မန်ယူ ကစားပုံကြည့်ပြီး စိတ်ကုန်လက်ကုန် လက်မြှောက်သွားတဲ့ သရဲနီဟောင်းကြီး ရွိုင်ကိန်း

မန်ချက်စတာ ယူနိုက်တက် အသင်းခေါင်းဆောင်ဟောင်းကြီး ရွိုင်ကိန်းက မန်ချက်စတာဒါဘီမှာ အသင်းရဲ့ ပထမပိုင်းကစားပုံအပေါ် ပြင်းပြင်းထန်ထန် ဝေဖန်ပြစ်တင်သွားခဲ့ပါတယ်။ ဒီပွဲမှာ မန်ယူတို့ အိမ်ရှင်ဖြစ်ပေမယ့် ပထမပိုင်းမှာတင် မြို့ခံပြိုင်ဘက်ကို (၂) ဂိုးပြတ်နဲ့ ရှုံးနေခဲ့တာပါ။

ပွဲကစားချိန် (၆) မိနစ်မှာတင် မန်စီးတီးအတွက် ယူနိုက်တက်နောက်ခံလူ အဲရစ် ဘိုင်လီက ကိုယ့် ဂိုး ကိုယ် သွင်းမိခဲ့တာဖြစ်ပြီး ပထမပိုင်းပြီးခါနီးမှာ လုခ်ရှောရဲ့အမှားကတစ်ဆင့်ပဲ ဘာနာဒိုဆေးလ်ဗားက သွင်းယူခဲ့တာပါ။

မန်စီးတီးအနေနဲ့ ပထမပိုင်းမှာ ယူနိုက်တက်ဂိုးပေါက်ကို အကြိမ်ကြိမ် ခြိမ်းခြောက်ခဲ့ပြီး ဒီဂီယာသာ လက်စွမ်းမပြခဲ့ရင် အခုထက် ဂိုးပိုပြတ်သွားနိုင်ပါတယ်။

မန်ယူရဲ့ ဆိုးဝါးလှတဲ့ စွမ်းဆောင်ရည်နဲ့ ပတ်သတ်ပြီး ရွိုင်ကိန်းက “ဒီလူတွေက နိုင်ငံ လက်ရွေးစင် အဆင့်တဲ့လား? သူတို့ ခံစစ်ကို ဘယ်လိုကစားနေတာလဲ? ကျွန်တော် နားကို မလည်နိုင်တော့ဘူးဗျာ၊ သူတို့ကို လက်ပါမြှောက်ပါတယ်။ ယူနိုက်တက်က ဒီပွဲမှာ အခွင့်အရေးရတယ်ဆိုရင် အဲ့ဒါ သူတို့ အိမ်ပြန်ရောက်မှပဲ ဖြစ်ရင်ဖြစ်လိမ့်မယ်”

“တစ်ရာသီလုံး သူတို့ ဒီအတိုင်းပဲ။ အခွင့်အရေးတွေကို အမြဲတမ်းလွှင့်ပစ်နေကျပဲ။ မန်စီးတီးက တစ်ဂိုး၊ နှစ်ဂိုးလောက်နဲ့ ကျေနပ်မယ်မထင်ဘူး။ လောလောဆယ် နှစ်ဂိုးရှိပြီ။ ယူနိုက်တက်သာ အချိုးမပြေရင် နောက်ထပ် လေး ငါး ဂိုးလောက် ထပ် သွင်းသွားပါလိမ့်မယ်” လို့ ပြောဆိုခဲ့တာပါ။

ယူနိုက်တက်ဟာ ပထမပိုင်းစွမ်းဆောင်ရည်ကြောင့် လှောင်ပြောင်ခံခဲ့ရပြီး ဒုတိယပိုင်းမှာတော့ မန်စီးတီး ဘက်က သိသိသာသာ ကစားအားချလိုက်တာကြောင့် သွင်းဂိုးတွေ ထပ်မံမမြင်တွေ့ရတော့ဘဲ မန်စီးတီးက (၂) ဂိုးပြတ်နဲ့သာ အနိုင်ရရှိသွားခဲ့ပါတယ်။

