အကယ်ဒမီ ကြယ်ပွင့်ကို ရောင်းထုတ်လိုက်ပြီ၊ ဖရတ်၊ မက်ဂွဲရားကိုပါ ရောင်းထုတ်ဖို့ ကြိုးစားလာခြင်းနဲ့ မန်ယူ အပြောင်းအရွှေ့ သတင်းများ

ဒီကနေ့ ထွက်ပေးလာတဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ အပြောင်းအရွှေ့ သတင်းတွေကို ဖော်ပြသွားမှာဖြစ်ပါတယ်။

တိုက်စစ်မှူး ဟယ်ရီကိန်းက သူ့ကို မန်ချက်စတာ ယူနိုက်တက်ဘက်က ပြန်ပြီး စိတ်ဝင်စားလာဖို့ မျှော်လင့်နေပါတယ်။ အင်္ဂလန်သား တိုက်စစ်မှူးကို သဘောကျပေမယ့် စပါးဥက္ကဋ္ဌ လီဗိုင်းရဲ့ တင်းမာလွန်းတဲ့ စျေးတောင်းဆိုမှုကြောင့် ယူနိုက်တက်တို့ နောက်ဆုတ်ထားရတာပါ။

မန်ချက်စတာ ယူနိုက်တက်က ဖူလ်ဟမ်အသင်း အလိုရှိနေတဲ့ ကွင်းလယ်လူ ဖရတ်ကို ဒီနွေမှာ ရောင်းထုတ်ပေးသွားမှာပါ။ ယူနိုက်တက်က ကွင်းလယ်လူအတွက် ပေါင် သန်း ၂၀ ပဲ တောင်းဆိုပေမယ့် အဲ့ပမာဏဟာ ဖူလ်ဟမ်အတွက်တော့ များလွန်းနေဆဲပါ။

နယ်သာလန်ကလပ် FC Utrecht အသင်းဟာ မန်ချက်စတာ ယူနိုက်တက် လူငယ်ကြယ်ပွင့် ဇီဒန်းအစ်ဘယ်ကို လက်မှတ်ထိုးဖို့ သဘောတူညီမှု ရခဲ့ပါပြီ။ အသက် ၂၀ အရွယ် ကစားသမားဟာ ယူရို ၁ သန်းဖြင့် ပြောင်းရွှေ့မှာ ဖြစ်ပါတယ်။

လာမယ့်အပတ်မှာပဲ မန်ချက်စတာ ယူနိုက်တက်ဟာ မေဆန်မောင့်အတွက် ပြောင်းရွှေ့ကြေး တိုးမြှင့်ပေးထားတဲ့ ကမ်းလှမ်းမှု တစ်ခု ထပ်မံ ပြုလုပ်ပါမယ်။ ဒီတစ်ကြိမ် ကမ်းလှမ်းခြင်းက ပေါင် သန်း ၅၀ ဝန်းကျင် ရှိမှာဖြစ်ပြီး ပြီးခဲ့တဲ့ တစ်ကြိမ်ကတော့ ပေါင် သန်း ၄၀ ဖြင့် စကားပြောခဲ့တာပါ။

ယူနိုက်တက်ဟာ ဆောက်သမ်တန် ကွင်းလယ်လူ ရိုမီယို လာဗီယာကို သဘောကျပေမယ့်လို့ အရေးသာတဲ့ အဆင့်ထိ မရောက်သေးပါဘူး။

ဂိုးသမား ဒီဂီယာဟာ မန်ချက်စတာ ယူနိုက်တက်ကနေ ထွက်ခွာပြီး ဆော်ဒီလိဂ်ထံ ကူးပြောင်းမယ်လို့ သတင်းကြီးနေတာပါ။ စပိန်သား ဂိုးသမားကတော့ အိုးထရတ်ဖိုဒ့်မှာ ဆက်နေဖို့ကို ပိုမို စိတ်အားထက်သန်နေဆဲဖြစ်ပါတယ်။

မကြာခင်မှာတော့ နည်းပြတန်ဟက်နဲ့ မက်ဂွဲရားကြား တိုက်ရိုက် စကားပြောကြမှု ရှိလာမှာဖြစ်ပြီး ခံစစ်မှူး ဒီနွေမှာ အသင်းပြောင်းမလား အတွက် အဓိက ကျပါလိမ့်မယ်။