မန်ယူမှ မန်ယူ ဖြစ်နေတဲ့ မေဆန်မောင့်၊ ဂိုးသွင်းပြန်တဲ့ ရက်ဖို့ဒ်၊ အိုဆင်ဟမ် လွဲရခြင်းနဲ့ မန်ချက်စတာ ယူနိုက်တက် သတင်းထူးများ
ညက ကစားခဲ့တဲ့ ယူရိုခြေစစ်ပွဲစဉ်တွေမှာ အင်္ဂလန်အသင်းက မြောက်မက်ဆီဒိုးနီးယားအသင်းကို ၇ ဂိုးပြတ် အနိုင် ရခဲ့ပြီး မန်ယူ တိုက်စစ်မှုး ရက်ဖို့ဒ်ကလည်း တစ်ဂိုး သွင်းယူခဲ့ပါတယ်။။
အဲရစ် တန်ဟက်ဟာ ဝက်စ်ဟမ်းအသင်းခေါင်းဆောင် ဒီကလန် ရိုက်စ်ကို ခေါ်ယူဖို့ အားထုတ်မှုမှာ တိုးတက်မှုမရှိတဲ့ မန်ချက်စတာယူနိုက်တက် အသင်း တာဝန်ရှိသူတွေနဲ့ပတ်သက်ပြီး မပျော်မရွှင်ဖြစ်နေတယ်လို့ သိရပါတယ်။
(Read More နှိပ်ပြီး သတင်းကို အဆုံးထိ ဆက်လက် ဖတ်ရှုနိုင်ပါတယ်။)

တန်ဟက်ဟာ ဒီကလန် ရိုက်စ်ကို မန်ယူနိုက်တက်ကွင်းလယ်အတွက် ပြီးပြည့်စုံတဲ့ခေါ်ယူမှုအဖြစ် သတ်မှတ်ထားပြီး ဝက်စ်ဟမ်းအသင်းကို တရားဝင် ကမ်းလှမ်းမှု ပြုလုပ်စေချင်နေပါတယ်။
ယူနိုက်တက် ပစ်မှတ်ထားနေတဲ့ တိုက်စစ်မှုး အိုဆင်ဟမ် က လက်ရှိကလပ်နဲ့ သက်တမ်းတိုး စာချုပ်သစ် ချုပ်ဆိုဖို့ သဘောတူညီမှု ရထားကြောင်း နာပိုလီ အသင်း ဥက္ကဌ ဒီလော်ရန်းတစ်စ် က ထုတ်ဖော် အသိပေးလိုက်ပါတယ်။
မန်ယူနဲ့ သတင်း မှေးမှိန်သွားပြီ ဖြစ်တဲ့ စပါးတိုက်စစ်မှုး ဟယ်ရီ ကိန်း ကို ပီအက်စ်ဂျီ အသင်းက အမ်ဘာပေ နေရာ အစားထိုးဖို့ ချိန်ရွယ်လာပါတယ်။
ချယ်ဆီးနဲ့ အင်္ဂလန် ကွင်းလယ် ကစားသမား မေဆန်မောင့် ဟာ မန်ချက်စတာ ယူနိုက်တက်ကိုပဲ အသင်း ပြောင်းရွှေ့ လိုနေတာက ချန်ပီယံလိဂ် ကစားချင်လို့ ဖြစ်ကြောင်း သိရပါတယ်။
စကိုင်းစပေါ့ သတင်း အဆိုအရ ပြင်သစ် လီဂူးဝမ်းကလပ် မိုနာကိုကနေ ထွက်ခွာဖို့ ဆုံးဖြတ်ထားတဲ့ ခံစစ်မှူး ဒီဇာဇီဟာ ယူနိုက်တက်ထံ ပြောင်းလာလိုနေတယ်လို့ ဆိုပါတယ်။ မန်ယူဘက်ကတော့ ၎င်းကို ခေါ်ယူဖို့ လှုပ်ရှားမှု မရှိသေးပါဘူး။
မန်ချက်စတာ ယူနိုက်တက်ဟာ တိုက်စစ်သမား ရက်ဖိုဒ့်ကို ကာလရှည် သက်တမ်းတိုးဖို့အတွက် သဘောတူညီမှု ရခဲ့သလို ကစားသမားကလည်း နည်းပြတန်ဟက်နဲ့ ဆက်လက် တွဲလုပ်ဖို့ ပျော်ရွှင်နေပါတယ်။
မန်ယူအသင်းဟာ ဒီဂီယာရဲ့ စာချုပ်သစ် နှောင့်နှေးမှု အနေအထားတွေကြောင့် ပရီးမီးယားလိဂ် ဂိုးသမားတစ်ယောက်ကို ပေါင် ၄၅ သန်းအထိ ပေးချေကမ်းလှမ်းဖို့ စီစဉ်နေကြောင်း သတင်းများ ထွက်ပေါ်နေပါတယ်။