မန်စီးတီး၊ မန်ယူ နှစ်သင်းလုံးနဲ့ ဒီဂီယာ တစ်ယောက်တည်း ရင်ဆိုင်သွားခဲ့ရတဲ့ မန်ချက်စတာ ဒါဘီ

မန်ချက်စတာဒါဘီမှာ မန်စီးတီးအသင်းက အကောင်းဆုံးပုံစံကိုပြပြီး ကစားသွားချိန်မှာတော့ ဆိုးရှားရဲ့ မန်ယူနိုက်တက်ဟာ စိတ်ပျက်စရာကစားပုံနဲ့ပဲ ကစားသွားရင်း အိမ်ကွင်းမှာ နောက်ထပ် ရုပ်ပျက်ဆင်းပျက် ဖြစ်ခဲ့ရပြန်ပါတယ်။

ဒီပွဲက မန်ချက်စတာ နှစ်သင်း ရင်ဆိုင်ရတာ ဆိုတာထက် ဒီနှစ်သင်းနဲ့ မန်ယူ ဂိုးသမား ဒီဂီယာပဲ ထိပ်တိုက် ရင်ဆိုင်ရတာလို့တောင် ပြောရမလိုပါ။ မန်စီးတီးရဲ့ ဖိကစားတဲ့ တိုက်စစ်တွေ အပြင် မန်ယူ ခံစစ်သမားတွေရဲ့ အမှားတွေကိုပါ ဒီဂီယာ တစ်ယောက်တည်း ကြံ့ကြံ့ခံ ကာကွယ်ခဲ့ရတာပါ။

ဒီနှစ်အတောအတွင်း ငွေကြေးသန်းပေါင်းများစွာ အသုံးပြုခွင့်ရခဲ့ပေမဲ့၊ ထိပ်တန်းကစားသမားတွေ ခေါ်ခွင့်ရခဲ့ပေမဲ့ အခုချိန်အထိ ကစားကွက်တစ်ခု၊ ကစားဟန်တစ်ခုကို အထိုင်မချနိုင်တဲ့နည်းပြနဲ့တော့ မန်ယူနိုက်တက် ဘာမှဖြစ်လာတော့မှာ မဟုတ်ပါဘူး။

လီဗာပူးလ်နဲ့ပွဲအပြီးမှာ ဆိုးရှားဟာ ဂွာဒီယိုလာ၊ ကလော့ပ်၊ တူဟယ်လ်တို့လို ထိပ်တန်းနည်းပြတွေနဲ့ တန်းတူရည်တူ ယှဉ်နိုင်တဲ့အဆင့်မှာ ရှိမနေဘူးလို့ ကစားသမားတွေ ယုံကြည်နေကြတယ် ဆိုတဲ့သတင်း ထွက်လာတာကလည်း အဆန်းမဟုတ်ပါဘူး။ ဒီနည်းပြကို ဒီအချိန်အထိ ဆက်ရှိစေခဲ့တဲ့ ဘုတ်အဖွဲ့နဲ့ တာဝန်ရှိသူတွေရဲ့ ရည်ရွယ်ချက်ကိုသာ မေးခွန်းထုတ်ရမှာ ဖြစ်ပါတယ်။

စပါးနဲ့ပွဲမှာ ရိုလ်နာဒို၊ ကာဗာနီတို့ရဲ့ စွမ်းဆောင်ရည်တွေကြောင့် ခံသာခဲ့ပေမဲ့ အတ္တလန်တာနဲ့ပွဲမှာရော၊ မန်စီးတီးပွဲမှာပါ ကစားပုံက ထူးမခြားနားသာဖြစ်ခဲ့ပြီးနောက် ဒီအလွန်မှာ ဆိုးရှား ဆက်ရှိနေမယ်ဆိုရင်တော့ အတော်ကို ကံကောင်းလွန်းလို့ပဲ ဆိုရပါမယ်။ ဒီတစ်ကြိမ်မှာတော့ ဘုတ်အဖွဲ့နဲ့ ဖာဂူဆန်တို့က သူတို့နည်းပြဘက်က ဆက်ရှိနေဦးမှာလားဆိုတာလည်း စောင့်ကြည့်ရပါမယ်။

