ဒီနွေ မန်ချက်စတာ ယူနိုက်တက်ရဲ့ ပထမဆုံး ကစားသမား ခေါ်ယူမှု တရားဝင် မိတ်ဆက် ကြေငြာပါတော့မယ်

နောက်ဆုံးတော့ မန်ချက်စတာ ယူနိုက်တက်ရဲ့ ဒီနွေ နာမည်ကြီး ခေါ်ယူမှု အောင်မြင်စွာ အပြီးသတ်နိုင်တော့မှာပါ။ မေဆန်မောင့်အတွက် မန်ယူနဲ့ချဲလ်ဆီးတို့ကြား သဘောတူညီမှုရခဲ့ပြီဖြစ်လို့ အင်္ဂလန် ကွင်းလယ်လူဟာ ဆေးစစ်မှု ခံယူတော့မှာပါ။

မေဆန်မောင့်အတွက် မန်ယူနဲ့ ချဲလ်ဆီးတို့ကြား သဘောတူညီမှုရခဲ့တာကို နာမည်ကြီး အပြောင်းအရွှေ့ ကျွမ်းကျင်သူ ဂျာနယ်လစ်ရိုမာနိုနဲ့ မှန်ကန်တဲ့ အပြောင်းအရွှေ့သတင်းတွေပဲ တင်ဆက်တဲ့ The Athletic သတင်းဌာနက ဂျာနယ်လစ် ဒေးဗစ်အော်စတိန်းတို့က အတည်ပြုခဲ့ပါတယ်။

(Read More နှိပ်ပြီး သတင်းကို အဆုံးထိ ဆက်လက် ဖတ်ရှုနိုင်ပါတယ်။)

ဒါကြောင့် ၂၄ နှစ်အရွယ် ကစားသမားဟာ ဒီနွေရာသီမှာ မန်ယူရဲ့ပထမဆုံးခေါ်ယူမှုဖြစ်လာမှာပါ။ ချဲလ်ဆီးဟာ ယူနိုက်တက်ရဲ့ပထမကမ်းလှမ်းမှု ၃ ကြိမ်ကို ပယ်ချခဲ့ပါသေးတယ်။ ဒါပေမဲ့ အခုသီတင်းပတ်ထဲမှာပဲ နှစ်သင်းကြား ဆွေးနွေးမှုပြန်စခဲ့ပြီး အခုလို သဘောတူညီမှု ရခဲ့တာပါ။

ချဲလ်ဆီးကတော့ အသင်းရဲ့အဓိက ကစားသမားတစ်ယောက်ဖြစ်တဲ့ မေဆန်မောင့်ကို မဆုံးရှုံးချင်ပေမယ့် စာချုပ်သစ် သဘောတူညီမှု မရခဲ့လို့ မန်ယူဆီက အတတ်နိုင်ဆုံး ဈေးအမြင့်ဆုံးရအောင်ခေါ်ပြီး ရောင်းချခဲ့တာ ဖြစ်ပါတယ်။

ကနဦးပြောင်းရွှေ့ကြေးက ပေါင် ၅၅ သန်းဖြစ်ပြီး ထပ်ဆောင်းကြေးက ၅ သန်းဖြစ်ကာ စုစုပေါင်း ပေါင်သန်း ၆၀ နဲ့ပါ။ ချဲလ်ဆီးဟာ စာချုပ်သက်တမ်း တစ်နှစ်သာကျန်တော့တဲ့ကစားသမားကို အဲဒီလောက်ဈေးရအောင် လုပ်နိုင်ခဲ့တာ ဖြစ်ပါတယ်။

မေဆန်မောင့်ဟာ ၂၀၁၉ မှာ အသင်းကြီးပွဲဦးထွက်ခွင့်ရခဲ့ပြီးကတည်းက ချဲလ်ဆီးအတွက် ၁၉၅ ပွဲမှာ ၃၃ ဂိုး သွင်းပေးထားတာပါ။ သူဟာ ဒီနွေရာသီ အပြောင်းအရွှေ့မှာ မန်ယူနည်းပြ တန်ဟက်ရဲ့ ဦးစားပေး ပစ်မှတ်ဖြစ်ခဲ့ပါတယ်။