ရိုက်စ် အတွက် အလိုက်ပေး ကမ်းလှမ်းမှု၊ ဟာ့ဂျ်လန်း အတွက် ပြိုင်ဘက်၊ ကိန်း၊ ဖရက်၊ အိုဆင်ဟမ်တို့နဲ့ မန်ယူ အပြောင်းအရွှေ့ ထူးခြား သတင်းများ

မန္ယူ ပစ်မှတ်ထား နေတဲ့ ဒိန်းမတ် တိုက်စစ်မှူးလေး ဟာ့ဂျ်လန်း ကို ဘိုင်ယန်မြုးနစ် ကလည်း စိတ်ဝင်စား လာပြီလို့ သိရပါတယ်။

မန်ချက်စတာ ယူနိုက်တက်ဟာ ဝက်စ်ဟမ်း ကွင်းလယ် ကစားသမား ဒီကလန် ရိုက်စ် အတွက် ပြောင်းရွှေ့ကြေး အပြင် မက်ဂွဲရား ဒါမှမဟုတ် တော်မီနေး ကိုပါ အလိုက်ပေး ကမ်းလှမ်းဖို့ ပြင်ဆင်နေပါတယ်။

အာဆင်နယ် အသင်းကတော့ ရိုက်စ် အတွက် ပေါင် ၇၅ သန်း + အပိုဆုကြေး ၁၅ သန်းနဲ့ ကမ်းလှမ်းခဲ့ပေမဲ့ ပယ်ချခံခဲ့ရပါတယ်။ ဒါပေမဲ့ အာဆင်နယ်ဖက်ကတော့ ကစားသမားကို ခေါ်ယူနိုင်မယ်လို့ ယုံကြည်နေဆဲပါ။

စပါး တိုက်စစ်မှူး ဟယ်ရီကိန်းက သူ့ကို မန်ချက်စတာ ယူနိုက်တက်ဘက်က ပြန်ပြီး စိတ်ဝင်စားလာဖို့ မျှော်လင့်နေ ပါတယ်။ နည်းပြတန်ဟက်က အင်္ဂလန်သား တိုက်စစ်မှူးကို သဘောကျပေမယ့် စပါးဥက္ကဋ္ဌ လီဗိုင်းရဲ့ တင်းမာလွန်းတဲ့ ဈေးတောင်းဆိုမှုကြောင့် နောက်ဆုတ်ထားရတာပါ။

လီဗိုင်းဟာ ကိန်းအတွက် ပေါင် သန်း ၁၀၀ တောင်းဆိုနေသလို သူ့ ကစားသမားကို သက်တမ်းတိုး စာချုပ်သစ် ပေးနိုင်မယ်လို့လည်း ယုံကြည်ချက် ရှိနေတယ်။ ဒါပေမယ့် ကိန်းက အသင်းပြောင်းဖို့ စိတ်အားထက်သန်နေကာ သူ့ရဲ့ ပြောင်းရွှေ့ကြေးကို လျော့ချပေးမယ် မျှော်လင့်နေပါတယ်။

ဖူလ်ဟမ်အသင်း အလိုရှိနေတဲ့ ကွင်းလယ်လူ ဖရက်ကို မန်ချက်စတာ ယူနိုက်တက်က ဒီနွေမှာ ရောင်းထုတ် သွားမှာပါ။ အိုးထရတ်ဖိုဒ့်မှာ စာချုပ် တစ်နှစ်ပဲကျန်တဲ့ ဘရာဇီး ကွင်းလယ်လူဟာ ဒီနွေ လူစာရင်း ပြန်တည်ဆောက်ရေးမှာ ရှင်းထုတ်မှုထဲ ပါဝင်သွားပါမယ်။

ယူနိုက်တက်က ကွင်းလယ်လူ ဖရက် အတွက် ပေါင် သန်း ၂၀ ပဲ တောင်းဆိုပေမယ့် အဲ့ပမာဏဟာ ဖူလ်ဟမ် အတွက်တော့ များလွန်းနေဆဲပါ။ ဒါပေမယ့် နည်းပြ မာကိုစ်ဆေးဗားကတော့ အပြောင်းအရွှေ့ ဖြစ်မြောက်လာမယ် ယုံကြည်နေပါတယ်။

တိုက်စစ်မှူးသစ် ရှာဖွေမယ့် မန်ချက်စတာ ယူနိုက်တက်ဟာ နာပိုလီ တိုက်စစ်သမား အိုဆင်ဟမ်ကို ခေါ်ယူရေး အတွက် မှန်ကန်တဲ့ အချိန်ကို စောင့်ဆိုင်းသွားမှာပါ။ စီးရီးအေကလပ်ရဲ့ ဥက္ကဋ္ဌဟာ အပြောင်းအရွှေ့တွေ့မှာ စကားပြောရ ခက်ခဲသူအဖြစ် နာမည်ကြီးပါတယ်။

နယ်သာလန်ကလပ် FC Utrecht အသင်းဟာ မန်ချက်စတာ ယူနိုက်တက် လူငယ်ကြယ်ပွင့် ဇီဒန်းအစ်ဘယ်ကို လက်မှတ်ထိုးဖို့ သဘောတူညီမှု ရခဲ့ပါပြီ။ အသက် ၂၀ အရွယ် ကစားသမားဟာ ယူရို ၁ သန်းဖြင့် ပြောင်းရွှေ့မှာ ဖြစ်ပါတယ်။
အပျော်တမ်း လိဂ်ကနေ လိဂ်တူး ကို တန်းတက်လာတဲ့ ရက်ဆမ်း အသင်းဟာ အသင်းလက်မဲ့ ဖြစ်နေတဲ့ စတုတ် ကွင်းလယ်လူ နစ် ပိုဝဲလ် (မန်ယူနိုက်တက် ကွင်းလယ်လူဟောင်း) ကို အလွတ်နဲ့ ခေါ်ယူဖို့ လုပ်ဆောင် နေတယ်လို့ သိရပါတယ်။