ပွဲကတော့ ရိုးရှင်းပါတယ်။ ပထမပိုင်းကနေ ပွဲပြီးဆုံးသည်အထိ မန်စီးတီးအသင်းကပဲ ကွင်းတစ်ဘက်ခြမ်း ဖိကစားသွားခဲ့တာဖြစ်ပြီး သွင်းဂိုးတွေကို သက်တောင့်သက်သာ ရယူသွားခဲ့တာပါ။ ပထမပိုင်းမှာတင် လေး၊ ငါးဂိုးအထိ ပြတ်သွားနိုင်တဲ့ အခွင့်အရေးတွေ ရခဲ့ပေမဲ့ မန်ယူဂိုးသမား ဒီဂီယာ ကာင်းလွန်းတာကြောင့်သာ မန်ယူနိုက်တက် ခံသာခဲ့ရတာ ဖြစ်ပါတယ်။

ကန်ဆယ်လို၊ ဖိုဒန်တို့အတွဲက ဝမ်- ဘစ်ဆာကာရဲ့ ညာခြမ်းမှာ ကလေးနဲ့ လူကြီးအလား လုပ်ချင်းတိုင်းကို လုပ်သွားကြပြီး ဘယ်ခြမ်းကနေ အခွင့်အရေးပေါင်းများစွာကို ဖန်တီးနိုင်ခဲ့ပါတယ်။ ပွဲစပြီး သိပ်မကြာမီမှာပဲ ဘိုင်လီက ကိုယ့်ဂိုးကိုယ်သွင်းခဲ့တာကြောင့် မန်စီးတီးအတွက် ပိုသက်တောင့်သက်သာ ရှိသွားခဲ့တာဖြစ်ပြီး ပထမပိုင်းပြီးကာနီးမှာ ဘာနာဒိုဆေးဗားလ်က ဒုတိယဂိုး ထပ်သွင်းခဲ့ပါတယ်။

ဒုတိယပိုင်းမှာတော့ စီးတီးက ဂိုးတွေထပ်သွင်းဖို့ထက် ထိန်းကစားဖို့လမ်းကိုသာ ရွေးသွားခဲ့တာကြောင့် ၂-ဝ ရလဒ် နဲ့သာ အဆုံးသတ်ခဲ့တာ ဖြစ်ပါတယ်။

ZG

မန္ခ်က္စတာဒါဘီမွာ မန္စီးတီးအသင္းက အေကာင္းဆုံးပုံစံကိုျပၿပီး ကစားသြားခ်ိန္မွာေတာ့ ဆိုးရွားရဲ႕ မန္ယူႏိုက္တက္ဟာ စိတ္ပ်က္စရာကစားပုံနဲ႔ပဲ ကစားသြားရင္း အိမ္ကြင္းမွာ ေနာက္ထပ္ ႐ုပ္ပ်က္ဆင္းပ်က္ ျဖစ္ခဲ့ရျပန္ပါတယ္။

ဒီပြဲက မန္ခ်က္စတာ နွစ္သင္း ရင္ဆိုင္ရတာ ဆိုတာထက္ ဒီနွစ္သင္းနဲ႕ မန္ယူ ဂိုးသမား ဒီဂီယာပဲ ထိပ္တိုက္ ရင္ဆိုင္ရတာလို႔ေတာင္ ေျပာရမလိုပါ။ မန္စီးတီးရဲ႕ ဖိကစားတဲ့ တိုက္စစ္ေတြ အျပင္ မန္ယူ ခံစစ္သမားေတြရဲ႕ အမွားေတြကိုပါ ဒီဂီယာ တစ္ေယာက္တည္း ၾကံ႕ၾကံ႕ခံ ကာကြယ္ခဲ့ရတာပါ။

လူစာရင္းအရ ဒီအသင္းႏွစ္သင္းၾကားဟာ အဆင့္အတန္းခ်င္း သိပ္မကြာေပမဲ့လည္း ကစားဟန္အရေတာ့ မန္စီးတီးအသင္းက ေခါင္းတစ္လုံးမကသာတဲ့ အဆင့္အတန္းကိုျပသသြားခဲ့ၿပီး မန္ယူႏိုက္တက္ အဓိကျပင္ရမဲ့အရာဟာ ဘာျဖစ္သလဲဆိုတာကို ထပ္မံျပသသြားခဲ့တဲ့ပြဲလည္း ျဖစ္ပါတယ္။

ဒီႏွစ္အေတာအတြင္း ေငြေၾကးသန္းေပါင္းမ်ားစြာ အသုံးျပဳခြင့္ရခဲ့ေပမဲ့၊ ထိပ္တန္းကစားသမားေတြ ေခၚခြင့္ရခဲ့ေပမဲ့ အခုခ်ိန္အထိ ကစားကြက္တစ္ခု၊ ကစားဟန္တစ္ခုကို အထိုင္မခ်ႏိုင္တဲ့နည္းျပနဲ႔ေတာ့ မန္ယူႏိုက္တက္ ဘာမွျဖစ္လာေတာ့မွာ မဟုတ္ပါဘူး။

