မောင့် အတွက် တတိယနဲ့ နောက်ဆုံး ကမ်းလှမ်းမှု၊ ပေါင် ၈၅ သန်း တန် တိုက်စစ် ပစ်မှတ်၊ ကိန်း၊ ဟာ့ဂျ်လန်းတို့နဲ့ မန်ယူ သတင်းထူးများ

မန်ချက်စတာ ယူနိုက်တက်ဟာ ချယ်ဆီးကွင်းလယ်လူ မေဆန်မောင့်အတွက် တတိယမြောက် ကမ်းလှမ်းမှု ပြုလုပ်သွားဖို့ ပြင်ဆင်နေပါတယ်။

ချယ်ဆီးဘက်က ပေါင် ၆၅ သန်း တောင်းဆိုထားတဲ့ မောင့်အတွက် ယူနိုက်တက် နောက်ဆုံးပေးခဲ့တာဟာ ပေါင် သန်း ၅၀ ဖြစ်ပြီး တတိယအကြိမ်နဲ့ နောက်ဆုံး ကမ်းလှမ်းမှု အဖြစ် မန်ယူက ၅၅ သန်း + ထပ်ဆောင်းကြေးနဲ့ ပြုလုပ်မယ် လို့ သိရပါတယ်။

(Read More နှိပ်ပြီး သတင်းကို အဆုံးထိ ဆက်လက် ဖတ်ရှုနိုင်ပါတယ်။)

ယူနိုက်တက်ဟာ ဝက်စ်ဟမ်း အသင်းခေါင်းဆောင် ဒီကလန်ရိုက်စ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေဆဲ ဖြစ်ပါတယ်။ ကနဦး ဆွေးနွေးမှုတွေ ရှိခဲ့ပေမယ့် ဒီနွေမှာရမယ့် အသုံးစရိတ် အကန့်အသတ်ကြောင့် ရိုက်စ်ကို လက်မှတ်ထိုးနိုင်ဖို့ ခက်ခဲပါတယ်။

ဖူလ်ဟမ်အသင်းဟာ ကွင်းလယ်လူသစ် ရှာဖွေနေပြီး ယူနိုက်တက် ကစားသမား ဖရတ်ကို သဘောကျပေမယ့်လို့ ဘရာဇီးသားအတွက် ပေါင် သန်း ၂၀ ပေးရဖို့ဟာ သူတို့အသင်းအတွက် များလွန်းနေပါတယ်။

မန်ချက်စတာ ယူနိုက်တက်ဟာ စပါးတိုက်စစ်မှူး ဟယ်ရီကိန်းကို အခုချိန်ထိ ဦးစားပေး အဖြစ် ရွေးချယ်ထားဆဲပါ။ ဒါပေမယ့် လီဗိုင်းရဲ့ တင်းမာတဲ့ ဈေးတောင်းဆိုမှုကြောင့် အပြောင်းအရွှေ့ ဖြစ်မြောက်ရေး လမ်းစလည်း မတွေ့သေးပါဘူး။

ဖရန့်ဖတ် တိုက်စစ်မှူး ကိုလို မူအာနီကို ခေါ်ယူဖို့ ယူနိုက်တက်နဲ့ ဘိုင်ယန်မြူးနစ်တို့က ရေပန်းအစားဆုံး ဖြစ်ပေမယ့်လို့ ပေါင် ၈၅ သန်း မပေးပါဘဲ အပြောင်းအရွှေ့ ဖြစ်မလာနိုင်ပါဘူး။

မန်ချက်စတာ ယူနိုက်တက်ဟာ အတ္တလန်တာ တိုက်စစ်မှူး ဟာ့ဂျ်လန်းကို ခေါ်ယူလိုရင် ပြောင်းရွှေ့ကြေး ပေါင် ၈၆ သန်း ကျသင့်မှာဖြစ်ပြီး နာပိုလီ တိုက်စစ်မှူး အိုဆင်ဟမ်ကို ခေါ်လိုရင်တော့ ပေါင် ၁၂၀ သန်း ကျသင့်မှာဖြစ်ပါတယ်။

မန်ယူနည်းပြ တန်ဟက်ကတော့ ဂလေဇာ မိသားစုရဲ့ ပိုင်ရှင် အပြောင်းအလဲ ဆုံးဖြတ်ချက် နှောင့်နှေးနေတာကြောင့် ကစားသမား ခေါ်ယူမှုတွေပါ ကြာနေတဲ့ အတွက် အမျက်ထွက်နေပါတယ်။