ တင်းခံနေဆဲ ဖြစ်ပါတယ်။
အီရန် လက်ရွေးစင် ဖြစ်တဲ့ Zidane Iqbal ဟာ ဒီနွေမှာ မန်ချက်စတာ ယူနိုက်တက်ကနေ အပြီး ထွက်ခွာသွားဖွယ် ရှိပါတယ်။ ယခင်က အငှားထွက်ဖို့ ကစားသမားက ငြင်းဆန်ခဲ့တာကြောင့် ဒီတကြိမ်မှာတော့ တန်ဟက် က သူ့ အစီအစဉ်တွေထဲ Iqbal ထည့်မလား ဆိုတာ အပေါ် မူတည်ကာ ရောင်း၊ မရောင်း ဆုံးဖြတ်ဖွယ် ရှိပါတယ်။
ယူနိုက်တက်ရဲ့ ဒိန်းမတ် ကွင်းလယ် ကစားသမား အဲရစ်ဆန်က သူ့ရဲ့ နိုင်ငံ အသင်းဖော် ဟာ့ချ်လန်း ဟာ မန်ချက်စတာ ကလပ် ခေါ်ယူဖို့ ကောင်းမွန်တဲ့ ရွေးချယ်မှု ဖြစ်ကြောင်း ဖွင့်ဟလိုက်ပါတယ်။ ဒါပေမယ့် နည်းပြ တန်ဟက် ထံ ကိုတော့ သူ့ရဲ့ ထောက်ခံစကား မပြောရသေးဘူးလို့လည်း ဆိုပါတယ်။