ထိပ်တန်း တိုက်စစ်မှုးလား၊ ဂိုးသမားလား ဘယ်သူ့ ခေါ်မလဲ တစ်ယောက်ပဲ ရွေးရတော့မယ့် မန်ယူအသင်း
မန်ယူ အသင်း ဟာ လက်ရှိဘတ်ဂျက်အနေအထားအရ ဒီနွေမှာ ထိပ်တန်း တိုက်စစ်မှုး ဒါမှမဟုတ် ထိပ်တန်း ဂိုးသမား နှစ်ယောက်တည်း တစ်ယောက်ကိုသာ ရွေးချယ်ရလိမ့်မယ်လို့ အင်္ဂလန်က ဒေးလီးမေးလ် သတင်းက ဖော်ပြ လိုက်ပါတယ်။
ယူနိုက်တက်အနေနဲ့ ချဲလ်ဆီးက မေဆန်မောင့်အတွက် ပေါင်သန်း ၅၀ နဲ့အထက် သုံးရနိုင်လို့ အဓိက လိုအပ်ချက် နှစ်ခု စလုံးအတွက် တတ်နိုင်ခြင်းမရှိတာပါ။
စပါး တိုက်စစ်မှုးဟယ်ရီကိန်းဟာ တန်ဟက်ရဲ့အဓိက ပစ်မှတ် ဖြစ်ပေမယ့် မန်ယူအသင်း ဝယ်နိုင်တဲ့ အနေအထား မဟုတ်ဘူးလို့လည်း ဒေးလီးမေးလ်က အခုလ အစောပိုင်းမှာ ဖော်ပြထားပါတယ်။
စပါးက လာမယ့်လမှာ အသက် ၃၀ ပြည့်မှာဖြစ်သလို စာချုပ်သက်တမ်း တစ်နှစ်သာ ကျန်တော့တဲ့ ကစားသမား အတွက် ပေါင်သန်း ၁၀၀ တောင် တောင်းနေတာပါ။
အခုတော့ မေဆန်မောင့်ကို ခေါ်ယူရေးက ဦးစားပေး ဖြစ်နေတော့ မန်ယူဟာ တခြားနေရာတွေအတွက် လိုအပ်ချက်ကို ပြည့်မီအောင် ဖြည့်ဆည်းနိုင်မှာ မဟုတ်ပါဘူး။
ယူနိုက်တက်ဟာ အဲဗာတန်ဂိုးသမားပစ်ဖို့ဒ်ကိုလည်း စိတ်ဝင်စားနေပေမယ့် စုံစမ်းမှုတောင် မလုပ်ရသေးတာပါ။ ဒါ့အပြင် တန်ဟက်ဟာ နောက်တန်းကနေ ကစားကွက် ဖော်ဆောင်ရာမှာ ဒီဂီယာထက် ပိုကောင်းမယ့် အင်တာဂိုးသမား အိုနာနာကို လည်း သဘောကျနေပါတယ်။
ဒါပေမဲ့ အဲဒီကင်မရွန်းသားကို ခေါ်ယူဖို့ဆို ပေါင် ၄၅ သန်းဝန်းကျင်ကုန်ကျနိုင်တာပါ။ တစ်ခုရှိတာက အင်တာကို ကစားသမား အလိုက်ပေး ကမ်းလှမ်းမယ်ဆိုရင်တော့ ပြောင်းရွှေ့ကြေးလျော့သွားနိုင်ပါတယ်။
လောလောဆယ်တော့ ယူနိုက်တက်ဟာ အသင်းမှာ မလိုအပ်တော့တဲ့ သူတွေကို ရောင်းချဖို့လုပ်နပြီး ဘက်တစ်က စိတ်ဝင်စားနေတဲ့ နောက်ခံလူ ဘိုင်လီအတွက် ပေါင် ၂ သန်းအလိုရှိနေတာပါ။