ဖူလ်ဟမ် ပစ်မှတ်ထားလာတဲ့ ကွင်းလယ်လူ ဖရက်ဒ် အတွက် မန်ယူဘက်က ဈေးသတ်မှတ်
ဖူလ်ဟမ် အသင်းက စိတ်ဝင်စားနေတဲ့ ကွင်းလယ်လူ ဖရက်ဒ်ရဲ့ တန်ကြေးကို မန်ချက်စတာ ယူနိုက်တက် အသင်းဘက်က ဈေး သတ်မှတ်လိုက်ပါတယ်။ ဘရာဇီးသားရဲ့စာချုပ်သက်တမ်း ၁ နှစ်သာ ကျန်တော့တာဖြစ်ပြီး လာမယ့်နှစ်မှာ အလွတ်နဲ့လက်လွှတ်ရမယ့်အစား အခုနွေရာသီမှာ ရောင်းချချင်နေတာဖြစ်ပါတယ်။
တန်ဟက်က အခုနွေရာသီမှာ ကွင်းလယ်ပိုင်းကိုအားဖြည့်ဖို့ လုပ်ဆောင်နေကာ ဖရက်ဒ်က ဆက်နေဖြစ်ရင်တောင် နေရာရဖို့ ခက်နိုင်တာဖြစ်ပါတယ်။
(Read More နှိပ်ပြီး သတင်းကို အဆုံးထိ ဆက်လက် ဖတ်ရှုနိုင်ပါတယ်။)

တယ်လီဂရက်ဖ်သတင်းဌာနကတော့ ယူနိုက်တက်ဟာ ဖရက်ဒ်အတွက် တန်ကြေးကို ပေါင်သန်း ၂၀ သတ်မှတ်ထားတယ်လို့ ဖော်ပြခဲ့ပါတယ်။
ဖူလ်ဟမ်က ဘရာဇီးသားကိုစိတ်ဝင်စားနေပေမယ့် အဆိုပါတန်ကြေးမျိုးပေးချေဖို့ အလိုမရပါဘူး။ ဖရက်ဒ်ဟာ မေလတုန်းက ဖူလ်ဟမ်နည်းပြ မာကိုဆေးလ်ဗားနဲ့ စကားပြောဖြစ်ခဲ့သေးတာ ဖြစ်ပါတယ်။
ဖရက်ဒ်ဟာ ၂၀၁၈ တုန်းက ရှက်တာအသင်းထံကနေ ပေါင် ၄၇ သန်းနဲ့ ယူနိုက်တက်ထံ ပြောင်းလာခဲ့တာဖြစ်ပြီး ၂၁၃ ပွဲအထိ ပါဝင်ကစားပေးထားခဲ့ပါတယ်။
အခြားတစ်ဖက်မှာလည်း တိုမီနေးလ်ကိုပါ ရောင်းချဖို့ ပြင်ဆင်နေကာ ဖရက်ဒ်ထက်တော့ စာချုပ်သက်တမ်းက ၂၀၂၅ အထိ ကျန်ရှိနေတာဖြစ်ပါတယ်။ ဒါ့အပြင် ယူနိုက်တက်ဟာ မက်ဂွါရီ ၊ မာရှယ် ၊ ဘိုင်လီ ၊ တယ်လက်စ် ၊ အီလန်ဂါတို့ကိုပါ ရောင်းချချင်နေပါတယ်။