ZG

မန္ခ်က္စတာ ယူႏိုက္တက္ အသင္းေခါင္းေဆာင္ေဟာင္းႀကီး ႐ြိဳင္ကိန္းက မန္ခ်က္စတာဒါဘီမွာ အသင္းရဲ႕ ပထမပိုင္းကစားပုံအေပၚ ျပင္းျပင္းထန္ထန္ ေဝဖန္ျပစ္တင္သြားခဲ့ပါတယ္။ ဒီပြဲမွာ မန္ယူတို႔ အိမ္ရွင္ျဖစ္ေပမယ့္ ပထမပိုင္းမွာတင္ ၿမိဳ႕ခံၿပိဳင္ဘက္ကို (၂) ဂိုးျပတ္နဲ႔ ရႈံးေနခဲ့တာပါ။

ပြဲကစားခ်ိန္ (၆) မိနစ္မွာတင္ မန္စီးတီးအတြက္ ယူႏိုက္တက္ေနာက္ခံလူ အဲရစ္ ဘိုင္လီက ကိုယ့္ ဂိုး ကိုယ္ သြင္းမိခဲ့တာျဖစ္ၿပီး ပထမပိုင္းၿပီးခါနီးမွာ လုခ္ေရွာရဲ႕အမွားကတစ္ဆင့္ပဲ ဘာနာဒိုေဆးလ္ဗားက သြင္းယူခဲ့တာပါ။

မန္စီးတီးအေနနဲ႔ ပထမပိုင္းမွာ ယူႏိုက္တက္ဂိုးေပါက္ကို အႀကိမ္ႀကိမ္ ၿခိမ္းေျခာက္ခဲ့ၿပီး ဒီဂီယာသာ လက္စြမ္းမျပခဲ့ရင္ အခုထက္ ဂိုးပိုျပတ္သြားႏိုင္ပါတယ္။

မန္ယူရဲ႕ ဆိုးဝါးလွတဲ့ စြမ္းေဆာင္ရည္နဲ႕ ပတ္သတ္ျပီး ႐ြိဳင္ကိန္းက “ဒီလူေတြက ႏိုင္ငံ လက္ေ႐ြးစင္ အဆင့္တဲ့လား? သူတို႔ ခံစစ္ကို ဘယ္လိုကစားေနတာလဲ? ကြၽန္ေတာ္ နားကို မလည္ႏိုင္ေတာ့ဘူးဗ်ာ၊ သူတို႔ကို လက္ပါေျမွာက္ပါတယ္။ ယူႏိုက္တက္က ဒီပြဲမွာ အခြင့္အေရးရတယ္ဆိုရင္ အဲ့ဒါ သူတို႔ အိမ္ျပန္ေရာက္မွပဲ ျဖစ္ရင္ျဖစ္လိမ့္မယ္”

“တစ္ရာသီလုံး သူတို႔ ဒီအတိုင္းပဲ။ အခြင့္အေရးေတြကို အၿမဲတမ္းလႊင့္ပစ္ေနက်ပဲ။ မန္စီးတီးက တစ္ဂိုး၊ ႏွစ္ဂိုးေလာက္နဲ႔ ေက်နပ္မယ္မထင္ဘူး။ ေလာေလာဆယ္ ႏွစ္ဂိုးရွိၿပီ။ ယူႏိုက္တက္သာ အခ်ိဳးမေျပရင္ ေနာက္ထပ္ ေလး ငါး ဂိုးေလာက္ ထပ္ သြင္းသြားပါလိမ့္မယ္” လို႔ ေျပာဆိုခဲ့တာပါ။

ယူႏိုက္တက္ဟာ ပထမပိုင္းစြမ္းေဆာင္ရည္ေၾကာင့္ ေလွာင္ေျပာင္ခံခဲ့ရၿပီး ဒုတိယပိုင္းမွာေတာ့ မန္စီးတီး ဘက္က သိသိသာသာ ကစားအားခ်လိုက္တာေၾကာင့္ သြင္းဂိုးေတြ ထပ္မံမျမင္ေတြ႕ရေတာ့ဘဲ မန္စီးတီးက (၂) ဂိုးျပတ္နဲ႔သာ အႏိုင္ရရွိသြားခဲ့ပါတယ္။