ဈေးကောင်းရမယ့် သူများ၊ အင်္ဂလန် နောက်ခံလူသစ်၊ အိုဆင်ဟမ်အတွက် ပြိုင်ဘက်နဲ့ မန်ယူ အပြောင်းအရွှေ့ သတင်းထူးများ
ယူနိုက်တက် အနေနဲ့ တိုက်စစ်ပိုင်းအတွက် ရီးရဲလ်မက်ဒရစ်အသင်းတွင် ပွဲထွက်ကစားခွင့် မရေမရာဖြစ်လာတဲ့ ကွင်းလယ်ကစားသမား ချူအာမန်နီကို ခေါ်ယူသင့်တဲ့အကြောင်း သရဲနီဟောင်းကြီး ရီယို ဖာဒီနန်က အကြံပြု တိုက်တွန်းလိုက်ပါတယ်။
မန်ချက်စတာ ယူနိုက်တက်ဟာ ချန်ပီယံရှစ်ကလပ် ဝက်ဖို့ဒ်အသင်းထံမှ အင်္ဂလန်သား အစွန်နောက်ခံလူ လူငယ်လေး ဟယ်ရီ အေမက်စ် ကို ခေါ်ယူဖို့ သဘောတူညီမှု ရသွားခဲ့ပြီ ဖြစ်ကာ ၄နှစ် စာချုပ် ချုပ်ဆိုမှာ ဖြစ်ပါတယ်။
နည်းပြ တန်ဟက်က လက်ရှိ မန်ယူ အသင်းသား ၁၂ ဦး ထိ ကို ရှင်းထုတ်ပြီး ပေါင် သန်း ၂၅၀ လောက် ငွေရှာလိုနေပါတယ်။ ထိုထဲမှာ မာရှယ်နဲ့ ဆန်ချို တို့က ဈေးကောင်းရမယ်လို့ တန်ဟက် က မျှော်လင့်ထားပါတယ်။
မန်ချက်စတာယူနိုက်တက်အသင်းက ပြီးခဲ့တဲ့နှစ်ဘောလုံးရာသီအတွင်း ဆန်ဒါးလန်းအသင်းနဲ့အတူ တောက်ပခဲ့တဲ့ တောင်ပံကစားသမား ဒီယာလိုရဲ့ အနာဂတ်အတွက် လာမယ့်သတင်းပတ်အတွင်းမှာ ထုတ်ပြန်လာဖွယ်ရှိနေပါတယ်။
ကစားသမားက ယူနိုက်တက်အသင်းကြီးတွင် ကစားခွင့်ရရန်အတွက် မျှော်လင့်နေပေမဲ့ နည်းပြ တန်ဟတ်ရဲ့ ရွေးချယ်မှုအပေါ်တွင်သာ မူတည်နေပါတယ်။ အငှားချမယ်ဆိုပါက ဒီယာလို က ဆန်းဒါးလန်း သို့ဉာ ထပ်သွားလိုနေပါတယ်။
နာပိုလီ တိုက်စစ် ကြယ်ပွင့် အိုဆင်ဟမ် ကို ခေါ်ယူဖို့ စိတ်ဝင်စားတဲ့ ကလပ်တွေထဲမှာ နောက်ဆုံး ပါဝင်လာတာက လီဗာပူး အသင်း ဖြစ်ပါတယ်။ ၎င်းကို ပီအက်စ်ဂျီနဲ့ မန်ချက်စတာ ယူနိုက်တက် တို့က ချိတ်ဆက်နေတာပါ။
ဆောက်သမ်တန် ကြယ်ပွင့် လာဗီယာ ကို ခေါ်ယူဖို့ လီဗာပူးအသင်းက ဆက်သွယ် မေးမြန်းလာပါတယ်။ ၎င်းကို ခေါ်ယူဖို့ အာဆင်နယ် ကြိုးစားနေတာ ၁၅ ရက်တာ ရှိပေမယ့် ကမ်းလှမ်းမှု မပြုလုပ်သေးပါဘူး။ ယူနိုက်တက်နဲ့ ချယ်ဆီးတို့ကလည်း အခြေအနေကို စောင့်ကြည့်နေပါတယ်။