မန်ယူ ကစားသမား ၆ ယောက်ထိ စာချုပ်ကုန်ပြီး ဒီနေ့မှာ အလွတ်နဲ့ ထွက်ခွာခွင့် ရရှိသွားပါပြီ
မနေ့က ဇွန်လ ၃၀ ရက်နေ့ဟာ ကလပ်မှာရှိတဲ့ ကစားသမားအချို့ရဲ့ စာချုပ်သက်တမ်း နောက်ဆုံးရက်ဖြစ်ပြီး ဒီနေ့မှာတော့ ပရီးမီးယားလိဂ်အသင်းကြီး ၃ သင်းဟာ အလွတ်ထွက်ခွာနိုင်တဲ့ ကစားသမားစာရင်းကို ကြေညာခဲ့ကြရာ မန်ယူ အသင်းသာ ၆ ယောက် ပါဝင်ပါတယ်။
မန်ချက်စတာ ယူနိုက်တက်က စာချုပ်သက်တမ်း ကုန်ကြောင်းကြေညာတဲ့ ကစားသမားတွေကတော့ ဖီးလ်ဂျုံးစ်၊ ဒီဂီယာ၊ တူအန်ဇီဘီ၊ ဂယ်ဘရိတ်၊ ချာလီဝယ်လန်နဲ့ ဘားနတ်တို့ ဖြစ်ပါတယ်။
(Read More နှိပ်ပြီး သတင်းကို အဆုံးထိ ဆက်လက် ဖတ်ရှုနိုင်ပါတယ်။)

အဲဒီထဲမှာ နောက်ဆုံး ၃ ယောက်က လူငယ်နဲ့အကယ်ဒမီအသင်းတွေမှာ မကစားရသလောက် ဖြစ်ပါတယ်။ အကယ်ဒမီ ထွက် တစ်ယောက်ဖြစ်တဲ့ တူအန်ဇီဘီကတော့ ပြီးခဲ့တဲ့နှစ်ရာသီကြိုမှာ ပါခဲ့သေးပေမယ့် ဗဟိုခံစစ်နေရာမှာ ဝင်မတိုးနိုင်လို့ အခုလို ထွက်ခွာခဲ့ရတာပါ။
ဂိုးသမား ဒီဂီယာကတော့ လက်ထပ်ပွဲကြောင့် နားရက် ယူနေပြီး စာချုပ်သစ်ကိစ္စကို ဆွေးနွေးခြင်း မရှိတာကြောင့် စာချုပ်ကုန်သွားတာ ဖြစ်ကာ ဆက်ခေါ်ထားဖွယ် ရှိနေပါသေးတယ်။
လက်ရှိချန်ပီယံ မန်စီးတီးအသင်းကနေ အလွတ်ထွက်ခွာသွားတဲ့ ကစားသမား ၄ ယောက်ကတော့ ဂန်ဒိုဂန်၊ မန်ဒီ၊ အက်ယီမန်နဲ့ မက်ဒေါ်နယ်တို့ပါ။ ဂန်ဒိုဂန်က ဘာစီလိုနာကိုပြောင်းသွားပြီး မန်ဒီကတော့ မုဒိမ်းမှုတွေနဲ့ တရား ရင်ဆိုင်နေရကာ အက်ယီမန်နဲ့ မက်ဒေါ်နယ်တို့ကတာ့ အသင်းရဲ့ အကယ်ဒမီထွက်တွေ ဖြစ်ပါတယ်။
စာချုပ်သက်တမ်းကုန်ကြောင်း လီဗာပူးက ကြေညာတဲ့ကစားသမား စာရင်းကတော့ ပွဲထွက်တစ်သင်းစာနီးပါးဖြစ်ပါတယ်။ အဲဒီထဲမှာ အသင်းရဲ့အောင်မြင်တဲ့ခေတ်တစ်ခေတ်မှာ ပါဝင်ခဲ့ကြတဲ့ ဂျိမ်းစ်မီလ်နာ၊ ဖာမီနို၊ နဘီကီတာနဲ့ ချိန်ဘာလိန်တု့ိပါဝင်တာပါ။
ကျန်တာကတော့ အကယ်ဒမီကြယ်ပွင့်တွေဖြစ်ပြီး ဂျက်ဘန်း၊ လီယန်ဟုချ်၊ ဟေးယက်စ်ဂရင်း၊ ကယ်လီ၊ အိုရော်ကီ၊ အိုလွန်ဖန်ဝါနဲ့ အီယန်ရောဘတ်တို့ ဖြစ်ပါတယ်။
နည်းပြ ကလော့ပ်ဟာ ပြီးခဲ့တဲ့ရာသီပရီးမီးယားလိဂ်မှာ အဆင့် ၅ သာရခဲ့တဲ့အသင်းကို များစွာ အပြောင်းအလဲ လုပ်နေတာပါ။