လီဗာပူးလ္နဲ႔ပြဲအၿပီးမွာ ဆိုးရွားဟာ ဂြာဒီယိုလာ၊ ကေလာ့ပ္၊ တူဟယ္လ္တို႔လို ထိပ္တန္းနည္းျပေတြနဲ႔ တန္းတူရည္တူ ယွဥ္ႏိုင္တဲ့အဆင့္မွာ ရွိမေနဘူးလို႔ ကစားသမားေတြ ယုံၾကည္ေနၾကတယ္ ဆိုတဲ့သတင္း ထြက္လာတာကလည္း အဆန္းမဟုတ္ပါဘူး။ ဒီနည္းျပကို ဒီအခ်ိန္အထိ ဆက္ရွိေစခဲ့တဲ့ ဘုတ္အဖြဲ႕နဲ႔ တာဝန္ရွိသူေတြရဲ႕ ရည္႐ြယ္ခ်က္ကိုသာ ေမးခြန္းထုတ္ရမွာ ျဖစ္ပါတယ္။

စပါးနဲ႔ပြဲမွာ ႐ိုလ္နာဒို၊ ကာဗာနီတို႔ရဲ႕ စြမ္းေဆာင္ရည္ေတြေၾကာင့္ ခံသာခဲ့ေပမဲ့ အတၱလန္တာနဲ႔ပြဲမွာေရာ၊ မန္စီးတီးပြဲမွာပါ ကစားပုံက ထူးမျခားနားသာျဖစ္ခဲ့ၿပီးေနာက္ ဒီအလြန္မွာ ဆိုးရွားဆက္ရွိေနမယ္ဆိုရင္ေတာ့ အေတာ္ကို ကံေကာင္းလြန္းလို႔ပဲ ဆိုရပါမယ္။ ဒီတစ္ႀကိမ္မွာေတာ့ ဘုတ္အဖြဲ႕နဲ႔ ဖာဂူဆန္တို႔က သူတို႔နည္းျပဘက္က ဆက္ရွိေနဦးမွာလားဆိုတာလည္း ေစာင့္ၾကည့္ရပါမယ္။

ပြဲကေတာ့ ႐ိုးရွင္းပါတယ္။ ပထမပိုင္းကေန ပြဲၿပီးဆုံးသည္အထိ မန္စီးတီးအသင္းကပဲ ကြင္းတစ္ဘက္ျခမ္း ဖိကစားသြားခဲ့တာျဖစ္ၿပီး သြင္းဂိုးေတြကို သက္ေတာင့္သက္သာ ရယူသြားခဲ့တာပါ။ ပထမပိုင္းမွာတင္ ေလး၊ ငါးဂိုးအထိ ျပတ္သြားႏိုင္တဲ့ အခြင့္အေရးေတြ ရခဲ့ေပမဲ့ မန္ယူဂိုးသမား ဒီဂီယာ ကာင္းလြန္းတာေၾကာင့္သာ မန္ယူႏိုက္တက္ ခံသာခဲ့ရတာ ျဖစ္ပါတယ္။

ကန္ဆယ္လို၊ ဖိုဒန္တို႔အတြဲက ဝမ္- ဘစ္ဆာကာရဲ႕ ညာျခမ္းမွာ ကေလးနဲ႔ လူႀကီးအလား လုပ္ခ်င္းတိုင္းကို လုပ္သြားၾကၿပီး ဘယ္ျခမ္းကေန အခြင့္အေရးေပါင္းမ်ားစြာကို ဖန္တီးႏိုင္ခဲ့ပါတယ္။ ပြဲစၿပီး သိပ္မၾကာမီမွာပဲ ဘိုင္လီက ကိုယ့္ဂိုးကိုယ္သြင္းခဲ့တာေၾကာင့္ မန္စီးတီးအတြက္ ပိုသက္ေတာင့္သက္သာ ရွိသြားခဲ့တာျဖစ္ၿပီး ပထမပိုင္းၿပီးကာနီးမွာ ဘာနာဒိုေဆးဗားလ္က ဒုတိယဂိုး ထပ္သြင္းခဲ့ပါတယ္။

ဒုတိယပိုင္းမွာေတာ့ စီးတီးက ဂိုးေတြထပ္သြင္းဖို႔ထက္ ထိန္းကစားဖို႔လမ္းကိုသာ ေ႐ြးသြားခဲ့တာေၾကာင့္ ၂-ဝ ရလဒ္ နဲ႔သာ အဆုံးသတ္ခဲ့တာ ျဖစ္ပါတယ္။