မန်ချက်စတာဖွား၊ အကယ်ဒမီထွက် ဖြစ်ပေမယ့် တန်ဟက်နဲ့ အဆင်မပြေလို့ မန်ယူကနေ ခွာတော့မယ် လူငယ်ကြယ်ပွင့်
မန်ချက်စတာ ယူနိုကတက် နည်းပြတန်ဟတ်ရဲ့ ခပ်ကြမ်းကြမ်း ဆဲရေးကြိမ်းမောင်းတာမျိုး ခံခဲ့ရပြီးတဲ့နောက် လူငယ် ကစားသမားလေးဖြစ်တဲ့ ဇီဒန်းအီကဘယ် ဟာ မန်ယူအသင်းကနေ ထွက်သွားတော့မယ်လို့ သိရပါတယ်။
နယ်သာလန်သား နည်းပြဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ယူနိုက်တက်ကို ကာရာဘောင်ဖလား ယူပေးနိုင်ခဲ့ပြီး ချန်ပီယံလိဂ်ဝင်ခွင်လည်း သေချာစေခဲ့တဲ့အပြင် အက်ဖ်အေဖလား ဗိုလ်လုပွဲအထိလည်း ပို့ပေးနိုင်ခဲ့သူပါ။
(Read More နှိပ်ပြီး သတင်းကို အဆုံးထိ ဆက်လက် ဖတ်ရှုနိုင်ပါတယ်။)

အခုလက်ရှိမှာတော့ နည်းပြ တန်ဟတ်ဟာ ရာသီသစ်အတွက်ကြိုတင်ပြင်ဆင်တာမျိုးတွေ လုပ်နေပြီး အပြောင်းအရွှေ့ဈေးကွက်ထဲမှာ စိတ်နှစ်ထားပါတယ်။
ဒါပေမဲ့ အသက် ၂၀ အရွယ် လူငယ်ကစားသမားလေး ဇီဒန်းအီကဘယ်ကတော့ နည်းပြတန်ဟတ်ရဲ့ အစီအစဉ်ထဲမှာ ပါဝင်လာတော့မှာမဟုတ်ဘဲ အိုးလ်ထရက်ဖို့ဒ်ကို ကျောခိုင်းသွားတော့မှာ ဖြစ်တယ်လို့ သတင်းတွေက ဆိုပါတယ်။
ဘာကြောင့်လဲဆိုတော့ နယ်သာလန်သားဟာ ဇီဒန်း အီကဘယ်ကို လေ့ကျင့်ရေးအစီအစဉ် တစ်ခုမှာ ရိုင်းရိုင်းစိုင်းစိုင်း ဆဲရေးတိုင်းထွာခဲ့လို့ပဲ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဘောလုံးရာသီ အစောပိုင်းမှာ လုပ်ခဲ့တဲ့ လေ့ကျင့်ရေး အစီအစဉ်တစ်ခုမှာ ဘောလုံး စကေးပြနေတဲ့ ဇီဒန်းအီကဘယ်ကို တန်ဟတ်က
” ဘောလုံးကို အောက်ချပြီး ကစား၊ ဇီဒန်း ဘောလုံးကို ငြိမ်အောင် ကစား။ ေ-ာက် ဗရုတ်သုတ်ခတွေ လုပ်မနေနဲ့ ” လို့ အော်ဟစ်ခဲ့တာကို လူမှုကွန်ရက်ပေါ် ပျံ့လာခဲ့တဲ့ ရုပ်သံဖိုင် တစ်ခုမှာ တွေ့ခဲ့ရပါတယ်။
ဒါကြောင့် အခုဆိုရင်တော့ အီရတ် လက်ရွေးစင်ဟာ အိုးလ်ထရက်ဖို့ဒ်ကို အပြီးသတ် ကျောခိုင်းသွားဖို့အတွက် သေချာသလောက်ရှိနေပြီး အဲဒီလို မဖြစ်ခဲ့ဘူးဆိုရင်တောင်မှ ပွဲကစားခွင့်ရဖို့အတွက် တခြား ကလပ်အသင စ်သင်းဆီကို အငှားနဲ့ ပြောင်းတော့မယ်လို့ သတင်း တွေက ဆိုပါတယ်။
မန်ချက်စတာမှာ မွေးဖွားပြီး ကြီးပြင်းလာခဲ့တဲ့ ဇီဒန်းအီ ကဘယ်ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီ နည်းပြ တန်ဟတ်ရဲ့ လက်အောက်မှာ အသင်းကြီးနဲ့အတူ ပွဲစားချိန် လုံး၀ မရခဲ့သူဖြစ်ပါတယ်။
မန်ယူကို တန်ဟတ် ရောက်မလာခင် နည်းပြဟောင်း ရန်းနစ်ရဲ့ လက်ထက်မှာတော့ ဇီဒန်းအီက ဘယ်ဟာ ယန်းဘွိုင်းနဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲမှာ မန်ယူအတွက် ပွဲထွက်ခွင့် ရခဲ့ပါသေးတယ်။
ဒါကြောင့် ပွဲကစားခွင့်ရဖို့အတွက် အငှားနဲ့ လာခေါ်မယ် ဆိုရင်လည်း လိုက်သွားမှာ ဖြစ်တယ်လို့ ကာယကံရှင် ကစားသမားက သူ့ရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး ပွင့်ပွင့်လင်းလင်း ထုတ်ပြောထားပါတယ်။